ထိုလူငယ်သည် လီဆွန်းဟွာ၏စကားကို ကြားလိုက်ရပြီးသည့်နောက် တဆတ်ဆတ်တုန်ခါသွားခဲ့ပြီး အံကြိတ်ပြောဆိုလိုက်သည်။ “စိတ်ဝင်စားစရာကောင်းလိုက်တာ... ခင်ဗျားရဲ့စကားတွေက သိပ် ပြီးစိတ်ဝင်စားဖို့ကောင်းတာပဲ... အင်္ကျီမှာ ဘယ်လိုလုပ်ပြီး မျက်စိရှိနေနိုင်ရတာလဲ...”
လီဆွန်းဟွာ ပြုံးလိုက်၏။ “ငါ့အနွေးထည်မှာသာ မျက်စိမပါခဲ့ဘူးဆိုရင် တန်ဖိုးကြီးလှတဲ့ မင်းရဲ့ဓားကို ဘယ်လိုလုပ်ပြီးမြင်နိုင်ခဲ့မှာလဲ။ အနောက်ကတိုက်ခိုက်မှုကိုလည်း ဘယ်လိုလုပ်ပြီး ရှောင်နိုင်ခဲ့မှာလဲ။”
လူငယ်၏မျက်နှာပျက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ်တုန်ခါသွား၏။
လောင်ရှောင်း၄ယွန်သည် ချောင်း ၂ ချက်လောက်ဟန့်လိုက်၏။ “မင်းတို့ ၂ ယောက်က ရယ်စရာတွေ ပြောတတ်ကြသားပဲ။ ဓားနန်းတော်က သခင်လေးကတောင် သူ့ရဲ့တန်ဖိုးကြီးဓားတစ်လက်အတွက် ဂရုမစိုက်ခဲ့သေးတာ မင်းကဘာဖြစ်လို့ အနွေးထည်တစ်ထည်အတွက် ဒီလောက်တောင် ဂရုတစိုက်ဖြစ်နေရတာလဲ။”
လီဆွန်းဟွာ-“ဒါဆိုသူက ယူသခင်လေးပေါ့...”
လောင်ရှောင်း၄ယွန်က ပြုံးပြီးပြောလိုက်၏။ “ဟုတ်တယ်... သူက ပုန်းကွယ်နဂါးရဲ့သားဖြစ်သလို နံပါတ် ၁ ဓားသမား နှင်းသိမ်းငှက်ရဲ့ တစ်ဦးတည်းသောတပည့်ဆိုလည်း ဟုတ်တယ်။ နောက်ဆိုရင် မင်း တို့ ၂ ယောက် မိတ်ဆွေတွေဖြစ်သွားကြမှာပါ။”
ယူလောင်ရှန်း၏ မျက်လုံးများက လီဆွန်းဟွာအားစိုက်ကြည့်နေလိုက်ပြီး အေးစက်စွာဖြင့်-“ဒီကိစ္စကတော့ ဖြစ်နိုင်မယ်မထင်ပါဘူး။ ခင်ဗျားမိတ်ဆွေရဲ့နာမည်က ဘယ်သူ...”
လောင်ရှောင်း၄ယွန်-“ဒီက မိတ်ဆွေလေးက ကျုပ်ရဲ့ညီလေးကို တကယ်မသိတာလား။ သူ့ရဲ့မျိုးရိုးနာမည်က လီ၊ လီဆွန်းဟွာလို့ခေါ်တယ်။ ဒီလောကထဲမှာ သူတစ်ယောက်တည်းပဲ မင်းနဲ့မိတ်ဆွေဖွဲ့ဖို့ အရည်အချင်းနဲ့ ပြည့်စုံသူပေါ့။”
ထိုနာမည်ကို ကြားလိုက်ရပြီးသည့်နောက် ယူလောင်ရှန်း၏ အမူအရာများ ပြောင်းလဲသွားခဲ့ပြီး လီဆွန်းဟွာ၏လက်ထဲမှ ဓားပျံအား စိုက်၍ကြည့်နေလိုက်၏။
လီဆွန်းဟွာသည် ထိုသူနှစ်ယောက်၏စကားများအား မကြားမိသလိုပင် အတွေးထဲ၌နစ်မြောနေမိ၏။ “နောက်ထပ်ကျော်ကြားတဲ့ နောက်ပေါက်လူငယ်တစ်ယောက်ပါလား...”
ရုတ်တရက်… တစ်စုံတစ်ယောက်က အော်ဟစ်မေးမြန်းလိုက်၏။ “အပြင်ကလူကို ဘယ်သူသတ်လိုက်တာလဲ...”
ထိုသူမှာ ထောင်ထောင်မောင်းမောင်းနှင့် ခန္ဓာကိုယ်တောင့်တင်း၏။ သူ၏အသံသည်လည်း ဟိန်းထွက်နေ၏။ မျက်နှာထားမှာ တင်းမာလှ၏။ ထိုသူမှာ သခင်ကြီး ကျိုကျန်ရိ ပင်ဖြစ်လေသည်။
လီဆွန်းဟွာ ပြုံးပြလိုက်သည်။ “ကျုပ်ကလွဲပြီးတော့ ဘယ်သူများဖြစ်နိုင်ဦးမှာလဲဗျာ...”
လီဆွန်းဟွာအား စိုက်ကြည့်လိုက်သော ကျိုကျန်ရိ၏အကြည့်များက ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ပင်။ ထို့နောက် ကျယ်လောင်စွာဖြင့်ပြောလိုက်၏။ “မင်း... မင်းရဲ့လက်ချက်ဖြစ်မယ်မှန်း ငါ အစောကြီးကတည်းက သိခဲ့ဖို့ကောင်းတယ်။ မင်းသွားလေရာနေရာတိုင်းမှာ သွေးနံ့ကိုညှီနေတာပါ ပဲလား...”
လီဆွန်းဟွာ-“ဒါဆိုရင် အဲ့ဒီလူက မသေသင့်ဘူးပေါ့...”
ကျိုကျန်ရိက ပြန်မေးလိုက်၏။ “သူဘယ်သူလဲဆိုတာ မင်းသိရဲ့လား...”
လီဆွန်းဟွာ-“စိတ်မကောင်းပါဘူး။ သူကပန်းဘီလူးတော့ မဟုတ်ဘူး။”
ကျိုကျန်ရိ-“ပန်းဘီလူးမဟုတ်မှန်းသိလျက်နဲ့ မင်းဘာကြောင့်သတ်ခဲ့ရတာလဲ။”
လီဆွန်းဟွာ အေးအေးဆေးဆေးပင် ပြန်၍ပြောလိုက်၏။ “ကျုပ်ကသူ့ကို မသတ်ခဲ့ချင်ပေမယ့် ကျုပ်လည်းပဲ အသတ်မခံချင်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ... အသတ်ခံလိုက်ရတာထက် သတ်ခဲ့ရတာက ပိုပြီးတော့ကောင်းပါတယ်။”
ကျိုကျန်ရိ-“ဒါဆိုရင် သူကမင်းကို အရင်သတ်ဖို့ကြိုးစားခဲ့တာပေါ့။ ဘာဖြစ်လို့လဲ။”
လီဆွန်းဟွာ-“ကျုပ်လည်းပဲ ဒါကိုသိချင်နေခဲ့တာပဲ... ကျုပ်က မေးခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ မဖြေခဲ့ဘူး။”
ကျိုကျန်ရိ-“ဘာဖြစ်လို့ သူ့ကိုအရှင်မဖမ်းခဲ့တာလဲ။”
လီဆွန်းဟွာ-“ကျုပ်အနေနဲ့ သူ့ကိုမသေစေချင်ခဲ့တာတော့အမှန်ပဲ။ ဒါပေမဲ့ ကျုပ်လက်ထဲမှာရှိနေတဲ့ ဓားပျံက ပစ်လွှတ်ခဲ့ပြီးပြီဆိုရင် ပြိုင်ဘက်ရဲ့ ရှင်ခြင်းသေခြင်းဆိုတာတွေ ကျုပ်ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး။”
ကျိုကျန်ရိက သူ့ခြေထောက်ကို ဆောင့်ချလိုက်ပြီး-“မင်းထွက်သွားခဲ့ပြီးပြီမဟုတ်လား။ ဘာဖြစ်လို့ ပြန်လာရတာတုန်း။”
လီဆွန်းဟွာ ပြုံးလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့... ကျုပ်က သခင်ကြီးကျိုကို တွေ့ချင်နေခဲ့လို့ပေါ့။”
ကျိုကျန်ရိသည် ဒေါသထွက်လွန်းသဖြင့် သူ၏မျက်နှာမှာ အရောင်မျိုးမျိုးပြောင်းသွားခဲ့၏။ လောင်ရှောင်း၄ယွန်အား လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး-“သိပ်ကောင်းတယ်။ ဒီပြဿနာရဲ့ အရင်းအမြစ်က မင်းရဲ့ တော်လွန်းတဲ့ ညီကြောင့်ဖြစ်ရတာ။ ဘယ်သူ့ကိုမှ အဆိုးမဆိုနဲ့။”
လောင်ရှောင်း၄ယွန်တစ်ယောက် ပြုံးပြနေရုံမှတစ်ပါး ဘာများတတ်နိုင်ပါဦးမည်နည်း။ “စိတ်ကို နည်းနည်းလောက်လျှော့လိုက်ပါလား အစ်ကိုကြီး။ ကျနော်တို့ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့။”
ကျိုကျန်ရိ-“ဘာဆက်ပြောဖို့ လိုသေးလို့လဲ။ ပန်းဘီလူးတစ်ယောက်တည်းကိုပဲ ငါတို့ရင်ဆိုင်ရတာ တော်တော်ခက်ခဲနေပြီ။ နောက်ထပ် သရဲလက်ရိခူကပါ အဆစ်ပါလာဦးမယ်။”
လီဆွန်းဟွာက အေးစက်စက်ရယ်မောလိုက်ပြီး-“မှန်တယ်။ ကျုပ်က ရိခူရဲ့တပည့် ချူတုကို သတ်ခဲ့တာ။ ရိခူသာသိသွားခဲ့ရင် လက်စားပြန်ချေမှာ အမှန်ပဲ။ ဒါပေမဲ့ သူက ကျုပ်ကိုပဲလာရှာမှာပါ။ ဘာဖြစ်လို့ သခင်ကြီးကျိုက စိုးရိမ်နေရတာတုန်း။”
လောင်ရှောင်း၄ယွန်ကလည်း ဝင်ရောက်ထောက်ခံလိုက်၏။ “ညကြီးအချိန်မတော် ချူတု ဒီကိုရောက်လာခဲ့တယ်ဆိုကတည်းက သူ့ဆီမှာ ကောင်းတဲ့အကြံအစည်ရှိပုံမပေါ်ဘူး။ မင်းသူ့ကိုမှားပြီး သတ်ခဲ့တာမဟုတ်ဘူး ညီလေး။ မင်းနေရာမှာသာ ငါဆိုရင်လည်း ဒီလိုပဲဖြစ်ခဲ့မှာပဲ။”
သူ၏စကားပင်မဆုံးသေး ကျိုကျန်ရိမှာ လှည့်ထွက်သွားခဲ့လေသည်။
ယူလောင်ရှန်းက တီးတိုးရေရွတ်လိုက်၏။ “သခင်ကြီးကျိုက တော်တော့်ကို အသက်ကြီးသွားခဲ့ပြီပဲ။ သူ့ရဲ့ဒေါသတွေကသာ ပိုပိုပြီးကြီးထွားလာတယ်၊ သတ္တိကတော့ ပိုပိုပြီးနည်းသွားခဲ့ပါလား။ ရိခူလာတော့ကော ဘာအရေးလဲ။ ဓားပျံရဲ့အစွမ်းထက် မထက်ဆိုတာကိုတောင် ကျုပ်တို့မြင်လိုက်ရဦးမယ်။”
လီဆွန်းဟွာ-“ကျုပ်ရဲ့ဓားပျံ အစွမ်းထက် မထက်ဆိုတာ ရိခူလာသည်အထိစောင့်နေဖို့ မလိုပါဘူး။”
ယူလောင်ရှန်း၏ မျက်နှာပျက်သွားခဲ့ပြီး ပြန်လည်ချေပလိုက်ရန် ဟန်ပြင်လိုက်သေး၏။ သို့သော် လီဆွန်းဟွာ၏ လက်ထဲမှ ဓားပျံအားတွေ့မြင်လိုက်ပြီးနောက် ဘာစကားမှ မပြောတော့ဘဲ ချာကနဲ လှည့်ထွက်သွားခဲ့လေသည်။
လောင်ရှောင်း၄ယွန်သည်လည်း လိုက်ထွက်သွားရန် ဟန်ပြင်လိုက်ပြီးနောက်- “မင်းအနေနဲ့ သူတို့ကို မကြိုက်ရင်လည်းနေပါ။ ဒါပေမဲ့ သူတို့ကို ဒေါသထွက်အောင်တော့ မလုပ်သင့်ဘူး။”
လီဆွန်းဟွာ-“ဘယ်သူ့ကို ဂရုစိုက်နေရဦးမှာလဲ... သူတို့ကတောင်မှ ကျနော့်ကို ကယ်သူမဲ့ ပြဿနာကောင်တစ်ယောက်လို့ ထင်နေကြသေးတာပဲ။ သူတို့ဒေါသထွက်သွားကြလည်း မတတ်နိုင်ဘူး။ အဲ့ဒါက ပိုပြီးတော့တောင် ကောင်းသေးတယ်။ ကျနော့်အတွက် နားအေးပါးအေးနေရတာပေါ့။”
လောင်ရှောင်း၄ယွန်-“ဒါပေမဲ့ ရန်သူဖြစ်ရတာထက် မိတ်ဆွေတိုးလာတာက ပိုပြီးတော့မကောင်းဘူးလား။”
လီဆွန်းဟွာ-“မိတ်ဆွေဆိုတဲ့ စကားလုံးကို လူဘယ်လောက်များများကများ တန်ဖိုးထားခဲ့ကြလို့လဲ။ ကျနော့်အတွက်တော့ အစ်ကိုကြီးတစ်ယောက်နဲ့ရှိနေရုံနဲ့တင် လုံလောက်ပါပြီ။”
လောင်ရှောင်း၄ယွန်က လီဆွန်းဟွာ၏ပခုံးနှစ်ဘက်အား ဆုပ်ကိုင်လိုက်ပြီး နှစ်ခြိုက်စွာရယ် မောလိုက်ကာ-“ညီလေး... ဒီစကားကိုကြားလိုက်ရတာ အစ်ကိုကြီးသိပ်ဝမ်းသာတယ်။ အစ်ကိုကြီးရဲ့ မိတ်ဆွေတွေအကုန်လုံး ဒေါသထွက်ပြီး ထွက်သွားခဲ့ကြပါစေ။ အကိုကြီးဝမ်းမနည်းဘူး။”
ဤအတွက် လီဆွန်းဟွာသည်လည်း နွေးထွေးစွာခံစားလိုက်ရလေသည်။
‘အဟွပ်...အဟွပ်...’
လောင်ရှောင်း၄ယွန်-“ညီလေး... မင်းရဲ့ချောင်းသံက...”
ထိုချောင်းဆိုးနေရခြင်း၏အကြောင်းကို လီဆွန်းဟွာ မပြောလိုသဖြင့် စကားလမ်းကြောင်းလွှဲလိုက်၏။ “အစ်ကိုကြီး... အခုအချိန်မှာ ကျနော် လူတစ်ယောက်ကို အတွေ့ချင်ဆုံးပဲ။”
လောင်ရှောင်း၄ယွန်၏ မျက်ခုံးများမြင့်တက်သွားခဲ့ပြီး လီဆွန်းဟွာ၏အပြောကိုပင် မစောင့်နိုင်တော့ချေ။ “လင်ရှန်းအာ ကိုလား...”
လီဆွန်းဟွာ ပြုံးပြလိုက်၏။ “အစ်ကိုကြီးက ကျနော့်အပေါ် တော်တော်နားလည်ပေးတာပဲ။”
လောင်ရှောင်း၄ယွန်က ကျေနပ်သဘောကျစွာ ရယ်မောလိုက်ပြီး-“မင်းသူ့ကို မတွေ့bဲမနေနိုင်ဘူးဆိုတာ ငါသိနေသားပဲ။ သိုင်းလောကရဲ့ အချောအလှဆုံး အလှဘုရင်မကို လီဆွန်းဟွာကမှ မတွေ့ဘူး ဆိုလို့ရှိရင် လီဆွန်းဟွာက လီဆွန်းဟွာ ဘယ်ဟုတ်တော့မလဲ။ ဟားဟားဟားဟား...”
လီဆွန်းဟွာတစ်ယောက် ပြုံး၍သာနေလိုက်၏။
သူမည်သည့်အကြောင်းအရာများကို တွေးနေသည်လဲဆိုသည်ကို သူတစ်ယောက်မှလွဲ၍ မည်သူမျှမသိနိုင်ပါ။
လောင်ရှောင်း၄ယွန်က သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး-“မင်းသူ့ကို ဒီနေရာမှာ လာရှာနေတာ ဆိုရင်တော့ နေရာလွဲသွားပြီ။ လွန်ခဲ့တဲ့ ၂ ညက အဖြစ်အပျက်အပြီး သူဒီကနေ တခြားတစ်နေရာကို ပြောင်းသွားခဲ့ပြီးပြီ။”
“ဟင်...”
“လောင်ရှောင်း၄ယွန်-“ပြီးခဲ့တဲ့ ၂ ညကတည်းက သူ ရှီးယင်နဲ့အတူတူသွားနေ နေတယ်။ မင်းအတွက်ပိုပြီးကောင်းသွားတာပေါ့။ ရှီးယင်ကိုပါ မင်းသွားတွေ့သင့်တယ်။ ရှီးယင်ဟာ နောက်ဆုံးတော့လည်း မိန်းမသား မိခင်တစ်ယောက်မဟုတ်လား။ မင်းသူ့ကိုသွားပြီး ဖြောင့်ဖျသင့်တယ်လို့ ငါထင်တယ်။”
လီဆွန်းဟွာ၏မျက်နှာပေါ်မှ နာကျင်ကြေကွဲမှုများအား သူ မမြင်တွေ့ခဲ့ပါ။ “တကယ်တမ်းတော့ ယွန်အာက အပြင်မှာ ဘယ်လိုသောင်းကျန်းနေလဲဆိုတာ သူ မသိတာမဟုတ်ပါဘူး။ ရှီးယင်က မင်းကိုအပြစ်တင်မှာ မဟုတ်ပါဘူးကွာ။” စကားအဆုံး၌ လောင်ရှောင်း၄ယွန် သက်ပြင်းချလိုက်လေသည်။
လီဆွန်းဟွာက အားတင်ပြုံးလိုက်ကာ-“ကျနော်တို့ ဒီနေရာကိုရောက်နေကြပြီးမှပဲ... လေနုအေးစံအိမ်ဘက်ကိုပဲ သွားကြည့်ကြတာပေါ့။ လင်ရှန်းအာလည်း ရောက်ချင်ရောက်လောက်နေရောပေါ့။”
လောင်ရှောင်း၄ယွန်-“ကောင်းပြီလေ။ ဒီနေ့ညမှ သူ့ကိုမတွေ့ရရင် မင်းအိပ်လို့တောင် ပျော်ပါ့မလားမသိဘူး။”
လီဆွန်းဟွာ ဘာမှပြန်မပြောဘ ဲပြုံးနေလိုက်၏။ သို့ရာတွင် သူ၏မျက်လုံးများထဲ၌ လျှို့ဝှက်ချက်တစ်စုံတစ်ရာကို တွေ့ရှိခဲ့သည့်အလား လင်းလက်နေ၏။
ထိုအခန်းထဲ၌ လူတစ်ယောက်မျှရှိမနေပါ။
အခန်းထဲသို့ လီဆွန်းဟွာ ဝင်လိုက်စဉ်ကတည်းကပင် လွန်ခဲ့သော ၁ဝ နှစ်ကျော်မှ အတိတ်၏ပုံရိပ်များ သူ့အတွေးထဲသို့ တစ်စစီဝင်ရောက်လာလေသည်။
အခန်း၏အပြင်အဆင်မှာ လုံးဝပြောင်းလဲမသွားခဲ့ချေ။ စားပွဲခုံနှင့်ထိုင်ခုံများ သူ့နေရာနှင့်သူ ရှိနေဆဲပင်။ စာရွက်များ၊ စုတ်တံများနှင့် မင်အိုးတို့မှာ သူမထွက်သွားခင်ကအတိုင်းပင်၊ မူလအတိုင်း ရှိနေဆဲ။
ယခုအချိန်သည်သာ လွန်ခဲ့သော ၁ဝ နှစ်ကအတိုင်းဆိုလျှင် လင်ရှီးယင်အားအဖော်လုပ်ပြီး မက်မုံပန်းများအား သူရေတွက်နေပေလိမ့်မည်။ သူမအတွက် သားမွှေးအင်္ကျီလေး သူယူလာပေးခဲ့လိမ့်မည်၊ ဒါမှမဟုတ် သူတို့နှစ်ဦး၏ ပြောစကားများကို သူမှတ်တမ်းရေးချင်ရေးနေလိမ့်မည်။
ဤအဖြစ်အပျက်များအား သူ မည်ကဲ့သို့မေ့ပျောက်နိုင်မည်နည်း။ ဤသို့ဖြစ်ပျက်ခဲ့မည်ကိုသာ စောစောစီးစီးကြိုပြီး သိနေခဲ့ပါက ထိုမှတ်တမ်းများအား သူရေးခဲ့ကောင်းမှ ရေးခဲ့ပေလိမ့်မည်။
နှင်းများက သည်းထန်စွာကျလာပြန်၏။
ခေါင်မိုးပေါ်မှ ကျလာသောနှင်းဖတ်များက ချစ်သူ၏ပြောစကားများကဲ့သို့ နူးညံ့နေ၏။
လီဆွန်းဟွာ သက်ပြင်းမောကြီးရှိုက်ထုတ်လိုက်၏။ “၁ဝ နှစ်... ၁ဝနှစ်ကျော်ခဲ့ပြီ။ အချိန်က ခဏလေးလိုပါပဲလား။ အကြာကြီးလို့ထင်ရပေမယ့် အချိန်တွေကုန်သွားခဲ့တာ မြန်လိုက်တာ။”
လောင်ရှောင်း၄ယွန်က ပြုံးလိုက်ပြီး-“ငါတို့ ဒီနေရာလေးကို ပထမဆုံးအကြိမ်ရောက်လာခဲ့တုန်းက မှတ်မိသေးလား။ အဲ့ဒီနေ့က ဒီနေ့လိုပဲ နှင်းတွေကျနေခဲ့တယ်လေ။”
လီဆွန်းဟွာ-“ကျနော် ဘယ်လို... ဘယ်လိုလုပ်ပြီးမေ့နိုင်မှာလဲဗျာ။”
လောင်ရှောင်း၄ယွန် ရယ်မောနေလိုက်၏။ “ငါတို့တတွေ ဒီအခန်းထဲမှာသိမ်းထားတဲ့ အရက်အိုးတွေအကုန်လုံး သောက်ခဲ့ကြတာကို မှတ်မိနေသေးတယ်။ မင်းအရက်မူးပြီး မူးတယ်လို့ဝန်မခံတာ ငါ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပဲ။ မင်း ငါနဲ့တောင်အလောင်းအစား လုပ်ခဲ့သေးတာမှတ်မိလား။ မင်းငါ့ ကို ပြောခဲ့တယ်လေ... အစ်ကိုကြီး... ခင်ဗျား ချူစင်းရှစ်ကွက်ကို အမှားမရှိဘဲ မရေးနိုင်ပါဘူးလို့...”
ရုတ်တရက်ပင် စားပွဲပေါ်မှ စုတ်တံအား သူကောက်ယူလိုက်ပြီး-“ဒီစုတ်တံလေးကို မင်းအသုံးပြုခဲ့တာ မှတ်မိသေးလား။”
လီဆွန်းဟွာ ဟန်ဆောင်ပြုံးလေး အားတင်းပြုံးပြလိုက်၏။ “အဲဒီတုန်းက ကျနော် နိုင်ခဲ့တာကိုလည်း မှတ်မိနေသေးတယ်။”
လောင်ရှောင်း၄ယွန်-“ဒါပေမဲ့ နောက် ၁ဝ နှစ်လောက်ကြာတဲ့အခါ ဒီစုတ်တံလေးကို ဒီနေရာမှာ ပြန်တွေ့လိုက်ရမယ်လို့ မင်းမျှော်လင့်ထားမှာ မဟုတ်ဘူး။”
လီဆွန်းဟွာ ပြုံးနေလိုက်ပြီး ဘာမျှပြန်မပြောပါ။ သို့သော် သူတွေးနေပါ၏။ “စုတ်တံကတော့ မူလအတိုင်း ခြေရာလက်ရာမပျက်ရှိနေတယ်။ ဒီမှာလည်း လူနေနေတာပဲ မဟုတ်ဘူးလား။”
လောင်ရှောင်း၄ယွန်-“တော်တော်လေးတော့ ထူးဆန်းတယ်။ လင်ရှန်းအာက မင်းပြန်လာမှာကို သိနေတဲ့အတိုင်းပဲ။ ဒီမှာ သူတော်တော်ကြာလေးနေခဲ့ပြီးတာတောင်မှ ဘာပစ္စည်းတစ်ခုကိုမှ မရွှေ့ထားခဲ့ဘူး။”
လီဆွန်းဟွာ-“ဒါတွေ သူလုပ်ထားဖို့မလိုပါဘူး။”
လောင်ရှောင်း၄ယွန်က ပြုံးလိုက်ပြီး-“ငါတို့လည်း သူ့ကို မလုပ်ခိုင်းခဲ့ပါဘူး။ ဒါပေမဲ့...”
ရုတ်တရက်ပင် အပြင်မှ တစ်စုံတစ်ယောက်က အော်ခေါ်လိုက်၏။ “စတုတ္ထသခင်ကြီး၊ စတုတ္ထသခင်ကြီးလောင်...”
လောင်ရှောင်း၄ယွန်သည် ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး စိတ်မရှည်စွာဖြင့်-“ငါဒီမှာ... ဘာကိစ္စ အရေးကြီးနေလို့လဲ။”
ခဏကြာသော် သူ၏အမူအရာမှာ ချက်ချင်းပြောင်းသွားခဲ့ပြီး-“ညီလေး...”
လီဆွန်းဟွာ-“ကျနော် ဒီနေရာမှာ ခဏနေခဲ့ချင်သေးတယ်။ ဖြစ်တယ်မဟုတ်လား...”
လောင်ရှောင်း၄ယွန် ပြုံးပြလိုက်၏။ “သိပ်ဖြစ်တာပေါ့... ဒါကမင်းရဲ့အိမ်ပဲ။ လင်ရှန်းအာ ပြန်လာရင်တောင်မှ မင်းကို သူကကြိုဆိုရအုံးမှာ...”
ထိုနေရာမှ သူချက်ချင်းပင်ထ၍ ထွက်သွားခဲ့၏။ လီဆွန်းဟွာအား ကျောခိုင်းလိုက်သည့်အချိန်တွင်တော့ သူ့မျက်နှာမှ အပြုံးတို့ပျောက်ကွယ်သွားခဲ့ချေပြီ။
ကျားသားရေခုံကျယ်ကြီးပေါ်သို့ လီဆွန်းဟွာ ထိုင်ချလိုက်၏။ ထိုခုံကြီးမှာ သူမှတ်မိသလောက်ထက်ပင် ပို၍ကြီးနေသယောင်ယောင်။
သူငယ်စဉ်တုန်းကဆိုလျှင် ဤခုံကြီးပေါ်သို့ ခွတက်ကာ သူ့ဖခင်အတွက် မင်အိုးကို ယူပေးနေကြ။ ငယ်စဉ်တုန်းကတော့ သူ၏အရပ် ဒီ့ထက်ပိုပြီး မြင့်ခဲ့ရင်ကောင်းသားဟု တွေးမိခဲ့၏။ တစ်ချိန်ထဲမှာပင် သူကြောက်၍လည်းသွားခဲ့၏။ ဤခုံကြီးသာ ဗြတ်ကျယ်ကျယ်ကြီးဖြင့် လူသားများကဲ့သို့ ကြီးထွားခဲ့ပါလျှင်ဆိုသောအတွေး...။
နောက်ဆုံးတော့ ဤခုံကြီးပေါ်သို့ သူထိုင်ခွင့်ရခဲ့ပေပြီ။ သူငယ်စဉ်က ထင်ထားသကဲ့သို့ ဤခုံကြီးမှာ ဆက်၍ကြီးထွားမလာခဲ့ပါ။ သို့သော် ဘာကြောင့်မှန်းမသိ၊ ခုံကြီးအတွက် သူစိတ်မကောင်းဖြစ်ရပြန်လေသည်။
ယခုသော် သူ့စိတ်တွင်း၌ ဤခုံကြီးကို အားကျနေမိပြန်သည်။ ကြီးထွားခြင်းလည်းမရှိ၊ အိုမင်း ရင့်ရော်သွားခြင်းလည်းမရှိ၊ နာကျင်ကြေကွဲမှုများလည်းမရှိ၊ ဤအတိုင်းပင် မပြောင်းမလဲရှိနေသေး၏။ သို့ရာတွင် သူ့အတွက်မူကား... သူသည် အိုမင်းခဲ့လေပြီ။
‘လူအိုကြီး... ငါဟာ လူအိုကြီးပါလား...’
“ဘယ်သူကရှင့်ကို အိုနေပြီလို့ ပြောလို့လဲ...”
အပြင်ဘက်မှ ချိုလွင်သာယာသော အသံလွင်လွင်လေး ပျံ့လွင့်လာ၏။
လူကအပြင်ဘက်၌ပင်ရှိနေသေး၏။ အသံလွင်လွင်လေးကတော့ အခန်းတွင်းသို့ နွေးထွေးစွာ ဝင်ရောက်လာခဲ့လေသည်။ သူမ၏ခန္ဓာကိုယ်အား မတွေ့မြင်ရသေးသော်လည်း သူမ၏အသံချိုချိုမှ နွေဦး၏အငွေ့အသက်များကို သယ်ဆောင်လာခဲ့သည်။ သူမ၏အသံမှာ ဤမျှစွဲမက်ဖွယ်ရာကောင်းနေပါလျှင် အသံရှင်မှာမူ မည်သို့နေမည်မသိ။
လီဆွန်းဟွာ၏မျက်လုံးများက အရောင်တလက်လက်ဖြင့် တောက်ပလာခဲ့၏။ သို့သော် ထိုင်နေရာမှ သူမထခဲ့သလို ဘာမှလည်း ပြန်မပြောလိုက်ပါ။ တံခါးဝသို့သာ စိုက်၍ကြည့်နေ၏။
လင်ရှန်းအာ အခန်းတွင်းသို့ဝင်ရောက်လာခဲ့လေသည်။
သူမသည် အလွန်တရာမှပင် ချောမောလှပသော နတ်သမီးတစ်ပါးဖြစ်၏။ တစ်စုံတစ်ယောက်ကသာ သူမ၏အလှအား ဖွဲ့ဆိုခဲ့မည်ဆိုပါက ထိုသူသည် သူမအားနှိမ့်ချလိုက်သကဲ့သို့ပင်။ ဤမျှကို ချောမောလှပ၏။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပုရိသတို့အား စိတ်မလှုပ်ရှားစေနိုင်သော အစိတ်အပိုင်းဟူ၍ တစ်ခုမျှမရှိ။ စွဲမက်ဖွယ်ရာအကောင်းဆုံးမှာကား သူမ၏ညှို့ဓာတ်ပြင်းသော မျက်ဝန်းတစ်စုံပင်။ မည်သည့် ယောက်ျားသားမျှ ထိုမျက်ဝန်းတစ်စုံအား လွန်ဆန်နိုင်ပုံမရချေ။
သူမ၏မျက်ဝန်းများအား ကြည့်မိလိုက်သူတိုင်း အပြစ်တစ်စုံတစ်ရာ ကျူးလွန်ထားကြသူများကဲ့သို့ ခံစားသွားနိုင်၏။ သို့ရာတွင် သူမကိုယ်၌ကတော့ အလွန်ပင်အပြစ်ကင်းစင်ပြီး နွေးထွေးပျူငှာသော မိန်းကလေးတစ်ယောက် ဖြစ်နေလေသည်။
မည်သို့ပင်ရှိစေကာမူ သူမ၏ပုံရိပ်များက လီဆွန်းဟွာ၏ အာရုံထဲ၌ ထင်ဟပ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူမအား လီဆွန်းဟွာ တွေ့မြင်ဖူးသည်မှာ ဤအကြိမ်သည် ဒုတိယမြောက်ဖြစ်ပြန်သည်။
ထိုအရက်ဆိုင်လေး၏ မီးဖိုချောင်ထဲ၌ သူမ၏နွေးထွေးသော ကြင်နာမှုများကို လီဆွန်းဟွာ တွေ့ကြုံခံစားဖူးခဲ့သည်။ သို့ရာတွင် သူ့ရှေ့၌ရောက်ရှိနေသော မိန်းကလေးမှာ ထိုလွန်စွာမှပင် လျှို့ ဝှက်ပြီး သူ့ထံမှ ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီနှင့် အလဲအလှယ်လုပ်လိုသော မိန်းကလေးဖြစ်နေခဲ့မှန်း လီဆွန်းဟွာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေရ၏။
အဘယ်ကြောင့်ဆိုသော် သူမ၏အမူအရာ အသွင်အပြင်များမှာ ထိုနေ့ကနှင့် တခြားဆီပင်။ သူ့မျက်လုံးများကိုသာ သူ မယုံကြည်နိုင်ခဲ့ဆိုလျှင် ရမ္မက်ပြင်းထန်စွာ သူ့အားညှို့ယူခဲ့သည့် မိန်းကလေးမှာ သူ့ရှေ့၌ အပြစ်ကင်းစင်စွာဖြင့် ချိုမြိန်စွာ ပြုံးပြနေသောမိန်းကလေးဖြစ်နေမှန်း သူယုံကြည်မိလိမ့်မည်မဟုတ်ချေ။
လီဆွန်းဟွာ သက်ပြင်းချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။
လင်ရှန်းအာ၏ မျက်ဝန်းများမှ မျက်ရည်ပေါက်များကျဆင်းလာခဲ့ပြီး နူးညံ့သိမ်မွေ့စွာပင် သူ့အားမေးလိုက်၏။ “ရှင့်မျက်လုံးတွေကို ဘာဖြစ်လို့ပိတ်ထားရတာလဲ။ ကျမကိုမမြင်ချင်တော့ဖူးပေါ့လေ...”
လီဆွန်းဟွာ နှာခေါင်းတချက်ရှုတ်လိုက်ပြီး-“အဲ့ဒီနေ့တုန်းက မင်းရဲ့ဝတ်လစ်စလစ်ပုံလေးများ ပြန်မှတ်မိလေမလားလို့ တွေးကြည့်နေတာပါ။”
လင်ရှန်းအာ၏ မျက်နှာရဲခနဲဖြစ်သွားခဲ့၏။ “ကျမက ရှင့်ကိုမမှတ်မိစေချင်ပါဘူး။ ဒါပေမဲ့လည်း အဲ့ဒီလိုမျိုး မဖြစ်နိုင်မှန်းသိပါတယ်။”
လီဆွန်းဟွာ-“ကျုပ်ကသာမင်းကို အချိန်တိုတိုလေးအတွင်းမှာ မေ့သွားခဲ့မယ်ဆိုရင် မင်းအနေနဲ့ စိတ်ပျက်သွားခဲ့မှာပေါ့။”
လင်ရှန်းအာ ပြုံးနေဆဲ။ “ရှင် ကျမကိုတွေ့လိုက်ရတော့ အံ့ဩသွားခဲ့ပုံ မရပါဘူး။ ကျမ ဖြစ်နေမယ်မှန်း ရှင်သိနေခဲ့လို့မဟုတ်လား။”
လီဆွန်းဟွာ-“ဒါဘာဖြစ်လို့လဲဆိုတော့ မင်းလောက်လှတဲ့မိန်းကလေးတွေ မရှိသလောက်ပဲ ရှားနေလို့ပေါ့။”
လင်ရှန်းအာ အပြုံးမပျက်ပင်။ “ရိခူရဲ့တပည့်ကို တွေ့လိုက်တာကြောင့်လည်း ဖြစ်နိုင်တာပဲ။ ကျမယူလာခဲ့တဲ့ သရဲစိမ်းလက်ကို သတိရပြီးတော့ပေါ့... ဒါ့ပြင် ယူလောင်ရှန်းကိုတွေ့လိုက်ပြီးတော့ ကျမယူလာခဲ့တဲ့ ငါးအူဓားကို အမှတ်ရပြီးတော့လည်း ဖြစ်နိုင်တာပဲ။”
လီဆွန်းဟွာ ပြုံးလိုက်ပြီး-“နားမလည်တာတစ်ခုကတော့ ဒီမှာ ကျုပ်ရှိနေမှန်းသိလျက်နဲ့ မင်း ဘယ်လိုသတ္တိမျိုးနဲ့များ လာတွေ့ရဲသေးတယ် ဆိုတာပဲ။”
လင်ရှန်းအာမှ သက်ပြင်းချလိုက်၏။ “ရုပ်အလွန်ဆိုးတဲ့ ချွေးမက သူ့ယောက္ခမကို တစ်နေ့တော့တွေ့ရမှာပဲမဟုတ်လား။ ရှောင်လွှဲလို့မှမရတာ။ အစ်ကိုကြီးလောင်က ကျမကို ရှင်နဲ့သွားတွေ့ခိုင်းတော့ ကျမဘက်က ဘယ်ငြင်းဆန်နိုင်မှာလဲရှင်...”
“တကယ်?... သူလာခိုင်းလို့ မင်းလာရတာပေါ့?...”
လင်ရှန်းအာ ရယ်မောနေလိုက်၏။ “သူ့ရဲ့ရည်ရွယ်ချက်ကို ရှင်တကယ်ပဲမသိတာလား။ ရှင်နဲ့ ကျမကို သူက နီးစပ်စေချင်နေတယ်။ သူ့ဘက်ကရှင့်အပေါ်မှာ အကြွေးတင်နေတယ်လို့ ခံယူထားခဲ့လို့လည်း ဖြစ်နိုင်တာပဲ။ ဘာကြောင့်လဲဆိုတော့ သူကရှင့်ရဲ့ အချစ်ကိုလုယူ...”
သူမ၏ဤစကားများပြောလိုက်ချိန်တွင် လီဆွန်းဟွာ၏မျက်နှာမှာ ညိုမည်းသွားခဲ့၏။ ထိုစကားများ သူမဘက်က ပြောလာလိမ့်မည်ဟု လီဆွန်းဟွာမှ တွက်ဆထားခဲ့ပြီးဖြစ်သော်လည်း တကယ်တမ်း ကြားလိုက်ရသောအခါတွင်မူ သူ့စိတ်ကိုမထိန်းနိုင်ခဲ့ပေ။ လီဆွန်းဟွာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်နှင့်တပြိုင်နက် လင်ရှန်းအာ ပြောလက်စ စကားကို ချက်ချင်းပင်ရပ်ပစ်လိုက်၏။
သူတစ်ပါးမကြားချင်သောစကားများကို သူမ ဘယ်တုန်းကမျှမပြောတတ်ချေ။
လီဆွန်းဟွာကတော့ သူမဆက်ပြီးပြောလေမလားဟု စောင့်နေခဲ့သေး၏။ ခဏကြာသောအခါမှ-“သူက ကျုပအ်ပေါ်အကြွေးမတင်ခဲ့ပါဘူး။ ဘယ်သူမှလည်း ကျုပ်အပေါ်မှာ အကြွေးမတင်ခဲ့ကြပါဘူး။ ကျုပ်ကသာ သူတို့အပေါ်မှာ အကြွေးတွေတင်နေခဲ့တာပါ။”
လင်ရှန်းအာ သူ့အားစိုက်ကြည့်နေလိုက်၏။ “ရှင်က ဘယ်သူတွေအပေါ်မှာ အကြွေးတွေတင်နေခဲ့ရတာလဲ။”
လီဆွန်းဟွာ အေးစက်စွာပြန်ပြောလိုက်၏။ “လူတွေအများကြီးအပေါ်မှာ... ရေတွက်လို့တောင်မရဘူး။”
လင်ရှန်းအာ-“ရှင်ဘယ်လိုကြီးပဲပြောနေပြောနေ ကျမကတော့ ရှင်ဟာ ဒီလိုလူစားမျိုးမဟုတ်ဘူးဆိုတာ သိနေပါတယ်။”
“ကျုပ်က ဘယ်လိုလူစားမျိုးလဲ...”
“ကျမသိပ်သိတာပေါ့။ ရှင့်ရဲ့အကြောင်းတွေကို ကျမငယ်ငယ်လေးကတည်းက ကြားဖူးနေခဲ့တာ။ ဒီနေရာက ရှင်နေသွားခဲ့တဲ့နေရာဆိုတာ ကျမသိလိုက်ရတဲ့နောက် သိပ်ကိုပျော်ရွှင်သွားခဲ့တယ်။ အိပ်လို့တောင်မှ မပျော်နိုင်အောင်ပါပဲ။”
သူမ၏ခန္ဓာကိုယ်အား တစ်ပတ်လှည့်လိုက်ပြီးနောက်-“ကြည့်လိုက်စမ်းပါရှင်၊ ဒီအခန်းထဲမှာ ရှိတဲ့အရာအားလုံးဟာ ရှင်မထွက်သွားခင် ၁ဝ နှစ်ကျော်ကအတိုင်းပဲ မပြောင်းလဲခဲ့ဘူးမဟုတ်လား။ စာအုပ်စင်ရဲ့နောက်မှာ ရှင်ဖွက်ထားခဲ့တဲ့ အရက်အိုးလေးတောင်မှ သူ့နေရာနဲ့သူရှိနေသေးတယ် မဟုတ်လား။ ကျမ ဘာဖြစ်လို့ မရွှေ့ခဲ့တာလဲဆိုတာ ရှင်သိလား။”
လီဆွန်းဟွာမှ သူမအား အေးစက်စွာဖြင့် စိုက်၍သာကြည့်နေလိုက်၏။
လင်ရှန်းအာက ခစ်ကနဲရယ်မောလိုက်ပြီး-“ရှင်ကတော့ ဘယ်သိမှာလဲ။ ဒါပေမဲ့ကျမပြောလိုက်မယ်၊ ဒီလိုထိန်းသိမ်းထားတဲ့အတွက် ဒီအခန်းဟာရှင့်ရဲ့အခန်းပါဆိုတာ ခံစားလို့ရနေတယ်။ တစ်ခါတစ်ခါဆိုရင် ရှင်ဒီအခန်းထဲမှာ ရှိနေတယ်လို့တောင် ကျမခံစားရတယ်။ အဲ့ဒီထိုင်ခုံလေးမှာ ထိုင်နေပြီးတော့ ကျမရဲ့ဘေးနားမှာ တီတီတာတာစကားလေးတွေ ရှင်ပြောနေတယ်လို့ ခံစားနေရတယ်။”
ထို့နောက်သူမကဆက်ပြီး တိုးညှင်းစွာပြောလိုက်ပြန်၏။ “တစ်ခါတစ်ခါဆို ညဉ့်သန်းခေါင်ကြီးမှာ ကျမ ယောင်ယောင်ပြီးနိုးလာတဲ့အခါဆိုရင် ရှင်ဟာကျမရဲ့ဘေးနားမှာ ရှိနေခဲ့တယ်လို့ ထင်မှတ်ထားခဲ့တယ်။ ဟိုအိပ်ယာလေးပေါ်မှာ... ဟိုခေါင်းအုံးလေးပေါ်မှာပေါ့...”
ရုတ်တရက်… လီဆွန်းဟွာ ပြုံးလိုက်၏။ “ကျုပ်အပြင် တခြားလူတွေလည်း ဒီအခန်းထဲကို ရောက်ခဲ့ကြဖူးတယ်မဟုတ်လား။”
လင်ရှန်းအာ သူမ၏နှုတ်ခမ်းအား ဖိကိုက်ထားလိုက်ပြီး-“တခြားလူတွေကို ဒီအခန်းထဲ ကျမက ခေါ်လာခဲ့လိမ့်မယ်လို့များ ရှင်ထင်နေလား။”
လီဆွန်းဟွာ-“ဒါကမင်းရဲ့အခန်းပဲ မဟုတ်လား။ ဘယ်သူ့ကိုမဆို မင်းအနေနဲ့ ခေါ်လာခွင့် ရှိနေတာပဲ။”
လင်ရှန်းအာ-“ ယူလောင်ရှန်းလို၊ ချူတုတို့လိုလူမျိုးတွေ ဒီအခန်းထဲကို ရောက်ခဲ့ကြပြီးပြီလို့ ရှင်ကထင်နေတယ်ပေါ့။”
သူမ၏မျက်လုံးများက မို့မောက်နီရဲလာခဲ့၏။ “ဒီမှာ... ကျမပြောပြမယ်... သူတို့ဒီအခန်းထဲကို ခြေတစ်လှမ်းတောင်မှ မချဖူးခဲ့ကြဘူး။ ဒါကြောင့်မို့လို့ သူတို့တွေ သစ်တောထဲမှာ စောင့်နေခဲ့ကြတာပေါ့။ သူတို့ကိုသာ ဒီအခန်းထဲ ကျမကဝင်လာခိုင်းခဲ့ရင် အခုလောက်ဆို ချူတုနဲ့ ချင်ကျောင်တို့ အသက်ရှင်လျက်ရှိချင် ရှိနေနိုင်သေးတယ်။”
“ဒါဆိုရင် ဘာဖြစ်လို့များ မင်းကသူတို့တွေကို ဒီအထဲကို ခေါ်မလာခဲ့ရတာလဲ။”
လင်ရှန်းအာ သူမ၏နှုတ်ခမ်းအား ဖိကိုက်လိုက်ပြန်သည်။ “ဘာဖြစ်လို့လဲဆိုတော့... ဒီအခန်းဟာ ရှင့်္ရဲ့အခန်း၊ ကျမက ရှင့်ရဲ့... ရှင့်ရဲ့...”
လီဆွန်းဟွာမှ ပြုံးလိုက်ပြီး သူမ၏စကားကို အဆုံးသတ်ပေးလိုက်၏။ “ကျုပ်ရဲ့ အငွေ့အသက်တွေကို ထိန်းသိမ်းပေးထားချင်လို့ ဆိုပါတော့။”
လင်ရှန်းအာ၏မျက်နှာမှာ နီရဲသွားခဲ့လိုက်ပြီး၊ “ရှင် ကျမကိုနားလည်ပြီလား။”
လီဆွန်းဟွာမှ ပြုံးနေလျက်ပင်-“အခုကျမှပဲ ကျုပ်ဆီမှာထူးခြားတဲ့ အနံ့အသက်တွေရှိနေမှန်း သိလိုက်ရတော့တယ်။ ဘယ်လိုလဲ... ချိုမြိန်ရဲ့လား၊ တော်တော်လေးမှ အနံ့ပြင်းရဲ့လား။”
လင်ရှန်းအာ ခေါင်းကိုငုံ့ထားလိုက်၏။ “ကျမက ဒီအကြောင်းတွေကို မပြောခဲ့တာဟာ ရှင် ကျမကို ခနဲ့ပြော ပြောမှာစိုးလို့ပါ။”
“ဘာဖြစ်လို့လဲ...”
“ရှင်အခုအချိန်အထိ တကယ်မသိသေးဘူးလား။”
လီဆွန်းဟွာ သဘောကျစွာရယ်မောလိုက်တော့သည်။ “ဒီလိုဆိုရင်တော့ ဘယ်သူ့ဆီကမှတောင် ကျုပ် အကူအညီတောင်းနေစရာမလိုတော့ဘူး။ ကျုပ်မင်းနဲ့ အကောင်းဆုံးဆိုတဲ့အချိန်လေးတောင်မှ ရရှိခဲ့ဘူးပါတယ်။ ဟုတ်တယ်မို့လား။”
လင်ရှန်းအာ-“ ကျမသာ ရှင့်အပေါ်မှာ စိတ်ခံစားမှုမရှိခဲ့ဘူးဆိုရင် အဲ့ဒီနေ့က ကျမက ဘာဖြစ်လို့... ဘာဖြစ်လို့...”
သူမက စကားတစ်ဝက်တပျက်ဖြင့် ရပ်ထားလိုက်၏။ တစ်ခါတရံတွင် စကားကို အကုန်ပြောခြင်းထက် တစ်ဝက်တပျက်ဖြင့်ရပ်ထားလိုက်ခြင်းက ပို၍စိတ်ဝင်စားစရာကောင်းသည်မဟုတ်ပါလော။
လီဆွန်းဟွာ-“ဒါဆိုရင် မင်းကကျုပ်ကို ကြိုက်နှစ်သက်လို့ အဲ့ဒီလိုမျိုးလုပ်ခဲ့တာပေါ့... ကျုပ်က ကိုယ်ကျပ်အင်္ကျီအတွက်လို့ ထင်ထားခဲ့တာ။”
လင်ရှန်းအာ-“ကျမက ကိုယ်ကျပ်အင်္ကျီကို လိုချင်ခဲ့တာလည်း မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနေရာမှာသာ ရှင်မဟုတ်ခဲ့ဘူးဆိုရင် ကျမ... ကျမ...”
လီဆွန်းဟွာမှ ရယ်မောလိုက်ပြီး၊ “ဒါဆိုရင် မင်းက နှစ်ခုစလုံးကို လိုချင်ခဲ့တာပေါ့။”
လင်ရှန်းအာ-“ကျမက ဘာဖြစ်လို့ အဲ့ဒီကိုယ်ကျပ်အင်္ကျီကို လိုချင်ခဲ့လဲဆိုတာ ရှင်သိချင်နေမှာ အမှန်ပဲ။”
“ငါတကယ့်ကို စိတ်ဝင်တစားနဲ့ကို သိချင်နေမိတာ...”
လင်ရှန်းအာ-“ဘာကြောင့်လဲဆိုတော့ ကျမကိုယ်တိုင် ပန်းဘီလူးကို သတ်ချင်လို့...”
‘ဟမ်...’
“ရှင်သိပါတယ်။ ကျမကကြေငြာခဲ့ပြီးပြီ။ ဘယ်သူကပဲ ပန်းဘီလူးကို သတ်နိုင်သတ်နိုင် ကျမက အဲ့ဒီလူကို လက်ထပ်ယူပါ့မယ်ဆိုတာ...”
“ကျမကပြောခဲ့ပြီးပေမဲ့လည်း ပြန်ပြင်လို့မရတော့ဘူး။ ကျမက အဲ့ဒီလိုလုပ်ခဲ့တာဟာ လက်မထပ်သေးချင်လို့ပါ။ ပန်းဘီလူးကို ကျမကိုယ်တိုင်သတ်နိုင်ခဲ့ရင် ကျမအဖို့ လက်ထပ်စရာမလိုတော့ဘူး။”
ရုတ်တရက်ပင် သူမက လီဆွန်းဟွာကို မော့ကြည့်လိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ ကျမနဲ့ လက်ထပ်ဖို့ ဘယ်သူမှ မထိုက်တန်ဘူး။”
လီဆွန်းဟွာကလည်း သူမကို ပြန်၍စိုက်ကြည့်နေလိုက်၏။ “ကျုပ်ကိုကျတော့ကော...”
လင်ရှန်းအာ၏မျက်နှာတစ်ပြင်လုံး နီရဲသွားခဲ့၏။ “ရှင်... ရှင်ကတော့သူများတွေနဲ့ မတူပါဘူး။”
“ဘာကြောင့်မတူတာလဲ...”
လင်ရှန်းအာ တိုးညှင်းစွာပြောလိုက်၏။ “ရှင်က တခြားလူတွေနဲ့ လုံးဝကို မတူဘူး။ အဲ့ဒီလူတွေက ခွေးတွေလိုပဲ။ ကျမဘာပြောပြော ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ကျမရဲ့နောက်ကို တကောက်ကောက် လိုက်နေကြတုန်းပဲ။ ရှင်ကတော့...”
လီဆွန်းဟွာ ပြုံးလိုက်၏။ “ဒါဖြင့်ရင် ဘာဖြစ်လို့ကိုယ်ကျပ်အင်္ကျီကို ကျုပ်နဲ့မထားခဲ့ရတာလဲ။ ပန်းဘီလူးကို ကျုပ်ကသတ်ပေးမယ်၊ မင်းကကျုပ်ကို လက်ထပ်ယူပေါ့။ မင်း အဲ့ဒီလိုဖြစ်ချင်ခဲ့တာ မဟုတ်ဘူးလား။”
လင်ရှန်းအာ ခေတ္တမျှတွေဝေသွားခဲ့ပြီးနောက် ပြုံးပြလိုက်ရင်း-“သိပ်ကောင်းတဲ့အကြံဥာဏ်ပဲ။ ဘာဖြစ်လို့ ကျမ မစဉ်းစားမိခဲ့ပါလိမ့်။”
လီဆွန်းဟွာ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး သွားချင်းကြိတ်လိုက်သောလေသံဖြင့် ပြောဆိုလိုက်၏။ “ကျုပ်တစ်ယောက်ကလွဲလို့ ဒီလောက်ကောင်းတဲ့ အကြံဥာဏ် ဘယ်သူ့ဆီမှာရှိနိုင်ဦးမှာလဲ။”
လင်ရှန်းအာသည် လီဆွန်းဟွာပြောလိုက်သော စကားအဓိပ္ပါယ်ကို နားမလည်စွာရှိနေခဲ့ပြီး လီဆွန်းဟွာ၏လက်ကို ကိုင်ဆွဲထားလိုက်ကာ-“နောက် ၂ ည ၃ ညလောက်ဆိုရင် ပန်းဘီလူး ဒီနေရာကို ထပ်လာဦးမယ်လို့ ကျမတော့ထင်တယ်။ ကျမ ရှင့်ကို ဒီမှာပဲစောင့်နေမယ်လေ။”
လီဆွန်းဟွာ-“မင်းက ကျုပ်ကိုလာစေချင်တယ်ပေါ့။”
လင်ရှန်းအာ-“ကျမကို ငါးစာအဖြစ်အသုံးချပြီး ရှင်သူ့ကိုမျှားယူပေါ့။ ရှင့်ဆီမှာ ကိုယ်ကျပ် အင်္ကျီရှိနေတာပဲ။ ရှင့်အသက်အတွက် လုံခြုံစိတ်ချရပါတယ်။ ရှင်သာ သူ့ကိုအမိဖမ်းနိုင်ခဲ့မယ်ဆိုရင်...” သူမ၏ခေါင်းကို ငုံ့ထားလိုက်ပြီး လီဆွန်းဟွာအား မျက်ထောင့်ကပ်၍ကြည့်နေလိုက်၏။ စကားမပြောသော်လည်း အမူအရာများက သူမ၏အတွင်းစိတ်ခံစားချက်ကို ပီပီပြင်ပြင်ဖော်ပြနေလေတော့သည်။
လီဆွန်းဟွာ၏ မျက်လုံးများသည်လည်း တောက်ပလာခဲ့ကြ၏။ “ဟုတ်ပြီလေ... ကျုပ်မနက်ဖြန်ကျရင် ဒီကိုလာခဲ့ပါ့မယ်။ ကျုပ်သာ ပေါ်မလာခဲ့ဘူးဆိုရင်တော့...”
လင်ရှန်းအာက လီဆွန်းဟွာ၏လက်ဖဝါးအား သူမ၏လက်အတွင်းသို့ ဆွဲယူလိုက်ပြီး သူ့လက်ဖဝါးပေါ်တွင် စက်ဝိုင်းသေးလေးတစ်ခုဆွဲပေးလိုက်၏။ ထိုစက်ဝိုင်းလေးမှာ လီဆွန်းဟွာ၏နှလုံးသားကို ဝန်းရံထားသည်ဟူသည့်သဘောပင်။
လီဆွန်းဟွာ ရုတ်တရက် ရယ်မောလိုက်၏။ “မင်းတောင်မှ တော်တော်လေး အပိုးကျိုးလာခဲ့ပြီပဲ...”
လင်ရှန်းအာ၏ မျက်နှာနီရဲသွားတော့သည်။ “ကျမ အမြဲတမ်းအပိုးကျိုးအောင် နေပါတယ်။”
လီဆွန်းဟွာ-“ယောက်ျားတစ်ယောက် ဘယ်လိုစိတ်ကြွလာအောင် မြှူဆွယ်ရမလဲဆိုတာ မင်းသဘောပေါက်သွားခဲ့ပြီကိုး...”
လင်ရှန်းအာ စိတ်လှုပ်ရှားစွာဖြင့်-“ရှင်... ရှင်... ခုချက်ချင်းကြီးတော့...”
လီဆွန်းဟွာက သူမအား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်နေလိုက်၏။ သူ၏မျက်လုံးများကတော့ အေးစက်မနေပါ။ သူ့မျက်လုံးများသည် တလဲ့လဲ့တောက်ပြောင်နေကြပြီး-“ငါမလုပ်ချင်ဘူးလို့ မင်းကဘယ်လိုလုပ်ပြီး သိနေတာလဲ...” ဟု ပြောဆိုတေသလို…
လင်ရှန်းအာ ခစ်ကနဲရယ်မောလိုက်၏။ “ရှင့်ကိုကျမက လူကြီးလူကောင်းတစ်ယောက်လို့ ထင်ထားခဲ့တာ...”
လီဆွန်းဟွာ-“ကျုပ်ရဲ့ဘဝမှာ တစ်ကြိမ်တည်းပဲ လူကြီးလူကောင်းဆန်ခဲ့ဖူးတယ်။ အဲ့ဒီဆုံးဖြတ်ချက်အတွက် ကျုပ် ၃ ရက်တိတိ နောင်တရလို့မဆုံး ဖြစ်ခဲ့ရတယ်။”
လင်ရှန်းအာက ရယ်မောလိုက်၏။ သူမ၏အသွင်အပြင်မှာ ထွက်ပြေးသွားလိုသောဟန် ရှိနေလေ၏။
သို့ရာတွင် လီဆွန်းဟွာက သူမ၏လက်မောင်းနှစ်ဘက်ကို ဆွဲထားလိုက်ပြီး သူ့ရင်ခွင်ထဲသို့ သူမ၏ခန္ဓာကိုယ်လေးကို ဆွဲသွင်းလိုက်တော့သည်။ “ယောက်ျားတစ်ယောက်ကို စိတ်ကြွလာအောင် မင်းက လေ့လာခဲ့ရုံတင်မကသေးဘူး၊ စိတ်ကြွလာတဲ့ယောက်ျားရဲ့ရှေ့ကနေ ထွက်ပြေးသွားဖို့ပါ ကြိုးစားနေတယ်ပေါ့။”
လင်ရှန်းအာ-“ဒီပညာတွေက ရှင်ပဲကျမကို သင်ပေးခဲ့တာမဟုတ်ဘူးလား။ ရှင့်ကိုဒီလိုနည်းနဲ့ပဲ မြှူဆွယ်ရမယ်လို့ ရှင်ပဲသင်ပေးခဲ့တာလေ။”

0 comments:
Post a Comment