ကုလုံမိတ်ဆက် (အကျဉ်း)…
စာရေးဆရာ ကုလုံ၏ နာမည်ရင်းမှာ ရှောင်းယို့ဟွာဖြစ်ပြီး ၁၉၃၈ ခုနှစ်တွင် ဟောင်ကောင်၌မွေးဖွားခံခဲ့ပါသည်။ တရုတ်ပြည်မကြီးရှိ ကျန်းစီးနယ်တွင် ကြီးပြင်းခဲ့ပြီး တိုင်ဝမ်သို့ ၁၉၅၂ခုနှစ်တွင် မိဘများနှင့်အတူ ပြောင်းရွှေ့ခဲ့ပါသည်။
ငယ်စဉ်ကတည်းက စာဖတ်ဝါသနာကြီးပြီး နာမည်ကျော်စာရေးဆရာများဖြစ်သည့် ယိုရှီကာဝါအီဂျီ၊ အားနက်စ်ဟဲမင်းဝေး၊ ဂျက်လန်ဒန်နှင့် ဂျွန်စတိုင်းဘက်တို့၏ စာပေဩဇာ သက်ရောက်ခံခဲ့ရပါသည်။ ထို့အတူ အနောက်တိုင်း ဒဿနများ၏လွှမ်းမိုးမှုကိုလည်း ခံခဲ့ရသေး၏။ ထို့ကြောင့်ပင် သူ၏ဝတ္တုများသည် စုံထောက်ဆန်ဆန်၊ လျှို့ဝှက်သည်းဖိုမှုများပြည့်နှက်နေပြီး လူ့ဘ၀၏ လေးနက်သော ဒဿနများစွာ ပါဝင် ခင်းဖွဲ့လေ့ရှိ၏။
နှစ်ချို့ကော့ညက်အရက်ကို စွဲလန်းတတ်ပြီး အရက်ကြောင့် သူ၏ စာပေများ အောင်မြင်ခဲ့သလို အရက်ကြောင့်ပင် သေဆုံးခဲ့ရ၏။ ကုလုံ၏ဘဝတွင် မိန်းမချောများ နောက်ကွယ်မှ ပါဝင်နေလေ့ရှိ၏။ တရားဝင် အိမ်ထောင် ၂ ဆက်ကျခဲ့ပြီး အတူတူနေ ချစ်သူ ၂ ယောက်ရှိခဲ့၏။ ပထမချစ်သူနှင့် သားတစ်ယောက်၊ ဒုတိယချစ်သူ နှင့် သားတစ်ယောက်၊ ပထမတရားဝင်ဇနီးနှင့် သားတစ်ယောက်၊ စုစုပေါင်း သား ၃ ယောက်ရရှိခဲ့၏။ သူ၏ဘေးနားတွင် မိန်းမချောများ ဝိုင်းဝိုင်းလည်နေခဲ့သလို ယောက်ျားလေး သူငယ်ချင်းများစွာလည်း ရှိခဲ့၏။ သူသည် သူငယ်ချင်း မိတ်ဆွေများအပေါ် လွန်စွာမှ သံယောဇဉ်ကြီးခဲ့သော်လည်း သူ၏မိတ်ဆွေအများစုက သူ့အပေါ် နားမလည်ပေးခဲ့ကြချေ။
ကုလုံသည် သိုင်းစာစဉ်များကို တခေတ်ဆန်းအောင် စွန့်ဦးတီထွင် ရေးသားခဲ့သူဖြစ်သည်။ သူ၏ရေးဟန်မှာ ခေတ်ပြိုင်စာရေးဆရာများ၏ ရေးဟန်များမှ မူကွဲထွက်လာခဲ့သော ရေးနည်းရေးဟန်သစ်ဖြစ်၏။
ခေတ်ပြိုင်သိုင်းစာရေးဆရာများဖြစ်ကြသော ကျင်းယုံ(လူးဝစ်ချား)နှင့် လျန်းယုရှန်တို့သည် ရှေးနည်းဟောင်းများအတိုင်း သမိုင်းကြောင်း အထောက်အထားများ... ယဉ်ကျေးမှု… အတွေးအခေါ်များကို ကြီးကျယ်ခန်းနားစွာ ဇာတ်အိမ်ဖွဲ့ပြီး ရေးသားတတ်ကြသော်လည်း ကုလုံကမူ ဂျပန်နှင့် အနောက်တိုင်းစာပေများ၏ လွှမ်းမိုးမှုအရ ခေတ်ဆန်ဆန် လျှို့ဝှက်သည်းဖို ဇာတ်လမ်းများကို ဇာတ် အိမ်ဖွဲ့ရေးသားတတ်၏။
ဂျိမ်းစ်ဘွန်း ၀၀၇ ဇာတ်လမ်းများနှင့် ဂေါ့ဒ်ဖားသား ဇာတ်လမ်းတွဲများသည် ကုလုံ၏ စာရေးဟန်ကို အတော်လေး လွှမ်းမိုးထားခဲ့သည်။ ဂျပန်စာရေးဆရာ ယိုရှီကာဝါအိဂျိ၏ မီယာမိုတိုမူဆာရှီ ဇာတ်လမ်းကပြောသော “ဓားတစ်ချက်ဖြင့် လူ့ဘဝကိုနားလည်ခြင်း” ဆိုသော စာသားသည် ကုလုံကို ဖမ်းစားနိုင်ခဲ့လေသည်။
ကုလုံ၏ အကျော်ကြားဆုံး ဇာတ်ကောင်များဖြစ်ကြသော ချူလောင်ရှန်း၊ လုရှောင်ဖုန်း၊ ရှန်လန်း၊ လီဆွန်းဟွာတို့သည် သိုင်း ကျမ်းကျင့်… ဆေးစားပြီး တဟုန်ထိုး သိုင်းပညာရပ်များ တိုးတက်လာခဲ့သော ဇာတ်ကောင်များ မဟုတ်ကြချေ။ တစ်စုံတစ်ရပ်သော ပညာရပ်ကို စိုက်စိုက်မတ်မတ် ပြင်းထန်စွာ လေ့ကျင့်ခဲ့သောကြောင့်သာ အောင်မြင်ကျော်ကြားသော သူရဲကောင်းများ ဖြစ်လာခဲ့ကြခြင်းပင်။
ကုလုံ၏ဝတ္ထုများတွင် ရှည်လျားထွေပြားသော ချခန်းများ သိပ်မပါတတ်ဘဲ ဓားတစ်ချက် လက်သီးတစ်ချက်ဖြင့် လျင်မြန်စွာ ပွဲသိမ်းသွားတတ်သည်။
အစပိုင်းတွင် ဤရေးနည်းရေးဟန်များကြောင့် အားပေးသူ ပရိသတ်နည်းပါးခဲ့သော်လည်း နောက်ပိုင်းတွင် တဟုန်ထိုး အောင်မြင်ကျော်ကြားခဲ့ပြီး မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့၏။ ၁၉၆၄ မှ ၁၉၈၀ ဝန်း ကျင်လောက်သည် ကုလုံ၏ အအောင်မြင်ဆုံး အချိန်ကာလများဟု ဆိုနိုင်ပေသည်။
သိုင်းဝတ္ထုများကို ၁၉၆ဝခုနှစ်မှ စတင်ရေးသားခဲ့ပြီး မသေဆုံးခင် ၁၉၈၀ ကျော်ခုနှစ်များအထိ ဆက်တိုက်ပင် ရေးသားခဲ့သည်။ ၁၉၈၅ခု စက်တင်ဘာလ ၂၁ ရက်နေ့တွင် အသည်းခြောက်ရောဂါဖြင့် တိုင်ဝမ်၌ ဆုံးပါးခဲ့၏။
သူ့စာဖတ်ပရိသတ်များကို နောက်ဆုံးပြောခဲ့သော စကားတစ်ခွန်းမှာ- “ကလောင်တစ်ချောင်းကိုင်ပြီး အရာရာကို ကျနော် ပိုင်ဆိုင်နိုင်ခဲ့တယ်။ ကျနော် မပိုင်ဆိုင်သင့်တဲ့ အရာကိုတောင်မှ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ အထီးကျန်မှုပါပဲ…”
ကုလုံသေဆုံးချိန်၌ ခေတ်ပြိုင်စာရေးဆရာ တစ်ယောက်ဖြစ်သူ နိကောင်းက ပြောခဲ့သည်မှာ- “လူသားကမ္ဘာထဲမှာ ကုလုံမရှိတော့ပေမဲ့ နှလုံးသား တွေထဲမှာတော့ အစဉ်ရှိနေမှာပါ…”
x x x x x
‘အကြင်နာဓားရှင်၊ကရုဏာမဲ့ဓား’ စာစဉ်မိတ်ဆက်...
ဓားပျံစာစဉ်၏အစသည် ဝူလင်ဝေ့ရှီ (သိုင်းလောက၏ လွမ်းမောဖွယ်ဇာတ်လမ်း) ဟု ယူဆ၍ရ၏။ သူရဲကောင်း ရှန်လန်း အောင်မြင် ကျော်ကြားခဲ့စဉ်အချိန်တုန်းက လီဆွန်းဟွာသည် ကလေးဘ၀၌ပင်ရှိနေသေး၏။ ဓားသမား အားဖေသည် ရှန်လန်း၏မျိုးဆက်ဟု ခပ်ရေးရေး ဖော်ပြထား၏။ ထို့ကြောင့်အားဖေ၏ မိခင်သည် ရှန်လန်း၏ တရားဝင်ချစ်သူ ကျူးချီချီမဖြစ်နိုင်၊ ပိုင်ဖေ့ဖေ့ပင်ဖြစ်ရမည်ဟု ကျနော်ယူဆမိပါသည်။
အကြင်နာဓားရှင်၊ ကရုဏာမဲ့ဓားတွင် စာအုပ် ၄ တွဲရှိပြီး အခန်းပေါင်း (၈၉) ခန်းပါဝင်၏။ မူလစာအုပ်နာမည်သည် ဖုန်းယွန်တိယိတောဝ့် (တိမ်လွှာထဲကပထမဓား) ဖြစ်သော်ငြားလည်း အကြင်နာဓားရှင်၊ ကရုဏာမဲ့ဓား နာမည်ဖြင့်သာ လူသိများ၏။ ဤစာအုပ်သည် ကုလုံ၏ အကောင်းဆုံးလက်ရာဟု ဆိုနိုင်လေသည်။ ရှောင်းလီဓားပျံ ဟုလည်း ကျော်ကြား၏။ ၁၉၇ဝခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။
ဓားပျံစာစဉ် ဒုတိယပိုင်းသည် “နယ်ခြားမြို့မှလေလွင့်ရွက်ဝါ” ဖြစ်ပြီး လီဆွန်းဟွာ၏ တပည့်ဖြစ်သူ ရဲ့ခိုင် နှင့် အားဖေကဲ့သို့သော ဓားသမား ဖူဟောင်ရွှယ် တို့ နှစ်ယောက်အကြောင်းဖြစ်၏။ အခန်းပေါင်း (၄၅) ခန်းပါရှိပြီး ၃အုပ်တွဲ စာစဉ်ဖြစ်၏။ ထူးဆန်းစွာပင် ဤဝတ္ထုကို ၁၉၇၆ ခုနှစ်၊ (၂နှစ်အကြာ) ဓားပျံစာစဉ် တတိယပိုင်းကို ရေးသားထုတ်ဝေခဲ့အပြီး၌ ရေးသားခဲ့သည်။
ဓားပျံစာစဉ် တတိယပိုင်းသည် “၉လပိုင်း၌ပျံသန်းသောသိမ်းငှက်” ဖြစ်ပြီး ရဲ့ခိုင် နှင့် လီဆွန်းဟွာ၏ အဓိကပြိုင်ဘက်ဖြစ်ခဲ့သော စန့်ကွမ်းကျင်းဟုန် နှင့် လင်ရှန်းအာတို့ရခဲ့သောသမီး စန့်ကွမ်းရှောင်းရှန် တို့နှစ်ယောက်၏ အားစမ်းပွဲဖြစ်၏။ ကုလုံသည် ဤစာစဉ် များတွင် ရဲ့ခိုင်၏ ဇာတ်ကောင်ကို အားကျစရာ၊ ခင်မင်စရာကောင်းသူ၊ သိုင်းပညာအစွမ်းထက်သူ တစ်ယောက်အဖြစ် ပီပီပြင်ပြင် သရုပ် ဖော်ထားခဲ့၏။ ၁၉၇၄ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ အခန်းပေါင်း (၃၅) ခန်းပါရှိပြီး ၃ အုပ်တွဲ စာစဉ်ဖြစ်သည်။
ဓားပျံစာစဉ်၏ စတုတ္ထပိုင်းသည် “မိုးကုတ်စက်ဝိုင်း၊ လပြည့်ဝန်း၊ ဓားမော့” ဖြစ်ပြီး ဓားသမား ဖူဟောင်ရွှယ်နှင့် ရှန်လန်း၏ မျိုးဆက် ကုန်းစီယုတို့နှစ်ယောက်၏ ဇာတ်လမ်းဖြစ်သည်။ အခန်းပေါင်း (၂၄) ခန်းပါရှိပြီး ၂အုပ်တွဲ သိုင်းစာစဉ်ဖြစ်၏။ ၁၉၇၅ ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့သည်။
ဓားပျံစာစဉ် ပဥ္စမပိုင်းသည် “ဓားပျံ၏ဓားပျံ” ဖြစ်ပြီး လီဆွန်းဟွာ၏ မျိုးဆက်များ အကြောင်းဖြစ်၏။ ကုလုံသည် စာအုပ်၏အစပိုင်းကိုသာ ရေးသားနိုင်ခဲ့ပြီး ကျန်တစ်အုပ်လုံးကို သူ၏တပည့်များက အဆုံးသတ်ပေးခဲ့သောကြောင့် ကုလုံ၏လက်ရာစစ်စစ်ဟု မယူဆနိုင်ပေ။ ၁၉၇၇ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။
x x x x x
နယ်ခြားမြို့ရဲ့သိုင်းဗေဒါ မိတ်ဆက်...
အခုတင်ပေးမယ့် စာစဉ်ကတော့ ကုလုံရဲ့ “နယ်ခြားမြို့ရဲ့သိုင်းဗေဒါ” (၃) အုပ်တွဲစာစဉ်ဖြစ်ပါတယ်။ ဓားပျံစာစဉ် ဒုတိယပိုင်းပါ။ ကျနော် ဘာသာပြန်ဆိုပြီးသမျှကို အခန်းအလိုက် တင်ဆက်ပေးသွားပါမယ်။
ဓားပျံစာစဉ်မိတ်ဆက်တုန်းက ရေးခဲ့သလိုပဲ တစ်ခုထူးခြားတာက ဒီစာစဉ်ကို ကုလုံဟာ ဓားပျံစာစဉ် တတိယပိုင်းဖြစ်တဲ့ “၉လပိုင်း၌ပျံသန်းသောသိမ်းငှက်” ရေးအပြီး ၂ နှစ်အကြာ၊ စတုတ္ထပိုင်းဖြစ်တဲ့ “မိုးကုတ်စက်ဝိုင်း၊ လပြည့်ဝန်း၊ ဓားမော့” ရေးအပြီး ၁ နှစ်နီးပါးအကြာ ၁၉၇၆ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဇာတ်လမ်းဇာတ်ကွက်အားလုံးကို အဆက်အစပ်မိစွာ ရေးသားနိုင်ခဲ့ပါတယ်။
“၉လပိုင်း၌ပျံသန်းသောသိမ်းငှက်” နဲ့ “မိုးကုတ်စက်ဝိုင်း၊ လပြည့်ဝန်း၊ ဓားမော့” ကိုရေးအပြီးမှာ ဇာတ်ကောင်နှစ်ကောင်ရဲ့စရိုက်တွေကို ကုလုံဟာ တော်တော်လေး ကြိုက်နှစ်သက်ခဲ့ပုံရတယ်။ ပြီးတော့လည်း အဲဒီစာစဉ်တွေ ရေးနေဆဲမှာကို “နယ်ခြားမြို့ရဲ့သိုင်းဗေဒါ” ကို ခေါင်းထဲထည့်စဉ်းစားထားခဲ့ပုံရတယ်။ နောက်ပြီးတော့ လီဆွန်းဟွာရဲ့ ဓားပျံသမိုင်းကိုလည်း ဆက်လက်ရှင်သန်စေချင်ပုံရတယ်။ ဘာကြောင့်လည်းဆိုတော့ လီဆွန်းဟွာရဲ့အကြောင်းကို နောက်ထပ်စာစဉ်များ ထပ်ရေးစရာမလိုတော့လောက်အောင်ကို အောင်မြင်ခဲ့လို့ပါ။
လီဆွန်းဟွာရဲ့ “ရှောင်းလီဓားပျံ၊ မိုးအောက်မြေပြင်ပြိုင်ဘက်ကင်း၊ လက်ခွင်းထွက်ရင် ဘယ်တော့မှမလွဲ” ဆိုတာ အင်မတန်ကျော်ကြားခဲ့ပါတယ်။ သိုင်းဝတ္ထုစာပေသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တယ်။ နောက်ပြီးတော့ လီဆွန်းဟွာရဲ့ ဇာတ်လမ်းဟာ ရာဇဝင်အဖြစ်နဲ့ပဲ ဆက်လက်ရှင်သန်စေချင်တာလည်း ပါနိုင်ပါတယ်။ ဒါကြောင့်မို့ လီဆွန်းဟွာရဲ့ ဇာတ်ကောင်ကို ဒဏ္ဍာရီထဲက သူရဲကောင်းတစ်ယောက်အဖြစ် ကျန်ရစ်ခဲ့စေပြီး ဓားပျံသွေးသစ်ဇာတ်ကောင်နဲ့ အစားထိုး ရှင်သန်စေခဲ့တယ်လို့ ထင်မြင်ယူဆမိတယ်။
သိုင်းဝတ္ထုခေတ်ပြိုင်စာရေးဆရာတစ်ယောက်ဖြစ်သူ ကျင်းယုံရဲ့ “သိမ်းငှက်သူရဲကောင်းများ” စာစဉ်များကို စာဖတ်သူများ ဖတ်ဖူးကြမယ်ထင်ပါတယ်။ ကော့ကျင်း၊ ရန်ခန်း၊ ရုံအော်၊ ရန်ကော့၊ နဂါးမလေး၊ ကျန်းဟူကျင်း၊ ကျန်းဆန်းဖုန်း၊ ကျောက်မိန်မိန်… စတာတွေကို မှတ်မိကြမှာပါ။ အဲဒီစာစဉ်တွဲကြီးကတော့ တကယ်ပဲ အောင်မြင်ကျော်ကြားခဲ့သလို ရုပ်ရှင်ဇာတ်လမ်းတွဲပေါင်းများစွာကိုလည်း ခုချိန်ထိ ပြင်ဆင်မွမ်းမံပြီး ရိုက်ကူးနေဆဲပါ။ အဲဒီဇာတ်လမ်းတွေထဲက ကော့ကျင်းဆိုရင်… ပထမပိုင်းဇာတ်လမ်းဖြစ်တဲ့ “သိမ်းငှက်ပစ်သူရဲကောင်းများ” (သိုင်းလောကမှ သူရဲကောင်းများ ဆိုပြီး (ဦး)မိုးကျော်သူ ဘာသာပြန်ဆိုထားတာ ၁၄ အုပ်တွဲရှိပါတယ်။) ဇာတ်လမ်းမှာတင်မကသေးဘဲ “သိမ်းငှက်ပစ်မျိုးဆက်သစ်များ” (သိုင်းလောကမှ မောင်မယ်များဆိုပြီး (ဦး)မိုးကျော်သူ ဘာသာပြန်ဆိုထားတာ ၁၄ အုပ်တွဲရှိပါတယ်။) ဇာတ်လမ်းမှာလည်းပဲ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်လာခဲ့ပါသေးတယ်။ နောက်တစ်အုပ်ဖြစ်တဲ့ “နဂါးနိုင်ဓား” ဆိုတဲ့ဝတ္ထုမှာတော့ သူတို့တတွေရဲ့အကြောင်း အရိပ်အမြွက်လောက်လေးသာ ပါရှိလာပါတော့တယ်။
ကျင်းယုံနဲ့ ကွဲလွဲစွာ (ဇာတ်လမ်းသဘောသဘာဝချင်းလည်း မတူညီတာပါတယ်) ကုလုံကတော့ လီဆွန်းဟွာဇာတ်ကောင်ကို တကယ်ပဲဝှက်ထားခဲ့တယ်။ နောက်ရေးတဲ့ ဓားပျံစာစဉ်များမှာ လီဆွန်းဟွာ ဇာတ်ကောင်မပါရှိလာခဲ့ပေမယ့် သူ့ရဲ့ဓားပျံက ဆက်လက်ရှင်သန်နေခဲ့သလို သူ့ရဲ့ဒဿနများဟာလည်းပဲ ရှင်သန်ခဲ့တယ်။ လီဆွန်းဟွာဟာ ဒဏ္ဍာရီထဲက နတ်ဘုရားတစ်ပါးအလား ရှင်သန်ထမြောက်နေဆဲပါပဲ…
ကျန်ဓားပျံစာစဉ်တွေထဲက ဇာတ်ကောင်တွေ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲစွမ်းစွမ်း ကုလုံက လီဆွန်းဟွာရဲ့ လောင်းရိပ်အောက်မှာပဲ ရှင်သန်ခွင့်ပေးခဲ့တယ်။ ဒါကြောင့်မို့ ဓားပျံစာစဉ်တွဲများဆိုပြီး ကျနော်အပါအဝင် လူတော်တော်များများက သတ်မှတ်ခဲ့ကြတာပါ။
“နယ်ခြားမြို့ရဲ့သိုင်းဗေဒါ” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင်နှစ်ကောင်ပါရှိပါတယ်။ ရဲ့ခိုင် နဲ့ ဖူဟောင်ရွှယ်တို့ပါ။ ရဲ့ခိုင်ဆိုတာ လွတ်လပ်သောသစ်ရွက် (အမှန်အတိုင်းဆိုရင်တော့ အဖွင့်သစ်ရွက်လို့ တိုက်ရိုက်ဘာသာပြန်ရမှာပါ။ ဒါပေမဲ့ လွတ်လပ်မှုသဘောကိုဆောင်လို့ လွတ်လပ်သောသစ်ရွက်လို့ပဲ ဘာသာပြန်ဆိုထားပါတယ်။) လို့အဓိပ္ပါယ်ရပါတယ်။ ဖူ ဆိုတာကတော့ မျိုးရိုးနာမည်ဖြစ်ပြီး ဟောင်ရွှယ်ဆိုတာ နီရဲနေသောနှင်း လို့အဓိပ္ပါယ်ရပါတယ်။
x x x x x
လုရှောင်ဖုန်းမိတ်ဆက်...
အခုတင်ပေးမယ့် ဘာသာပြန်စာမူများက ကုလုံရဲ့ နောက်ထပ်ကျော်ကြားတဲ့ စာစဉ်တွဲများဖြစ်တဲ့ လုရှောင်ဖုန်း စာစဉ်တွဲတွေပါ။
အသက် ၃၀ ဝန်းကျင် လုရှောင်ဖုန်းဟာ ဓားသမားမဟုတ်သလို ဘယ်လက်နက်မှလည်း အသုံးမပြုပါဘူး။ ဒါပေမဲ့ သူ့ရဲ့ညာဘက်လက်ချောင်းလေး နှစ်ချောင်းဟာ သိုင်းလောကမှာ မဖမ်းနိုင်တဲ့အရာဆိုတာ မရှိသလောက်ကို ရှားပါတယ်။ ဓားဘုရင် စီမင်းချွေးရှယ်ရဲ့ဓားကိုတောင်မှ လက်ချောင်းလေးနှစ်ချောင်းနဲ့ ညှပ်ယူဖမ်းနိုင်ခဲ့ပါတယ်။ လုရှောင်ဖုန်းရဲ့ကိုယ်ဖော့ပညာရပ်ဟာ ပြိုင်စံရှားဆိုတဲ့အဆင့်မှာ ရှိနေပါတယ်။ အဲသလိုပဲ အတွင်းအားလည်း သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ဘဝကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေပြီး အရက်ကြိုက်သလို မိန်းမလည်းစွံပါတယ်။ အထူးခြားဆုံးကတော့ နှုတ်ခမ်းမွှေးရှိတာပါပဲ။ ဒါကြောင့်မို့လည်း မျက်ခုံးလေးဘက်နဲ့ လုရှောင်ဖုန်းရယ်လို့ ကျော်ကြားတာပေါ့။
သိုင်းလောကရဲ့ ထိတ်ထိတ်ကြဲဆိုသူများနဲ့ သူဟာ မိတ်ဆွေရင်းချာတွေပါ။ အဲသလိုပဲ ပြဿနာတွေထဲကို သူ့မိတ်ဆွေများကို အမြဲပဲဆွဲခေါ်လာတတ်ပါသေးတယ်။ သူကိုယ်တိုင်ကလည်း ပြဿနာကို မီးထွန်းရှာသူတစ်ယောက်လို့တောင် တင်စားနိုင်လောက်အောင် ပြဿနာတိုင်းမှာ လက်လျှိုပါဝင်လေ့ရှိတယ်။ ဒါကြောင့်မို့လည်း သူမဖော်နိုင်တဲ့ ရာဇဝတ်မှုရယ်လို့ မရှိသလောက်ကို ရှားတာပေါ့။
လုရှောင်ဖုန်းရဲ့အကြောင်းတွေကို ကုလုံဟာ ပေါ့ပေါ့ပါးပါးလေးပဲ ရေးဖွဲ့ခဲ့ပါတယ်။ ကျန်တဲ့စာစဉ်တွေလို ရန်ငြိုးတွေ၊ အာဃာတတွေနဲ့ ဝမ်းနည်းပူဆွေးနေရမယ့်အစား ပေါ့ပေါ့ပါးပါးလေးနဲ့ လျှို့ဝှက်သည်းဖိုဆန်ဆန် ရေးဖွဲ့ခဲ့တယ်။ လုရှောင်ဖုန်းဟာ သိုင်းလောကရဲ့ အလွတ်စုံထောက်တစ်ယောက်လို့ တင်စားရင်မှားမယ်မထင်ဘူး။
လုရှောင်ဖုန်းစာစဉ်များဟာ အမြဲတမ်း ရယ်မောစရာလေးတွေ၊ ပြုံးတုံ့တုံ့ဖြစ်ရတဲ့ ဟာသလေးတွေနဲ့ တန်ဆာဆင်ထားခဲ့တယ်။ အောက်မှာရှိနေတာတွေကတော့ လုရှောင်ဖုန်းစာစဉ်များရဲ့ ခုနှစ်အလိုက် ထုတ်ဝေမှုတွေ စုစည်းထားတာလေးတွေပါ။
၁၉၇၆။ ။ “လုရှောင်ဖုန်းရဲ့စွန့်စားခန်း” (သို့) “ရွှေဂဠုန်အင်ပါယာ”
၁၉၇၆။ ။ “ဇာပန်းထိုးစောရ”
၁၉၇၆။ ။ “စိန်ခေါ်ပွဲမတိုင်ခင်နှင့် စိန်ခေါ်ပွဲအပြီး”
၁၉၇၇။ ။ “ငွေချိတ်လောင်းကစားရုံ”
၁၉၇၇။ ။ “ဝိညာဉ်စံအိမ်တော်”
၁၉၇၈။ ။ “တိမ်လွှာပေါ်ပျံတက်သည့်မီးငှက်”
၁၉၈၁။ ။ “ဓားဘုရင်၏ရယ်မောသံ”
ကျနော်နဲ့ မြန်မာကျူးပစ်ဖိုရမ်က မိတ်ဆွေရင်းတစ်ယောက်ဖြစ်သူ ကို badinf (ကျနော်ကတော့ ဆြာဘတ် လို့ခေါ်ပါတယ်)၊ ကို trhura တို့ လောလောဆယ် ဘာသာပြန်ဆိုနေကြပါတယ်။ နောက်ထပ် ကျူးပစ်အဖွဲ့ဝင်တွေ ဝင်ရောက်ပြီးဘာသာပြန်ဆိုနိုင်ပါသေးတယ်။ အခုတော့ ဘယ်သူမှ မအားကြသေးလို့ပါ။ လောလောဆယ်မှာတော့ မြန်မာကျူးပစ်မင်န်ဘာများထံမှ ခွင့်ပြုချက်ရယူခဲ့ပြီး ကျနော်နဲ့အတူ သူတို့ပြန်ဆိုထားတာတွေနဲ့ပေါင်းပြီး ပြန်ဆိုပြီးသလောက်ကို တင်ပေးပါမယ်။ ပထမဆုံး (၃) အုပ်သာ စွဲဆောင်မှုကောင်းပြီး နောက်စာအုပ်တွေကတော့ ဒီလောက်စွဲဆောင်မှုမကောင်းတော့ပါဘူး။
ဘာသာပြန်ဆိုပြီးသမျှကို တတ်နိုင်သလောက် တင်ဆက်ပေးသွားပါမယ်။ အပြီးထိ ဘာသာပြန်ဆိုနိုင်မလားဆိုတာတော့ အာမမခံရဲပါ။

0 comments:
Post a Comment