နေ့လည်နေမွန်းတည့်ချိန်သို့ ရောက်နေသော်လည်း ကောင်းကင်တစ်ခုလုံး မဲမှောင်နေကာ ညနေ နေဝင်ချိန်ကဲ့သို့ဖြစ်နေလေသည်။
အားဖေမှာ အေးအေးဆေးဆေးပင် လမ်းလျှောက်နေ၏။ ထယ်ကျွမ်ကျား သူ့ကိုစတွေ့တုန်းကအတိုင်းပင်၊ အဖော်မဲ့စွာ အထီးကျန်ဆန်စွာပင် လမ်းလျှောက်နေ၏။
ယခုတော့ ထယ်ကျွမ်ကျားသိလိုက်ပေပြီ။ အန္တရာယ်ကြုံလာပြီဟေ့ဆိုသည်နှင့် ဤလူငယ်လေးသည် လွန်စွာမှပင် ဖြတ်လတ်နိုးကြားသူတစ်ယောက် ဖြစ်လာလေသည်။ ဘေးချင်းကပ်လျက် လမ်းလျှောက်လာရင်းမှ ထယ်ကျွမ်ကျားထံတွင် ပြောစရာစကားများအပြည့်ရှိနေ၏၊ သို့သော် ဘယ်ကစ၍ ပြောရမှန်း မသိအောင်လည်း ဖြစ်နေရ၏။ လီဆွန်းဟွာမှာ စကားနည်းသူတစ်ယောက် ဖြစ်၏။ လီဆွန်းဟွာနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးသည့်နောက် စကားလုံးများစွာကို ငြိမ်သက်စွာနေခြင်းဖြင့် သူဖော်ထုတ်တတ်လာ၏။ သူ စကားတစ်ခွန်းပဲ ပြောလိုက်လေသည်။ “ကျေးဇူးတင်ပါတယ်။”
ချက်ချင်းပင် သူနားလည်လိုက်သည်မှာ ဤစကားအား ပြောစရာပင်မလိုချေ။ အားဖေနှင့် လီဆွန်းဟွာတို့မှာ စရိုက်အတူတူပင်ဖြစ်ကြ၏။ ထိုသူများ၏ရှေ့တွင် ကျေးဇူးတင်ကြောင်း ဘယ်တော့မှ ပြောရန်မလိုအပ်ချေ။
ထိုနေရာ၌ တဲအိမ်လေးတစ်လုံးအား တွေ့လိုက်ကြရ၏။ အားဖေမှာ ထိုရှေ့မှဖြတ်လျှောက်သွားလိုက်ပြီး- “ခင်ဗျားဘာဖြစ်လို့ သူတို့ကိုအမှန်အတိုင်း မပြောပြလိုက်တာလဲ။”
ထယ်ကျွမ်ကျား အတော်ကြာကြာလေးစဉ်းစားလိုက်ပြီး သက်ပြင်းချလိုက်ကာ- “တချို့ စကားတွေအတွက် ကျုပ်အသေသာခံလိုက်ချင်တယ်၊ ပြောလို့ထွက်မှာမဟုတ်ဘူး။”
အားဖေ-“ခင်ဗျားဟာ မိတ်ဆွေကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ခင်ဗျား တစ်ခုခုတော့မှားနေပြီ။”
“ဘာမှားနေတာလဲ။”
အားဖေ-“ခင်ဗျားရဲ့အသက်ကို ခင်ဗျားကပိုင်တယ်လို့သတ်မှတ်ထားပြီး ခင်ဗျားသေချင်တိုင်း သေလို့ရနိုင်တယ်လို့များ ထင်နေတာလား။”
“ဒါဆိုရင် ကျုပ်လုပ်ခဲ့တာက မှားသွားခဲ့တယ်ပေါ့။”
အားဖေ-“ဟုတ်တယ်၊ သိပ်ကိုမှားသွားခဲ့တယ်။”
သူ့ခန္ဓာကိုယ်အား ထယ်ကျွမ်ကျားဘက်သို့ လှည့်လိုက်ပြီး ထယ်ကျွမ်ကျားအား စိုက်ကြည့်နေလိုက်ကာ- “လူတစ်ယောက် မွေးဖွားလာခဲ့တယ်ဆိုတာ သေဖို့မဟုတ်ဘူး။”
ထယ်ကျွမ်ကျား-“မှန်ပါတယ်။ အကျဉ်းထဲအကြပ်ထဲ မဟုတ်ဘူးဆိုခဲ့လို့ရှိရင်...”
အားဖေ-“ခင်ဗျားအတွက် သေဖို့အကြောင်းဖန်လာခဲ့တယ်ပဲထားဦးတော့၊ ရှင်သန်ဖို့ကိုတော့ ခင်ဗျား အတတ်နိုင်ဆုံးကြိုးစားရမှာပဲ။”
အားဖေက သူ့ကိုအကြာကြီးစိုက်၍ ကြည့်နေလိုက်ပြီးနောက် ပြတ်သားစွာဖြင့်- “ဘုရားသခင်က ခင်ဗျားအတွက် အကုန်လုံးဖန်ဆင်းလုပ်ဆောင်ပေးခဲ့တယ်။ ခင်ဗျားက ဘုရားသခင်အတွက် ဘာများလုပ်ဆောင်ပေးခဲ့လဲ။”
“ဘာမှ မလုပ်ပေးခဲ့မိဘူး...”
“ခင်ဗျားကို လူတစ်လုံးသူတစ်လုံး ဖြစ်လာအောင်လို့ ခင်ဗျားရဲ့ အဖေနဲ့အမေက ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ရတယ်။ သူတို့အတွက် ခင်ဗျား ဘာများလုပ်ဆောင်ပေးခဲ့ပြီးပြီလဲ။”
ထယ်ကျွမ်ကျားမှာ ခေါင်းကိုသာ ငုံ့ထားလိုက်၏။
အားဖေ-“ရေငုံနှုတ်ပိတ်နေရမယ်ဆိုတာ ခင်ဗျားသိထားခဲ့တယ်။ ခင်ဗျားကသာ ဖွင့်ပြောလိုက်မယ်ဆိုရင် ခင်ဗျားရဲ့မိတ်ဆွေအပေါ် ခင်ဗျားသစ္စာမဲ့သလိုဖြစ်သွားမှာပေါ့။ ဒါပေမဲ့ ခင်ဗျားသာ ဒီ အတိုင်းသေသွားခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ မိဘတွေအပေါ်မှာရော၊ ဘုရားသခင်အပေါ်မှာပါ သစ္စာဖောက်သလို ဖြစ်မနေဘူးလား။”
ထယ်ကျွမ်ကျားမှ ကောင်းကင်ပေါ်သို့ မော့၍ကြည့်လိုက်ပြီးနောက်- “ကျုပ်မှားသွားခဲ့တယ်၊ ကျုပ် သိပ်ကိုမှားသွားခဲ့ပြီ။”
တစ်စုံတရာကို အားတင်းဆုံးဖြတ်ချက်ချလိုက်ပြီးဟန်နှင့်- “ကျုပ်လုံးဝ မပြောချင်ခဲ့ပါဘူး၊ ဒါပေမဲ့...”
အားဖေက သူ့ကိုဖြတ်၍ပြောလိုက်၏။ “ကျနော်သိပါတယ်၊ ခင်ဗျား ကျနော့်ကိုရှင်းပြနေစရာမလိုပါဘူး။”
ထယ်ကျွမ်ကျား အံ့အားသင့်သွားခဲ့ရပြီး- “သူတို့ပြောသလိုမျိုး ကျုပ်ကမလုပ်ခဲ့ဘူးလို့ ဆရာလေးက ဘာလို့ သေသေချာချာကြီးကို သိနေရတာလဲ။”
အားဖေ-“ကျနော်က သိတယ်ဆိုရင် သိတယ်ပဲပေါ့။”
သူ့မျက်လုံးများက တောက်ပြောင်လာခဲ့ကြပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။ “ကျနော်က တောထဲ တောင်ထဲမှာ ကြီးပြင်းခဲ့ရလို့နဲ့တူတယ်။ သားရဲတိရစ္ဆာန်တွေလိုပဲ အဆိုးနဲ့အကောင်းကို ခွဲခြားပြီး သိနိုင်တဲ့ စေ့ဆော်မှုတွေ ရှိနေတယ်။”
+++++
လီဆွန်းဟွာအတွက် အရက်မသောက်ဘဲနေရသည်ထက် ခံရဆိုးသောအချက်တစ်ချက်ရှိသည်။ ထိုသည်မှာ နားငြီးလောက်အောင် စကားများသောသူနှင့် အရက်အတူတူသောက်ရခြင်းပင်။
ဤနေရာ၌ရှိနေကြသူများသည် အလွန်ပင် နားငြီးဖွယ်ကောင်းနေလေသည်။ ထိုအထဲတွင် လောင်ရှောင်း၄ယွန်ကတော့ မဆိုးလှဟုပြောရပေမည်။ တခြားသူများကဲ့သို့ မြှောက်ပင့်ချီးမွမ်းခြင်းများ မရှိချေ။
သူနေမကောင်းချင်ယောင် ဆောင်နေလိုက်၏။ သူ့အဖို့အခြားရွေးချယ်စရာလည်းမရှိတော့ချေ။
လောင်ရှောင်း၄ယွန်သည် သူ့စိတ်ဓာတ်အားသိရှိထားသူဖြစ်၏။ ထို့ကြောင့် သူ့အားအနှောင့်အယှက်မပေးတော့ဘဲ လွှတ်ထားပေးလိုက်၏။ လီဆွန်းဟွာ အိပ်ယာပေါ်၌ လှဲအိပ်နေလိုက်၏။ ညအချိန်ရောက်သည်အထိ သူစောင့်ရပေတော့မည်။
ယနေ့ညတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အဖြစ်အပျက်များ ဖြစ်ပေါ်လာနိုင်သည်ဟု သူထင်ထားသည်။
လင်ရှန်းအာနှင့် ချိန်းဆိုထားသောအကြောင်းကို စဉ်းစားမိလိုက်ပြီး သူ့မျက်ဝန်းများက လင်းလက်တောက်ပြောင်လာလေသည်။ ထို့နောက် ထယ်ကျွမ်ကျား၏ အကြောင်းကို တွေးလိုက်မိသော် သူ့မျက်လုံးများက မှုန်မှိုင်းသွားခဲ့ရပြန်၏။
ညရောက်ပေပြီ။
အိပ်ယာမှ ထလိုက်သောအချိန်၌ပင် ပေါ့ပါးသောခြေသံတစ်စုံကို သူကြားလိုက်ရ၏။ ထို့ကြောင့် သူပြန်လှဲနေလိုက်၏။
ထိုခြေသံသည် တံခါးဝ၌ရပ်သွားလေသည်။
လီဆွန်းဟွာ မည်သည့်လှုပ်ရှားမှုမျိုးမှ မပြုလုပ်လိုက်ချေ။ ဘယ်သူလဲဟုလည်း မမေးမြန်းလိုက်ပါ။ အခန်းတွင်းသို့ ဝင်မလာရဲပုံထောက်လျင် လောင်ရှောင်း၄ယွန်တော့မဖြစ်နိုင်။ မည်သူများ ဖြစ်နေလေမည်နည်း။
ရှီးယင်များ ဖြစ်နေမလား။
သူ့နှလုံးခုန်သံများ မြန်ဆန်လာခဲ့၏။ ကြက်သီးမွှေးညှင်းများပင် ထလာခဲ့၏။ ထိုအချိန်၌ အပြင်ဘက်မှလူက ချောင်းဟန့်လိုက်၏။ “လီအစ်ကိုလေး အိပ်နေပြီလား။”
ထိုအသံပိုင်ရှင်မှာ ယူလောင်ရှန်းဖြစ်နေလေသည်။ လီဆွန်းဟွာ ယခုမှပင်ပေါ့ပါးသွားခဲ့ရ၏။ သူဝမ်းနည်းရမည်လား၊ ပျော်ရွှင်ရမည်လား။
အခန်းတွင်းသို့ ယူလောင်ရှန်း ဝင်ရောက်လာပြီး ထိုင်လိုက်၏။ သူ့မျက်လုံးများက လီဆွန်းဟွာအား တစ်ချက်ကလေးမျှ ကြည့်မနေပါ။ လီဆွန်းဟွာမှ မီးအိမ်အားမြှင့်လိုက်သောအခါတွင် ထိုလူငယ်လေး၏ ဖြူရော်ရော်ဖြစ်နေသော မျက်နှာကို တွေ့လိုက်ရလေသည်။
လီဆွန်းဟွာမှ ပြုံးပြီးမေးလိုက်၏။ “လက်ဖက်ရည်သောက်မလား၊ အရက်သောက်မလား။”
ယူလောင်ရှန်း-“အရက်...”
လီဆွန်းဟွာ-“ကောင်းတယ်၊ ကျုပ်အခန်းထဲမှာ ဘယ်တုန်းကမှ လက်ဖက်က်ခြောက် မဆောင်ထားခဲ့ဖူးဘူး။”
ယူလောင်ရှန်းမှ အရက် ၃ ခွက်ဆက်တိုက် မော့ချလိုက်၏။ ပြီးနောက်- “ကျနော် ဘာကြောင့် အရက်သောက်နေရတာလဲဆိုတာ သိလား။”
လီဆွန်းဟွာ-“မင်းမှာက ဝမ်းနည်းစရာအကြောင်းတွေ ရှိမှမရှိဘဲ။ ရဲဆေးတင်ချင်လို့သောက်တာလည်း ဖြစ်နိုင်တာပဲ။”
ယူလောင်ရှန်းသည် သူ့ကိုစိုက်၍ကြည့်နေလိုက်ပြီးနောက် သဘောကျစွာရယ်မောနေလိုက်၏။
တစ်ချိန်ထဲ၌ပင် သူ့ခါးမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး- “ခင်ဗျား ဒီဓားကိုသိလား။”
လီဆွန်ဟွာမှ ထိုဓားအား ခပ်ဖွဖွလေး ပွတ်သပ်လိုက်ပြီးနောက်- “ကောင်းလိုက်တဲ့ဓား...”
ယူလောင်ရှန်းက မျက်တောင်ခတ်လိုက်ပြီး- “လီအကိုလေးက ဓားဝိဇ္ဇာတစ်ယောက်ဆိုတော့ ဒီဓားက ဘယ်လောက်တောင်မှ ကျော်ကြားသလဲဆိုတာ သိမှာပေါ့။”
ထိုဓားအား သူအကြာကြီးစိုက်ကြည့်နေလိုက်ပြီး- “ဒီဓားကို ‘အချစ်လုဓား’ လို့ခေါ်တယ်။ နာမည်ကျော် ဓားသမား တိဝူကျိက လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝဝ ကျော်ကသုံးခဲ့တဲ့ ဓားတစ်လက်ပေါ့။ ဒီဓားရဲ့ နောက်ကသမိုင်းကြောင်းကို လီအစ်ကိုလေး သိမယ်လို့ထင်ပါတယ်။”
“ရှင်းပြပါဦး...”
တိဝူကျိက သူ့ဘဝသက်တမ်းရဲ့ တစ်ဝက်အထိ ဓားတစ်ခုတည်းကိုပဲ အာရုံစိုက်ခဲ့တယ်၊ မိန်းမ တစ်ယောက်ကို သူမတွေ့သေးခင်အထိပေါ့။ သူတို့လက်ထပ်ဖို့ ပြင်ဆင်ခဲ့ကြတယ်။ လက်ထပ်ဖို့ ၃-၄ ရက်လောက်အလိုမှာပဲ သူ့ချစ်သူက သူ့ရဲ့မိတ်ဆွေ ‘တဘက်သွားနတ်ဓား’ ပင်ချောင်ဆိုသူနဲ့ တိတ်တဆိတ်ချိန်းတွေ့နေတာကို သိလိုက်ရတယ်။ သူ့ရဲ့ဒေါသကြောင့် ပင်ချောင်ကို ဒီဓားနဲ့ပဲသတ်ခဲ့တယ်။ အဲ့ဒီနောက်တော့ ဒီဓားဟာ သူ့ဘဝရဲ့ ရာသက်ပန်အဖော်မွန်တစ်ယောက် ဖြစ်လာခဲ့တော့တယ်။ အဲ့ဒီအချိန်ကစပြီး အိမ်ထောင်ရေးကို သူလုံးဝကို စိတ်မဝင်စားတော့ဘူး။”
သူက လီဆွန်းဟွာအား ကြည့်လိုက်ပြီး- “ဒီဇာတ်လမ်းလေးက သိပ်ရိုးရှင်းလွန်းပြီး ငြီးငွေ့စရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ တကယ်ဖြစ်ပျက်ခဲ့တာပါ။”
လီဆွန်းဟွာက ပြုံးပြလိုက်ပြီး- “တိဝူကျိဟာ အလွန်တော်တဲ့ဓားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ မငြင်းဆိုနိုင်ပေမဲ့ သူဟာ စိတ်ထားကျဉ်းမြောင်းသူတစ်ယောက်ဆိုတာကိုလည်း လက်ခံရလိမ့်မယ်။ သူရဲကောင်းတစ်ယောက်ဟာ မိန်းမတစ်ယောက်အတွက်နဲ့များ ဘာဖြစ်လို့ မိတ်ဆွေချင်း ခင်မင်ရင်နှီးမှုကို ဖျက်ဆီးပစ်ခဲ့ရတာလဲ။”
ယူလောင်ရှန်းသည် လိုက်၍ရယ်မောလိုက်ပြီး- “သူဟာ သူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျနော်လည်း ခံစားမိပါတယ်။ ယောက်ျားစစ်စစ် သူရဲကောင်းတစ်ယောက်မှသာလျင် စွဲစွဲမြဲမြဲ ချစ်တတ်တာကိုး။”
လီဆွန်းဟွာက ပြုံးပြလိုက်ပြီး- “မင်းကိုယ်တိုင် လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝဝ ကျော်လောက်က တိဝူကျိ ပြန်ဝင်စားလာချင်တယ်လို့ ဆိုလိုတာလား။”
ယူလောင်ရှန်းသည် လီဆွန်းဟွာကို စိုက်၍ကြည့်နေလိုက်ပြီး အေးစက်စွာပြောလိုက်၏။ “ဒါကတော့ လီအစ်ကိုလေးအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝဝ ကျော်လောက်က ပင်ချောင်ရဲ့ ပြန်ဝင်စားခြင်း ဟုတ်မဟုတ်အပေါ် မူတည်ပါတယ်။”
လီဆွန်းဟွာမှ သက်ပြင်းချလိုက်၏။ “ဒီနေ့ည အပြင်ဘက်မှာ လသာနေတာ သိပ်လှတယ်ကွာ။ ဒီလောက်သာယာလှပတဲ့ ရှုခင်းလေးကို ဘာဖြစ်လို့ မင်းရဲ့စကားတွေနဲ့ အကျည်းတန်စေချင်နေရတာလဲ။”
ယူလောင်ရှန်း-“ဒါဆိုရင် ခင်ဗျားက အဲဒီကို သွားကိုသွားတော့မယ်ပေါ့။”
လီဆွန်းဟွာ-“လင်ရှန်းအာလို မိန်းကလေးမျိုးကို ဒီလိုမျိုး လသာသာညမှာ တစ်ယောက်တည်းပစ်ထားလိုက်မယ်ဆိုရင် ကျုပ်ကိုယ်ကျုပ် ရာဇဝတ်ကောင်တစ်ကောင်လို ခံစားနေရတော့မှာပေါ့။”
ယူလောင်ရှန်း၏ မျက်နှာပြင်၌ ချက်ချင်းပင် သွေးရောင်လွှမ်းလာခဲ့၏။ ဒေါသတကြီး ဖြစ်သွားခဲ့ပြီး သူ၏ဓားကို လီဆွန်းဟွာ၏ လည်မျိုသို့ ချိန်ထားလိုက်လေတော့သည်။
လီဆွန်းဟွာမှ အပြုံးမပျက်ပါ။ “မင်းရဲ့ဓားပညာနဲ့ဆိုရင် တိဝူကျိကိုမီဖို့ မလုံလောက်သေးဘူး။”
ယူလောင်ရှန်းက ဒေါသတကြီးဖြင့်- “ခင်ဗျားကို သတ်ဖို့ဆိုရင်တော့ ကျုပ်ရဲ့ပညာကုန် ထုတ်သုံးဖို့တောင် မလိုပါဘူး။”
သူတို့နှစ်ယောက် ထိုစကားများ ပြောနေကြစဉ်မှာပင် ယူလောင်ရှန်းမှ ၁ဝ ကွက်ထက်မနည်း တိုက်ခိုက်ခဲ့ပြီးလေပြီ။
အခန်းတွင်း၌ ဓားခုတ်သံများ၊ ဓားလေတိုးသံများ ညံနေလေသည်။ စားပွဲပေါ်မှ အရက်ခွက်များမှာ ဓားချက်များ၏လေအဟုန်ကြောင့် လွင့်စင်ကျကွဲကုန်၏။ ကြမ်းပြင်ပေါ်သို့ အရက်များဖိတ်စဉ်ကုန်၏။ ယူလောင်ရှန်း၏ ဓားချက်တိုင်းသည် လှိုင်းလုံးများဆင့်လာသကဲ့သို့ တစ်ချက်ပြီးတစ်ချက် ပို၍ လျင်မြန်လာသော်လည်း လီဆွန်းဟွာမှာ နေရာကရွေ့မသွားခဲ့ပါ။ ဓားချက်တိုင်းက သူ့အင်္ကျီစကိုပင် မထိခဲ့ချေ။
ယူလောင်ရှန်းသည် နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပို၍လျင်မြန်စွာ တိုက်ခိုက်နေတော့သည်။
လီဆွန်းဟွာ၏ လက်များမှာ ဗလာကျင်းနေသည်ကို သူတွေ့ခဲ့ရ၏။ ထို့ကြောင့် သူ၏ဓားချက်တိုင်းမှာ လီဆွန်းဟွာအား ဓားပျံမပစ်လွှတ်နိုင်ရန် ကြိုးစား၍ထိန်းချုပ်ထားလေသည်။
လီဆွန်းဟွာကလည်း ဓားပျံထုတ်သုံးရန် ရည်ရွယ်ချက်လုံးဝမရှိပေ။ ယူလောင်ရှန်း၏ တိုက်ကွက်များ နောက်တကျော့ပြန်မကျော့မီ ပြီးဆုံးသည်အထိ စောင့်နေလိုက်၏။ ထို့နောက် သူက ယူလောင်ရှန်းအား ပြုံးပြလိုက်ပြီး- “မင်းရဲ့အသက်အရွယ်နဲ့ မင်းရဲ့ဓားချက်တွေက အံ့အားသင့်စရာပဲ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့အဖေနဲ့ ဆရာလို ပညာရှင်တွေရဲ့လက်ထွက်ဖြစ်တဲ့ မင်းကသာ သိုင်းလောကထဲမှာ ဒီအတိုင်း ဆက်ပြီးကျင်လည်နေဦးမယ်ဆိုရင် မင်းရဲ့အဖေကော၊ မင်းရဲ့ဆရာကော သူတို့ရဲ့ နာမည်တွေ ရေစုန်မျှောပစ်ရတော့မယ်။”
အံ့ဩလောက်ဖွယ်ပင် လီဆွန်းဟွာက ဓားလှိုင်းလုံးများကြားမှ ထိုစကားများအား တည်ငြိမ်စွာ ပြောဆိုနေခြင်းဖြစ်၏။ ယူလောင်ရှန်းသည် ပိုပြီးစိတ်ဆိုးဒေါသထွက်စွာ အပြင်းအထန်တိုက်ခိုက်လိုက်သော်လည်း လီဆွန်းဟွာ၏ အင်္ကျီကိုပင် သူ၏ဓားဖျားက မထိနိုင်ခဲ့ချေ။
လီဆွန်းဟွာ၏လည်မျိုအား သူတိုက်ခိုက်ခဲ့ချိန်၌ လီဆွန်းဟွာမှာ ဘယ်ဘက်သို့ ရှောင်တိမ်းပြီးဖြစ်နေ၏။ သူ ဘယ်ဘက်သို့လိုက်၍ တိုက်ခိုက်လိုက်သောအခါတွင်မူ လီဆွန်းဟွာ ရွေ့လျားသွားသည်ဟုပင် မထင်ရ။ သူ၏တိုက်ကွက်များမှာ သေမင်းခေါ်သံအလား ပြင်းထန်နေခဲ့သော်လည်း လီဆွန်းဟွာမှာ ခြစ်ရာရှရာလေးပင် မထင်ခဲ့ချေ။
ယူလောင်ရှန်းသည် အံကြိတ်လိုက်ပြီး နောက်ဆုံးတိုက်ကွက်အနေဖြင့် လီဆွန်းဟွာ၏ ရင်ဘတ်ဆီသို့ ဓားဦးကို ထိုးသွင်းလိုက်၏။ “ဒီတစ်ခါတော့ ခင်ဗျားရဲ့ လှည့်ကွက်ထဲကို ကျုပ်မဝင်တော့ပါဘူး။”
လီဆွန်းဟွာ၏ လှည့်ကွက်ထဲသို့ အကြိမ်ပေါင်းများစွာ ကျရောက်ခဲ့ပြီးနောက် သူ၏ဓားချက်များမှာ လီဆွန်းဟွာရှောင်ရာနောက်သို့ လိုက်မတိုက်တော့ဘဲ တစ်နေရာတည်းကိုသာ ဦးတည်တိုက်ခိုက်လိုက်၏။
ထိုအချိန်၌ပင် လီဆွန်းဟွာ၏ ဘယ်ဘက်ပခုံးမှာ နိမ့်ကျသွားခဲ့ပြီး ညာဘက်သို့ ကိုယ်ကို ရွေ့လျားသွားခဲ့၏။ ဤတစ်ကြိမ်တွင်တော့ လီဆွန်းဟွာ တကယ်ပင်လှုပ်ရှားခဲ့လေသည်။ ယူလောင်ရှန်း၏ တိုက်ကွက်များ ထပ်မံလွဲချော်ခဲ့ရပြန်၏။
ထိုအချိန်မှာပင် လီဆွန်းဟွာက သူ၏ဓားသွားအား လက်ချောင်းများဖြင့် ဖမ်းဆုတ်ထားလိုက်၏။
တုန်ခါမှုပြင်းထန်သော အင်အားတစ်ခုက ယူလောင်ရှန်း၏ဓားကိုင်လက်သို့ ရုတ်ချည်းပင် ဝင်ရောက်လာသည်ဟု ခံစားလိုက်ရ၏။ သူ့တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်သွားခဲ့ရပြီး လှုပ်ပင်မလှုပ်နိုင်တော့ချေ။ သူ့လက်တွင်းမှ ဓားမှာ ပြတင်းပေါက်မှတဆင့် သစ်တောထဲသို့ လွင့်စင်သွားခဲ့ရလေတော့သည်။
လီဆွန်းဟွာမှာ ရပ်နေလျက်ပင်ရှိနေသေး၏။ သူ့ခြေထောက်များက ၁ လက်မပင်မရွေ့ခဲ့။
ယူလောင်ရှန်း၏ခန္ဓာကိုယ်ထဲ၌ သွေးများပြောင်းပြန် စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေလေပြီ။ လီဆွန်းဟွာက သူ့ပခုံးကို အသာအယာပင် ပုတ်လိုက်ပြီး ပြုံးရွှင်စွာဖြင့်- “မင်းရဲ့ဓားက သိပ်ပြီးတန်ဖိုးကြီးလွန်းတယ်။ မင်းသွားကောက်လိုက်ပါလား။”
ယူလောင်ရှန်းသည် ခြေတစ်ချက်ဆောင့်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို လှည့်ထွက်လိုက်၏။ တံခါးဝသို့အရောက်တွင် ရုတ်တစ်ရက်ရပ်လိုက်ပြီး- “ခင်ဗျားသတ္တိရှိတယ်ဆိုရင် ကျုပ်ကို ၁ နှစ်ပဲစောင့်။ ၁ နှစ် ပြည့်တာနဲ့ ကျုပ်ပြန်လာပြီး လက်စားချေမယ်။”
လီဆွန်းဟွာ-“၁ နှစ်... ၁ နှစ်ဆိုတာမင်းအတွက် မလုံလောက်သေးဘူး။”
ထို့နောက် သူကဆက်၍ပြောလိုက်၏။ “မင်းမှာက အလားအလာရှိပါတယ်။ မင်းရဲ့ဓားပညာကလည်း ကောင်းပါတယ်။ ဒေါသကြီးနေတာတစ်ခုပဲ ပြောစရာရှိတယ်။ မင်းဟာ ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလွန်းပြီး မာနကြီးလွန်းနေတယ်။ မင်းထက်သာတဲ့ ပြိုင်ဘက်ကိုတွေ့တဲ့အခါကျတော့ မင်းဟာ ပြိုကွဲသွားခဲ့ရပြီ။ မင်းသာ တည်တည်ငြိမ်ငြိမ်နဲ့ တိုက်နိုင်ခဲ့မယ်ဆိုရင် ဒီနေ့အဖို့ မင်းကျုပ်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့မှာပါ။”
ယူလောင်ရှန်း၏မျက်လုံးများက အရောင်တောက်ပြောင်လာခဲ့၏။ သို့သော် သူ ဘာမျှပြန်မပြောနိုင်ခင်မှာပင် လီဆွန်းဟွာက ဆက်၍ပြောလိုက်၏။ “သည်းခံနိုင်ခြင်းဆိုတာက ပြောရတာလွယ်သလောက် ကျင့်ကြံဖို့အင်မတန်မှကို ခက်ခဲပါတယ်။ မင်း ကျုပ်ကိုနိုင်ချင်တယ်ဆိုရင်တော့ မင်းအတွက် အနည်းဆုံး ၇ နှစ်လောက်လိုလိမ့်မယ်။”
လီဆွန်းဟွာမှ သူ့အားပြုံးပြလိုက်ပြီး- “မင်းသွားနိုင်ပါပြီ။ ၇ နှစ်လေ့ကျင့်ပြီးတော့မှ ပြန်လာခဲ့၊ ဟုတ်ပြီလား။ ၇ နှစ်ဆိုတဲ့အချိန်က သိပ်မကြာပါဘူးကွာ။”
ညကလေးမှာ ပြန်၍အေးချမ်းငြိမ်သက်သွားခဲ့ပြန်သည်။
လီဆွန်းဟွာသည် ကောင်းကင်ပြင်ကျယ်ကြီးအား ပြတင်းပေါက်မှတဆင့်ကြည့်နေလိုက်ပြီး ထိုင်ချလိုက်၏။ ထို့နောက်အပြင်ဘက်သို့ အော်ပြောလိုက်သည်။ “ချာတိတ်၊ မင်းကျုပ်ကို စိတ်မဆိုးပါနဲ့။ မင်းကိုကျုပ်က ကူညီချင်ယုံသက်သက်ပါ။ မင်းသာ လင်ရှန်းအာနဲ့ အတူတူရှိနေမယ်ဆိုရင် မင်းဘဝ အဖတ်ဆယ်လို့မရအောင်ကို ပျက်စီးသွားရလိမ့်မယ်။”
သူ့အင်္ကျီပေါ်မှ ဖုန်များကိုခါထုတ်လိုက်ပြီး အခန်းထဲမှထွက်သွားလိုက်၏။
လင်ရှန်းအာကသူ့ကို စောင့်နေမည်မှန်း သူသိနေပါသည်။ တခြားလှည့်ကွက်တစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်နေမှာလည်း အသေအချာပင်။ သူမ၏အဇ္ဈတ္တအတွင်းစိတ်သန္တာန်ကို သူ အတော်လေး စိတ်ဝင်စားနေမိ၏။
ယူလောင်ရှန်းထွက်ခွာသွားသောအခါ သူ့ကိုယ်သူအထင်ကြီးသော မာနစိတ်များ လွင့်ပျောက်သွားခဲ့လေသည်။ သူက လီဆွန်းဟွာအား နောက်ဆုံးပြောခဲ့သောစကားတစ်ခွန်းမှာ- “ခင်ဗျားသာ လင်ရှန်းအာကို ကြိုက်ခဲ့မယ်ဆိုရင် နောင်တအကြီးအကျယ်ရလိမ့်မယ်။ သူနဲ့ကျုပ်က အတူတူ နေခဲ့ကြပြီးပြီ။ ဘာဖြစ်လို့ ကျုပ်ရဲ့ဖိနပ်အဟောင်းကြီးကို ခင်ဗျားကယူစီးချင်နေရတာလဲ။”
လီဆွန်းဟွာက ပြန်လည်၍ပြုံးပြခဲ့ပါသည်။ “ဖိနပ်အဟောင်းကြီးလည်း အသစ်ထက်တော့ ပိုပြီးစီးလို့ကောင်းမှာပါကွာ။”
ယူလောင်ရှန်း ထွက်ခွာသွားသည့်ပုံအား စဉ်းစားမိသောအခါ သူအလွန်ပင် စိတ်ဓာတ်ကျဆင်းသွားခဲ့ရ၏၊ ထို့အတူ ပြုံးချင်မိသလိုလည်း ဖြစ်ရပြန်၏။ သို့သော် လင်ရှန်းအာသည် ထိုသို့သောမိန်း ကလေးတစ်ယောက် ဖြစ်နေနိုင်ပါသလား။
အပြင်ဘက်သို့ရောက်သောအခါ သစ်တောထဲမှ အလင်းရောင်လေးတစ်စ တရွေ့ရွေ့ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အစေခံကောင်မလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ခိုးခိုးခစ်ခစ်ဖြင့် ရယ်မော တွန်းထိုးလာနေကြသည်။ လီဆွန်းဟွာအား တွေ့လိုက်ရပြီးနောက် သူတို့၏အမူအရာများကို ချက်ချင်းပင် ပြင်လိုက်ကြ၏။
လီဆွန်းဟွာက ပြုံးရယ်ပြလိုက်ပြီး- “မင်းတို့ရဲ့သခင်မလေး ‘လင်’က ကျုပ်ကိုလာခေါ်ခိုင်း လိုက်တာလား။”
အသက်အနည်းငယ်ပို၍ ကြီးသောအစေခံမလေး- “ကျမတို့ရဲ့ သခင်မကြီး ‘လင်’ က သခင်လေး လီ ကိုအခေါ်ခိုင်းလိုက်ပါတယ်ရှင်။”
လီဆွန်းဟွာမှ အံ့ဩသွားခဲ့ပြီး- “သခင်မကြီး ‘လင်’... ဟုတ်လား။”
အသက်ပို၍ငယ်သော အစေခံမလေး- “ဒီစံအိမ်တော်ကြီးမှာ သခင်မကြီး ‘လင်’ ဆိုတာ တစ်ယောက်တည်းပဲ ရှိပါတယ်ရှင်။”
လီဆွန်းဟွာ၏ ခန္ဓာကိုယ်မှာ ဤနေရာ၌ရှိနေသော်လည်း သူ၏စိတ်များမှာ သစ်တောအုပ်လေးထဲရှိ အိမ်ငယ်လေးဆီသို့ လွင့်မျောသွားခဲ့လေသည်။
လွန်ခဲ့သော ၁ဝ နှစ်ခန့်က ထိုအိမ်လေးသို့ အကြိမ်ပေါင်းများစွာပင် လီဆွန်းဟွာ ရောက်ရှိခဲ့ဖူးပါသည်။ သူရောက်ရှိသွားတိုင်းပင် စားပွဲပေါ်၌ သူကြိုက်နှစ်သက်သော စားသောက်ဖွယ်ရာများ အစုံအလင်ရှိနေပြီးဖြစ်၏။
ယခုတဖန် ဤအိမ်လေးဆီသို့ သူလျှောက်လှမ်းနေရပြန်လေပြီကော။ သူ့ခြေလှမ်းများက ပုံမှန်အတိုင်း မလျှောက်လှမ်းနိုင်တော့ပါချေ။ တစ်စုံတရာအတွက် သူတုန်လှုပ်နေလေ၏။
အပေါ်ထပ်မှ မီးရောင်လေးမှာ လွန်ခဲ့သော ၁ဝ နှစ်ခန့်ကအတိုင်းပင် ငြိမ်းချမ်းလှ၏။ တံစက်မြိတ်အောက်၌ ခိုတွဲ၍ကျနေသော နှင်းဖတ်ကလေးများပင် ၁ဝ နှစ်ခန့်ကအတိုင်း ချစ်စရာကောင်းနေပြန်သေးတော့သည်။
မည်သို့ပင်ဆိုစေ ၁ဝ နှစ်ဆိုသောအချိန်မှာ ကုန်လွန်ခဲ့လေပြီ။
မည်သို့မျှ ပြန်ယူဆောင်လာ၍မရသော ၁ဝ နှစ်ပင်။
လီဆွန်းဟွာ လှေကားပေါ်သို့တက်လိုက်ရန် တွန့်ဆုတ်နေလေ၏။
မည်သို့ဖြစ်စေ သူတက်သွားရပေဦးမည်။
သူ့အား မည်သည့်အကြောင်းဖြင့် သူမက ခေါ်ယူသည်ဖြစ်စေ သူ့၌ငြင်းပယ်ရန်၊ စောဒကတက်ရန် အကြောင်းမရှိပါ။
လှေကားပေါ်၌ သူခဏမျှ ရပ်ဆိုင်းနေခဲ့သေးသည်။
၁ဝ နှစ်ဆိုသောအချိန်ကာလတစ်ခု... ယခုဤအချိန်ကာလလေး၌ပင် ထို ၁ဝ နှစ်ဆိုသည်မှာ ပျောက်ကွယ်သွားခဲ့ရ၏။ ကုန်လွန်ခဲ့သော ၁ဝ နှစ်ကာလဆီသို့ သူပြန်လည်ရောက်ရှိလာခဲ့သလိုပင်။ ရည်းစားဦးနှင့် ပထမဆုံးအကြိမ် ချိန်းတွေ့သော လူငယ်လေးတစ်ယောက်ကဲ့သို့ သူရင်ခုန်နေမိ၏။ ၁ဝ နှစ်ကာလမှ နွေးထွေးမှုလေးများ... ၁ဝ နှစ်ကာလမှ အိပ်မက်ကလေးများ...
လီဆွန်းဟွာသည် ဤအကြောင်းအရာများကို ယခုအချိန်၌ စဉ်းစားနေရန်မဝံ့ရဲပါ။ သူသာဤ သို့ဆက်ဖြစ်နေမည်ဆိုလျှင် လောင်ရှောင်း၄ယွန်အား သစ္စာဖောက်သလို ဖြစ်နေသကဲ့သို့ သူ့ကိုယ်သူလည်း သစ္စာဖောက်သလို ဖြစ်နေပေမည်။ ဤနေရာမှ သူထွက်ပြေးသွားချင်စိတ်များ ပေါ်ပေါက်လာခဲ့၏။
ထိုအချိန်၌ပင် ကန့်လန့်ကာနောက်ကွယ်မှ စကားသံတစ်သံထွက်ပေါ်လာလေသည်။ “ကျေးဇူးပြုပြီး ထိုင်ပါ။”
လွန်ခဲ့သော ၁ဝ နှစ်ခန့်ကအတိုင်းပင် အသံလေးမှာ ချိုမြနေ၏။ သို့သော် သူနှင့်အလွန်ပင် အလှမ်းဝေးနေပြီး အေးစက်နေသည်။ စားပွဲပေါ်၌တွေ့နေရသော သူကြိုက်နှစ်သက်သည့် ဟင်းလျာများကိုသာ တွေ့မနေရဘူးဆိုလျှင် အတိတ်မှ မိတ်ဆွေဟောင်းတစ်ယောက်နှင့် လာပြီးဆုံတွေ့နေသည် ဟု ထင်မိလိမ့်မည်မဟုတ်။
ထိုင်ခုံတစ်ခုပေါ်သို့ သူထိုင်ချလိုက်ပြီး- “ကျေးဇူးတင်ပါတယ်။”
တံခါး၏နောက်ကွယ်မှ လူတစ်ယောက်ထွက်ပေါ်လာလေသည်။
လီဆွန်းဟွာ၏ အသက်ရှုသံများ ရပ်တန့်သွားခဲ့ရသလို ဖြစ်သွားခဲ့၏။ ထွက်လာသူမှာ ကလေးတစ်ယောက်ဖြစ်နေသည်။ ထိုကလေးသည် အနီရောင်ဝတ်စုံလေးကိုပင် ဝတ်ဆင်ထား၏။ သူ့မျက်နှာကလေးမှာ စက္ကူဖြူတစ်ရွက်လို ဖြူဖတ်ဖြူရော်ဖြစ်နေလေသည်။
ကန့်လန့်ကာ၏နောက်ကွယ်မှ စကားသံထပ်မံ၍ ထွက်ပေါ်လာပြန်သည်။ “မေမေပြောထားတဲ့စကားကို မမေ့နဲ့။ မင်းရဲ့ ဦးရီးတော်လီကို အရက်တစ်ခွက်လောက် ငှဲ့ပေးလိုက်ပါ။”
အနီရောင်ချာတိတ်သည် ခေါင်းညိတ်ပြလိုက်ပြီး- “ဟုတ်ကဲ့ပါ မေမေ။”
လီဆွန်းဟွာမှ ဘာပြောရမည်မှန်း၊ ဘာဆက်လုပ်ရမည်မှန်းပင် မသိနိုင်လောက်အောင် ဖြစ်သွားခဲ့ရလေသည်။ သူက ဘာတစ်ခုမျှအမှားမလုပ်ခဲ့သော်လည်း ဤကလေး၏ရှေ့၌ သူ့ကိုယ်သူ ရာဇဝတ်ကောင်တစ်ကောင်လို ခံစားနေရ၏။
ရှီးယင်... ရှီးယင်... ကျုပ်ကို ဒီကိုဖိတ်ခေါ်ရတဲ့အကြောင်းအရင်းက ကျုပ်ကိုနှိပ်စက်ဖို့များလားကွယ်။
ထိုအရက်ကို မည်ကဲ့သို့ သူသောက်ရမည်နည်း။ မည်ကဲ့သို့ သူမသောက်ဘဲနေရမည်နည်း။
အနီရောင်ချာတိတ်-“တူလေးက သိုင်းပညာကိုမလေ့ကျင့်နိုင်တော့ပေမဲ့လည်း ယောက်ျားကောင်းတစ်ယောက်ဆိုတာ မိဘရဲ့အရိပ်အောက်မှာ တစ်သက်လုံးနေသွားနိုင်မှာမှမဟုတ်တာ။ ဒါကြောင့် ဦးရီးတော် လီ အနေနဲ့ တူလေးကို ခုခံကာကွယ်နိုင်မဲ့ပညာရပ်လေး တစ်ခုနှစ်ခုဖြစ်ဖြစ် သင်ပေးလိမ့်မယ် လို့ တူလေးမျှော်လင့်မိပါတယ်။ ဒါမှသာလျှင် သူများတွေရဲ့အနိုင်ကျင့်မှုကို နောက်ဆိုရင် တူလေးမခံရတော့မှာပေါ့။”
လီဆွန်းဟွာ သက်ပြင်းကို ရှည်ကြာစွာချလိုက်မိ၏။ ထို့နောက် သူ့လက်ကိုဆွဲထုတ်လိုက်သောအခါ ဓားပျံလေးတစ်လက် ထွက်ပေါ်လာလေသည်။
ကန့်လန့်ကာ၏နောက်ကွယ်မှ လင်ရှီးယင်၏စကားသံ ထွက်ပေါ်လာပြန်၏။ “မင်းရဲ့ဦးရီးတော် လီ က ဘယ်သူ့ကိုမှ သူ့ရဲ့ဓားပျံပစ်ပညာကို သင်ပေးတာမဟုတ်ဘူး။ မင်းကသာ ကောင်းကောင်းမွန်မွန် လေ့လာနိုင်ခဲ့မယ်ဆိုရင် သူများတွေက မင်းကိုဘယ်တော့မှ အနိုင်ကျင့်နိုင်တော့မှာ မဟုတ်ဘူး။ ဦးရီးတော်ကို ကျေးဇူးတင်လိုက်လေ။”
အနီရောင်ဝတ်ချာတိတ်သည် အမှန်တကယ်ပင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်၏။ “ကျေးဇူးတင်ပါတယ် ဦးရီးတော် လီ ခင်ဗျား။”
လီဆွန်းဟွာမှ ပြုံးပြလိုက်လေသည်။ သူ့အတွေးထဲတွင်တော့- “မိခင်တစ်ယောက်ရဲ့ မေတ္တာ ဆိုတာ ဘာနဲ့မှအစားထိုးလို့မရပါလား။ ဒီကလေးရဲ့ မိခင်အပေါ်ထားတဲ့ တုံ့ပြန်မေတ္တာကကော... ဘယ်လိုနေမလဲ။”
အစေခံမလေးများက ထိုချာတိတ်ကို ခေါ်ဆောင်သွားကြသည်။ လင်ရှီးယင်ကတော့ ကန့်လန့်ကာနောက်ကွယ်မှ ထွက်မလာခဲ့သေးသလို လီဆွန်းဟွာအားလည်း မပြန်ခိုင်းသေးချေ။
လီဆွန်းဟွာသည် လွန်စွာမှပင် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိသူတစ်ယောက်ဖြစ်၏။ ထူးဆန်းလှစွာပင် ဤနေရာ၌ ငတုံးငအတစ်ယောက်လို သူကြောင်ပြီးထိုင်နေမိ၏။
ညမှာပို၍ပင် မှောင်မိုက်လာလေသည်။
လင်ရှန်းအာ သူ့ကို စောင့်ဆိုင်းလျက်ပင် ရှိနေမလား။
လင်ရှိးယင်က ရုတ်တစ်ရက် မေးမြန်းလိုက်၏။ “ရှင့်မှာလုပ်စရာ တစ်ခုခုများရှိနေတာလား။”
လီဆွန်းဟွာ ထစ်ငေါ့စွာပင် ပြန်လည်ဖြေကြားလိုက်၏။ “မ... မရှိပါဘူး။”
လင်ရှိးယင်မှ ခဏမျှစောင့်ဆိုင်းလိုက်ပြီးနောက်- “ရှင် ရှန်းအာကိုတွေ့ခဲ့ပြီးပြီ မဟုတ်လား။”
လီဆွန်းဟွာ-“တစ်ကြိမ် နှစ်ကြိမ်လောက်တော့တွေ့ခဲ့ဖူးပါတယ်။”
လင်ရှီးယင်-“သူဟာ အလွန့်ကို သနားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့အဖေကိုသာ ရှင်တွေ့ဖူးမယ်ဆိုရင် ကျမဘာကိုဆိုလိုတာလဲဆိုတာ ရှင်သိနိုင်မှာပါ။”
“ကျုပ်သိပါတယ်။”
လင်ရှီးယင်-“တစ်နှစ်တုန်းက ကျမ ‘ပူဇော်ချောက်ကမ်းပါး’ ကိုဘုရားဖူးဖို့ ရောက်သွားခဲ့တယ်။ ချောက်ထဲကို သူခုန်ချတော့မလို့ဖြစ်နေတဲ့အချိန်မှာပေါ့။ ကျမ သူ့ကိုကယ်တင်လိုက်နိုင်ခဲ့တယ်။ သူဘာဖြစ်လို့ ချောက်ထဲကိုခုန်ချချင်ခဲ့ရတာလဲဆိုတာ ရှင်သိလား။”
“မသိပါဘူး။”
လင်ရှီးယင်-“သူ့အဖေက နာမကျန်းဖြစ်နေလို့။”
လီဆွန်းဟွာက ဘာမျှပြန်မပြောဘဲ ထိုင်၍သာနေလိုက်၏။
လင်ရှီးယင်မှ ဆက်ပြောပြနေပြန်၏။ “သူဟာ ဉာဏ်ကောင်းပြီး ထက်မြက်ရုံတင်မကဘူး၊ အလွန်တရာမှလည်း ချောမောလှပတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှုအပြည့်ရှိသူတစ်ယောက်ပါ။ သူ့ရဲ့ ဘဝဟာ ဆင်းရဲချို့တဲ့လွန်းလို့ သူများတွေအပေါ်မှာ မှီခိုနေရမယ်ဆိုတာကို သူနားလည်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သူ့ကို သူများတွေက နှိမ့်ချပြီးဆက်ဆံကြမှာကိုလည်း သူကြောက်နေမိတယ်။”
လီဆွန်းဟွာ-“အခုတော့ သူ့ကိုဘယ်သူကမှ နှိမ့်ချပြီးဆက်ဆံကြမှာ မဟုတ်တော့ဘူးလို့ ကျုပ်ထင်ပါတယ်။ ဟုတ်ရဲ့လား။”
လင်ရှီးယင်-“ဒါကဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့နှစ်ပေါင်းများစွာ သည်းခံလာမှုကြောင့်ပဲ။ ဒါပေမဲ့ သူဟာသိပ်ပြီးတော့ ငယ်ရွယ်တဲ့သူတစ်ယောက်၊ သူ့ရဲ့အသည်းနှလုံးကလည်း သိပ်ကိုနုနယ်တယ်။ သူများတွေရဲ့ လှည့်စားမှုအောက်ကို ကျရောက်သွားခဲ့မှာကို ကျမအစိုးရိမ်ဆုံးပဲ။”
လီဆွန်းဟွာသည် ခါးသီးစွာရယ်မောလိုက်ပြီး- “သူ့ရဲ့လှည့်စားမှုအောက်ကို သူများတွေ မကျ ရောက်သွားခဲ့ရင်ကို ကျုပ်ကဝမ်းသာလှပါပြီ။”
လင်ရှီးယင်-“သူ့အတွက် ယောက်ျားကောင်းတစ်ယောက်လောက် ရှာပေးချင်တာက ကျမရဲ့ ဆန္ဒပါ။ သူ့ရဲ့ဘဝလေးကို တည့်မတ်စွာရှင်သန်သွားစေချင်ပါတယ်။ သူ့ရဲ့ဘဝလေး လိမ့်ပါးသွားမှာကို ကျမ မမြင်ချင်ဆုံးပဲ။”
လီဆွန်းဟွာမှ ခေတ္တမျှစဉ်းစားနေလိုက်ပြီး- “ကျုပ်ကို ဘာဖြစ်လို့ဒီအကြောင်းတွေ လာပြောပြနေရတာလဲ။”
လင်ရှီးယင်ထံမှ ခေတ္တတိတ်ဆိတ်သွားခဲ့၏။ “ကျမက ဘာဖြစ်လို့ပြောပြနေရတာလဲဆိုတာ ရှင်တကယ်မသိဘူးလား။”
သူတွေးခဲ့၊ သိခဲ့ပြီးပါပြီ။
သူ့အားဤနေရာ၌ လင်ရှီးယင်မှ အချိန်ဆွဲ၍ခေါ်ထားခြင်းမှာ သူနှင့် လင်ရှန်းအာတို့နှစ်ယောက်ကို မတွေ့စေချင်၍ပင်ဖြစ်မှန်း သူသိနေပါသည်။ ယူလောင်ရှန်း ပြောပြခဲ့ခြင်းဖြစ်ကြောင်း မြေကြီးလက်ခတ်မလွဲပင်။
လင်ရှီးယင်-“ဘာပဲဖြစ်ဖြစ်ပါ။ ကျမတို့က မိတ်ဆွေဟောင်းတွေပဲ မဟုတ်လား။ ကျမက ရှင့်ဆီကနေ အကူအညီတစ်ခုတောင်းချင်လို့ပါ။”
လီဆွန်းဟွာ၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့၏။ ထို့နောက် အေးစက်သွားခဲ့ပြန်၏။ သူ အားတင်း၍ပြုံးပြလိုက်ပြီး- “ကျုပ်ကို လင်ရှန်းအာဆီ သွားမတွေ့စေချင်ဘူးမဟုတ်လား။”
“အမှန်ပါပဲ။”
လီဆွန်းဟွာမှ ထစ်ငေါ့စွာဖြင့်- “လင်ရှန်းအာကို ကျုပ်က... ကျုပ်ကကြိုက်နေတယ်လို့များ မင်း ထင်နေတာလား။”
လင်ရှီးယင်-“ရှင့်ဆီမှာ ဘယ်လိုခံစားချက်မျိုး ရှိနေသလဲဆိုတာ ကျမနားမလည်ဘူး။ ကျမ အတွက် ဒီတစ်ခုလေးပဲ ကူညီပေးပါ။”

0 comments:
Post a Comment