လီဆွန်းဟွာ အရက်အိုးတစ်အိုးလုံးကုန်အောင် မော့သောက်လိုက်၏။ ပြီးနောက် ချောင်းတစ်ဟွပ်ဟွပ်ဆိုးနေပြန်ပြီး သူ၏ဖြူဖတ်ဖြူရော် မျက်နှာသည်လည်း နီတွတ်လာ၏။ ရင်ဘတ်ကိုလက်ဖြင့် ဖိထားလိုက်ပြီး ရေရွတ်နေလိုက်သည်။ “ ရှောင်းယွန်... ရှီးယင်... မင်းတို့နှစ်ယောက်ကို ငါဘယ်တော့မှ အဆိုးမဆိုပါဘူးကွာ။ လူတွေဘယ်လိုပဲပြောပြော မင်းတို့ငါ့ပေါ်မှာ ဘာအမှားတစ်ခုမှ မလုပ်ခဲ့ ကြပါဘူး။ တကယ်တမ်းမှားခဲ့တာက ငါပါကွာ...”
ရုတ်တရက် သစ်သားတံခါး ဗြန်းကနဲပွင့်ထွက်သွားခဲ့၏။
အခန်းထဲသို့ လူတစ်ယောက်တွားသွားပြီး ဝင်လာလေသည်။ ထိုသူမှာ အသားလုံးတစ်လုံးလိုပင် လွန်စွာမှပင်ဝဖိုင့်၏။ ဆံပင်နှင့်မုတ်ဆိတ်မွှေး... ပါးမြိုင်းမွှေးများရှုပ်ပွနေသည်မှာ နှစ်ပေါင်းများစွာ ရေမချိုးထားသူတစ်ယောက်ကဲ့သို့ပင်။
သူ့ထံမှ လွန်စွာမှပင်ပြင်းထန်သော အနံ့ဆိုးများထွက်နေ၏။
ထိုသူသည် အခန်းတွင်းသို့ တရွတ်တိုက်ဝင်လာလေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ခြေထောက်နှစ်ဘက်လုံး ကျိုးနေသောကြောင့်ပင်။
လီဆွန်းဟွာ၏မျက်ခုံးများ မြင့်တက်သွားခဲ့ရ၏။ “ ဒီနေရာမှာ အစားအစာအတွက် တောင်းရမ်းဖို့လာခဲ့တာဆိုရင် အချိန်ကော... နေရာကော... မှားနေတယ် ကိုယ့်လူ။”
ထိုသူမှာ ကြားပုံမပေါ်။ ဒုက္ခိတတစ်ယောက်ပင်ဖြစ်လင့်ကစား ထိုသူ၏ လှုပ်ရှားမှုများမှာ လွန်စွာမှပင်လျင်မြန်လှ၏။ တစ်လှိမ့်လှိမ့်လိုက်ရုံဖြင့် မီးဖို၏ရှေ့သို့ တမဟုတ်ချင်းရောက်ရှိလာခဲ့၏။
လီဆွန်းဟွာက မေးလိုက်၏။ “ခင်ဗျားလည်း ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီအတွက် လာခဲ့တာလား။”
ထိုသူ၏ဦးခေါင်း နည်းနည်းရှေ့တိုးလိုက်သော် လူသေအလောင်းဆီသို့ ရောက်ရှိသွား၏။ ထိုအလောင်းကောင်ထံ၌ ဝတ်စုံရှိနေသည်မဟုတ်ပါလော။
လီဆွန်းဟွာက အေးစက်စွာဖြင့် ပြောဆိုလိုက်သည်။ “ကျုပ်လက်ထဲက ဓားပျံက လူသတ်ဖို့ဝန်မလေးဘူးနော်။ ခင်ဗျား ခုချက်ချင်းရပ်လိုက်။။ ဒါမှမဟုတ်ရင် ဒီအခန်းထဲမှာ နောက်ထပ်လူသေတစ်ကောင် ထပ်တိုးလာလိမ့်မယ်။”
သူ့စကားအား ထိုသူမှလုံးဝအရေးစိုက်ခြင်းမရှိ။ လူသေကောင်ထံမှ ဝတ်စုံကို ချွတ်ယူလိုက်၏။ ထိုဝတ်စုံမှာ တစ်မူထူးခြားခြင်းလုံးဝမရှိဘဲ သာမန် ရွှေဝါရောင်ဝတ်စုံတစ်စုံပင်ဖြစ်၏။
ထိုသူက ဝတ်စုံကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ဗျိုင်းနဲ့ဂဏန်းတို့တိုက်ခိုက်ကြတဲ့အခါ ကြားထဲကတံငါသည် အမြတ်ထွက်တယ်ဆိုတဲ့စကား သိပ်မှန်တာပဲ။ အခုပဲကြည့်။ ဒီရတနာဝတ်စုံဟာ ကျုပ် လက်ထဲကိုရောက်လာပြီမဟုတ်လား။”
လီဆွန်းဟွာက အေးစက်စွာပြန်ပြောလိုက်၏။ “ဓားပျံက ကျုပ်လက်ထဲမှာရှိနေတုန်းပဲ။ ခင်ဗျားရဲ့စကားက သိပ်ပြီး မစောလွန်းနေဘူးလား။”
ထိုသူသည် လီဆွန်းဟွာ၏အနီးသို့ ဖားတစ်ကောင်ကဲ့သို့ခုန်ပြီးကျလာ၏။ လီဆွန်းဟွာကို လှည့်ပတ်ပြီး ဝါကျင်နေသောသွားများဖော်ကာ ပြုံးဖြီးဖြီးဖြင့်ကြည့်နေ၏။
ထို့နောက် တစ်မျှင်းမျှင်းရယ်မောပြီး ပြောဆိုလိုက်သည်။ “မင်းလက်ထဲမှာ ဓားပျံရှိနေတယ်ဆို သတ်လေ... ရှောင်လီရဲ့ဓားပျံ ဘယ်တော့မှပစ်မလွဲဆို... မင်းသာ မင်းရဲ့ဓားပျံကိုပစ်လွှတ်ခဲ့မယ်ဆိုရင် ငါလိုဒုက္ခိတတစ်ယောက်က ဘယ်လိုလုပ်ပြီး ရှောင်နိုင်မှာလဲ။”
လီဆွန်းဟွာက ပြုံးပြလိုက်သည်။ “ခင်ဗျားဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ။ ကျုပ်ခင်ဗျားကိုသတ်ဖို့ စိတ်မဝင်စားတော့ဘူး။”
ထိုလူထူးထူဆန်းက သဘောကျစွာရယ်မောနေ၏။ “မင်းအမှန်အတိုင်းမပြောချင်ရင်နေ... မင်းအစားငါကပဲပြောပြပေးမယ်။”
ထိုသူက ရယ်သံတစ်ဝက်ဖြင့် ဆက်၍ပြောဆိုနေ၏။ “လူတိုင်းက မင်းကို အဆိပ်မမိဘူးလို့ ထင်ခဲ့ကြတယ်။ မင်းအဆိပ်မိနေတာ ငါပဲသိတယ်။ မင်းကသိပ်တည်ငြိမ်လွန်းလို့ ကျန်တဲ့လူတွေအားလုံးကို လှည့်စားနိုင်ခဲ့တာပါကွာ။”
လီဆွန်းဟွာ၏အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပါ။ “တကယ်...”
ထိုလူထူးလူဆန်းမှ-“မင်းငါ့ကိုတော့လိမ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရက်ထဲမှာ ရှိနေတဲ့အဆိပ်က အနံ့အရသာလုံးဝမရှိဘူးဆိုတာ ငါသိနေလို့ပဲ။ မင်းနှာခေါင်းက ခွေးတစ်ကောင်ထက်ပိုပြီးအနံ့ခံနိုင်တယ်ဆိုဦးတောင်မှ ဒီအဆိပ်ကို မင်းဘယ်လိုမှအနံ့မခံနိုင်ပါဘူး။”
လီဆွန်းဟွာက ထိုလူအားခဏကြာစိုက်ကြည့်လိုက်ပြီး မချိပြုံးလေးပြုံးပြလိုက်လေတော့သည်။ “ခင်ဗျားက ဒီကိစ္စအတွက်သိပ်ကိုသေချာနေပါလား။”
ထိုလူထူးလူဆန်းက ရယ်မောနေ၏။ “သိပ်သေချာတာပေါ့... ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်ခပ်ထားခဲ့တဲ့ အဆိပ်ဖြစ်နေလို့ပဲ။ မင်းအဆိပ်မိ.. မမိဆိုတာ ငါပြောနိုင်တာပေါ့။ မင်းတစ်ခြားလူတွေကို လိမ်လို့ရပေမယ့် ငါ့ကိုတော့မရပါဘူး။”
လီဆွန်းဟွာ၏အမူအရာ လုံးဝမပြောင်းလဲသွားပါ။ သို့ရာတွင် သူ့မျက်လုံးများ အောက်ရှိ ကြွက်သားလေးများလှုပ်ခါသွား၏။ အတန်ကြာမှ သူ သက်ပြင်းချလိုက်၏။ “၁ ရက်တောင်မှမပြည့်သေးဘူး...ကျုပ်အတွက်ကြီးကြီးမားမားဖြစ်ရပ်တွေ ၆ ခု၊ ၇ ခုလောက် လာတွေ့နေရပါလား။ ကျုပ် တော်တော့်ကို ကံကောင်းနေလို့ပဲ ဖြစ်ရမယ်။”
လူထူးလူဆန်း-“ဘယ်သူ့လက်ချက်နဲ့ သေရတယ်ဆိုတာ မင်းမသိချင်ဘူးလား။”
လီဆွန်းဟွာ ပြန်ဖြေလိုက်၏။ “ကျုပ်ကလည်း မေးတော့မလို့ပါပဲ။”
လူထူးလူဆန်း-“မင်းကသိပ်ပြီးဗဟုသုတ ကြွယ်ဝနေတော့ကာ သိုင်းလောက ရဲ့လူဆိုး ၇ ယောက်ကိုသိမှာပေါ့။”
လီဆွန်းဟွာ၏ ခန္ဓာကိုယ်တစ်ချက်တုန်သွား၏။ “ဆိုးသွမ်း ၇ ဖော်...”
လူထူးလူဆန်း-“မှန်တယ်။ ဒီလူ ၇ ယောက်ရဲ့ ကောက်ကျစ်ဥာဏ်များမှုကတော့ အဆုံးစွန်ပဲ။ သူတို့တွေရဲ့သိုင်းပညာ မကောင်းလှပေမဲ့ ခိုးဝှက်တာတို့... လိမ်လည်တာတို့... လုယက်တာတို့မှာတော့ ပြိုင်ဘက်ကင်းပဲ...”
လီဆွန်းဟွာက မျက်တောင်ခတ်ပြီး မေးမြန်းလိုက်သည်။ “ဒါဆို ခင်ဗျားက ဆိုးသွမ်း ၇ ဖော်ထဲကတစ်ယောက်ပေါ့...”
လူထူးလူဆန်း-“ဆိုးသွမ်း ၇ ဖော်ထဲမှာ အကောက်ကျစ်ဆုံးတစ်ယောက်ကတော့...”
လီဆွန်းဟွာမှ ဖြည့်ပြောလိုက်၏။ “ပျားပန်းလူကြီးလူကောင်း...”
လူထူးလူဆန်း-“သိပ်မမှန်သေးဘူး။ သူ့နာမည်အပြည့်အစုံက နှလုံးမည်းလူကြီးလူကောင်း။ ဒီလူကဘာမှတော့ သိပ်မတတ်ဘူး။ သူဟာ လူကြောက်တစ်ယောက်။ ခိုးဝှက်တာတို့... မိန်းမအပျော်အပါးလိုက်စားတာတို့လည်း သိပ်မရှိဘူး။ ဒါပေမဲ့ အဆိပ်ပညာနဲ့ ပတ်သက်လာလို့ကတော့ အဆိပ် ၅ မျိုးကလေးဆိုးကတောင် သူ့ကို အဘိုးခေါ်ရလောက်တယ်။”
လီဆွန်းဟွာ-“ခင်ဗျား ဒီလူ့အကြောင်းတော်တော်သိနေတာပဲ။”
လူထူးလူဆန်းက ပြန်ဖြေလိုက်၏။ “သိရမှာပေါ့။ ဘာလို့လဲဆိုတော့ ငါကသူ... သူကငါဖြစ်နေလို့ပဲ။”
လီဆွန်းဟွာ ဘာမှပြန်မပြောတော့ဘဲ သက်ပြင်းသာချလိုက်တော့၏။
ပျားပန်းက သဘောကျစွာရယ်မောနေလိုက်သည်။ “ဆိုးသွမ်းလူကြီးလူကောင်း တစ်ယောက်ဟာ အသားလုံးကြီးလို ဝဖိုင့်နေလို့ မင်းအံ့ဩသွားလား။”
လီဆွန်းဟွာ-“ခင်ဗျားသာ မိန်းမတွေကိုမြှူဆွယ်နိုင်တယ်ဆိုရင် အဲဒီမိန်းမတွေ မျက်စိကန်းနေကြလို့ပဲဖြစ်ရမယ်။”
ပျားပန်း-“မင်းမှားသွားပြန်ပြီ။ သူတို့တွေမျက်စိမကန်းကြရုံတင် မကသေးဘူး ... သိပ်ကိုလှပတဲ့ မိန်းမတွေပေါ့။ လူတစ်ယောက်အတွက် နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရမယ်.. ခြေထောက်ကိုရိုက်ချိုးခံထားရမယ်.. အဆီအအိမ့်တွေချည်းပဲ အကျွေးခံထားရမယ်ဆိုရင် ဘယ်သူမဆို ဝဖိုင့်နေတဲ့ အသားလုံးကြီးတစ်လုံးဖြစ်လာမှာ အမှန်ပဲ။”
လီဆွန်းဟွာ-“စန့်ကွေမောင်နှံရဲ့ လက်ချက်ပေါ့...”
ပျားပန်းသည် ခဏမျှစဉ်းစားနေ၏။ ပြီးနောက် ပြုံးပြီးပြောဆိုလိုက်သည်။ “စောစောတုန်းက စန့်ကွေက မင်းကို ဇာတ်လမ်းတစ်ပုဒ် ပြောပြခဲ့တယ်မဟုတ်လား။ ငါမင်းကို နောက်တစ်ပုဒ်ထပ်ပြောပြမယ်။ ငါ့ဇာတ်လမ်းက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းမှာပါ။”
“တကယ်...”
ပျားပန်းက ဆက်ပြောနေလိုက်၏။ “အဲဒီတုန်းက ငါတော်တော့်ကို ကံဆိုးခဲ့ပါ တယ်။ ငါမိန်းမ တော်တော်လိုက်စားခဲ့တဲ့အချိန်ပေါ့... မုတ်ဆိတ်ကြီး ရဲ့မိန်းမ (ချင်းဝေ)ကို ငါမြှူဆွယ်ခဲ့တယ်။ ငါတို့နှစ်ယောက် ကလေးတစ်ယောက် ရခဲ့ကြပြီး ထွက်ပြေးခဲ့ကြတယ်။”
လီဆွန်းဟွာ အံ့အားသင့်သွား၏။ “ဒါဆို စန့်ကွေပြောတဲ့လူက ခင်ဗျားပေါ့။ ခင်ဗျားရဲ့အမှားအတွက် သူပေးဆပ်ခဲ့ရတာပေါ့။”
ပျားပန်း-“သူနည်းနည်းတော့ လိမ်ထားတယ်။ အဲဒီမိန်းမရဲ့ရတနာပစ္စည်းတွေကို ငါမခိုးခဲ့ပါဘူး။ ဒီမိန်းမသိပ်ကောက်ကျစ်လွန်းလို့ ခိုးချင်ရင်တောင်မှ ငါမခိုးနိုင်ခဲ့ပါဘူး။ ငါတို့နှစ်ယောက်ကို မုတ်ဆိတ်ကြီးက တကယ့်ကိုလိုက်ဖမ်းခဲ့တယ်။ ငါက လူကြောက်တစ်ယောက်မဟုတ်လား... ငါ့နေရာမှာအစားထိုးမယ့် ဓားစာခံတစ်ယောက်ရှာဖို့ သူ့ကိုတိုက်တွန်းခဲ့တယ်။ အစကတော့ သူလက်မခံခဲ့ဘူး။ စန့်ကွေရဲ့ မျက်နှာက ငါ့လောက်မဖြူလို့တဲ့။ နောက်တော့လည်း လက်ခံလိုက်ပါတယ်။”
လီဆွန်းဟွာ-“ခင်ဗျားတို့နှစ်ယောက်ပေါင်းပြီး ကြံစည်ခဲ့ကြတာပေါ့။”
ပျားပန်းက ဆက်၍ပြောနေသည်။ “ငါသူ့ကို အဲဒီတုန်းကစွန့်ပစ်ခဲ့မယ်ဆိုရင် သိပ်ကောင်းခဲ့မှာ။ ဒါပေမဲ့ သူနဲ့ပါလာတဲ့ ရတနာပစ္စည်းတွေကို ငါမက်မောနေခဲ့သေးတယ်။ အခြေအနေငြိမ်သက်သွားတဲ့တစ်နေ့ စန့်ကွေကိုသတ်ပြီး ငါတို့နှစ်ယောက်ပြန်ပေါင်းကြဖို့ သူ့ကိုငါပြောခဲ့တယ်။ သူတို့နှစ်ယောက် ကြိုက်သွားခဲ့ကြမယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ။ အဲဒီနောက်တော့ ငါ့ခြေထောက်တွေကို ရိုက်ချိုးပြီး သူတို့နှစ်ယောက် ငါ့ကိုအကျဉ်းချထားခဲ့တာ ခုဆိုရင် နှစ် ၂ဝ တောင်ရှိရော့မယ်။”
လီဆွန်းဟွာ မေးလိုက်၏။ “ခင်ဗျားကို သူဘာဖြစ်လို့မသတ်ခဲ့တာလဲ။”
ပျားပန်း-“မိန်းမတွေဘယ်လိုစဉ်းစားတယ်ဆိုတာသိခဲ့ရင် ငါအခုလိုအခြေအနေမျိုးရောက်နေပါ့မလား။ မိန်းမတွေရဲ့နှလုံးသားကို နားလည်ခဲ့တယ်လို့ထင်ထားခဲ့လို့ ငါအခုလိုဖြစ်နေတာပေါ့။ ယောက်ျားတစ်ယောက်ဟာ မိန်းမတွေကိုနားလည်တယ် လို့ထင်ထားခဲ့ရင် ဘယ်လိုပြဿနာမျိုးပဲကြုံကြုံ သူ့မှာခံနိုင်ရည်ရှိရမယ်။”
လီဆွန်းဟွာ-“သိပ်ကိုနားထောင်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။”
ပျားပန်း-“ပိုပြီးတော့နားထောင်လို့ကောင်းတဲ့ ဇာတ်လမ်း မင်းမကြားရသေးဘူး။”
“ဘာများဖြစ်နိုင်ပါလိမ့်...”
ပျားပန်း-“မင်းအဆိပ်မိပြီးတဲ့နောက် မင်းရဲ့ဓားပျံကို အသုံးမပြုနိုင်ရုံတင်မကသေးဘူး ...မင်းအတွက်အသက်ရှင်ဖို့ နောက်ထပ် ၆ နာရီ လောက်ပဲကျန်တော့တယ်။ ဒါကြောင့် မင်းကိုငါမသတ်တော့ပါဘူး။ သေဆုံးဖို့စောင့်ဆိုင်းနေတဲ့ လူတစ်ယောက်ရဲ့ ဒုက္ခ… မင်းကိုခံစားကြည့်စေချင်လို့။”
လီဆွန်းဟွာက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။ “ဒါ့အတွက်တော့ မလိုအပ်ပါဘူး။ ကျုပ် သေခြင်းတရားကိုစောင့်နေခဲ့တာ အကြိမ်ပေါင်းများစွာရှိနေပြီ။”
ပျားပန်းက ရယ်မောနေလိုက်သည်။ “ဒီတစ်ကြိမ်ဟာနောက်ဆုံးအကြိမ် ဖြစ်ရမယ်လို့ ငါအာမခံတယ်။”
လီဆွန်းဟွာက ပြုံးပြလိုက်၏။ “ဒီလိုဆိုရင် ကျုပ်အတွက်ပြောစရာ ဘာမှမရှိတော့ဘူး။ အပြင်မှာ နှင်းမုန်တိုင်းတိုက်နေတယ်။ ခင်ဗျားဘယ်လိုလုပ်ပြီး ခရီးသွားမှာလဲ။”
ပျားပန်း-“စိတ်မပူပါနဲ့။ ငါ့ခြေထောက်တွေ ကျိုးနေပေမယ့်လည်း မြင်းတော့စီးနိုင်ပါသေးတယ်။”
“ဒီလိုဆိုရင်တော့ ဘေးကင်းပါစေ... ခင်ဗျားကို အပြင်ထိ လိုက်မပို့နိုင်တာကိုတော့ စိတ်မကောင်းပါဘူး။”
မြင်းခွာသံများ တဖြည်းဖြည်း ဝေး၍ဝေး၍သွားလေသည်။
လီဆွန်းဟွာဆက်၍ ထိုင်နေလိုက်၏။ ပြီးနောက် အရက်အိုးကိုနမ်းကြည့်လိုက်ပြီး-“ဘာမှ အနံ့အရသာမရှိတာသေချာတယ်။ သိပ်ကောင်းတဲ့အဆိပ်ပညာပါလား။”
အဆိပ်အရက်အိုးတစ်အိုးလုံး သူမော့ချလိုက်၏။
ထို့နောက် တစ်ယောက်တည်းတီးတိုးရေရွတ်နေလေ၏။ “လီဆွန်းဟွာ... လီဆွန်းဟွာ... မင်းသေသင့်တာ ကြာလှပြီ။ သေရတာများ ဘာထူးဆန်းလို့လဲ။ တစ်ခုပဲ... လူသေတွေနဲ့အတူ မီးဖိုထဲမှာတော့ မင်းမသေသင့်ဘူး။”
ထို့နောက် မတ်တတ်ထရပ်လိုက်ပြီး ယိမ်းယိုင်စွာဖြင့် တံခါးဝမှအပြင်သို့ ထွက်လျှောက်သွားလိုက်၏။
နှင်းပြင်ပေါ်၌ ခြေရာများတစ်ခုနှင့်တစ်ခု ကြက်ခြေခတ်နေပြီး အရှေ့တောင်အရပ်ဆီသို့ ဦးတည်သွားနေ၏။
အသန့်ရှင်းဆုံးနေရာအား လီဆွန်းဟွာ ရွေးချယ်လိုက်သည်။ ထို့နောက်ထိုင်ချလိုက်ကာ မပြီးဆုံးသေးသော သစ်သားရုပ်လေးကို ထုတ်ယူလိုက်၏။
အရုပ်ကလေးမှာ သူ့အားစိုက်ကြည့်နေသယောင်...
လီဆွန်းဟွာ ရုတ်တရက် ရယ်မောလိုက်သည်။ “မင်းဘာဖြစ်လို့ ငါ့ကိုစိုက်ကြည့်နေရတာလဲ။ ငါဟာ လေလွင့်ရွက်ဝါပါ။ အရက်ချိုးပါ။ ရှောင်းယွန်ကို လက်ထပ်ခဲ့တာ မင်းမှန်ပါတယ်။ မှားခဲ့တာက ငါပါ။”
ဓားပျံလေးဖြင့် ဆက်၍ထုဆစ်ရန်ကြိုးစားလိုက်သော်လည်း သူ့၌ အားအင်ဟူ၍ တစ်စက်မျှမကျန်တော့ချေ။
သူချောင်းအဆက်မပြတ်ဆိုးနေ၏။ ချောင်းတစ်ဟွပ်ဟွပ် ဆိုးလိုက်သံတိုင်းသည် ရှီးယင်.. ရှီးယင်.. ဟုခေါ်ဆိုနေသည့်အလား...
ရှီးယင်မှ ကြားနိုင်ပါ့မလား...
ရှီးယင်မှ လုံးဝမကြားနိုင်ပါ။ သို့သော် တစ်ယောက်သောသူကတော့ ကြားခဲ့၏။
မြင်းလှည်းမောင်းသမားသည် လီဆွန်းဟွာအား ကျောပိုး၍ပြေးနေ၏။ သစ်ပင်များရိပ်ကနဲရိပ်ကနဲ နောက်၌ကျန်ခဲ့၏။
“ကျုပ်တို့ ခြေထောက်ကျိုးနေတဲ့ ဝဖိုင့်ဖိုင့်လူတစ်ယောက်ကို ၂ နာရီ အတွင်း တွေ့အောင်ရှာနိုင်ရင် ကျုပ်အသက်ရှင်ကောင်းရှင်လိမ့်မယ်။ အဆိပ်ခပ်သွားတဲ့လူဆီမှာ ဖြေဆေးရှိနိုင်တယ်။”
ဤစကားမှာ လီဆွန်းဟွာ အားညှစ်ပြီး နောက်ဆုံးပြောလိုက်သောစကားလည်း ဖြစ်၏။
မြင်းလှည်းမောင်းသမားမှာ အားသွန်ခွန်စိုက်ပြီးပြေးနေ၏။ ဓားသွားကဲ့သို့ ထက်မြည့်လှသော လေကိုဆန်၍ ပြေးနေခြင်းဖြစ်သောကြောင့် ကျဆင်းလာသော မျက်ရည်များမှာ ရေခဲအဖြစ်အေးခဲကုန်လေသည်။
ရုတ်တရက် အဝေးတစ်နေရာဆီမှ အသံတစ်သံ ကြားလိုက်ရ၏။
မြင်းလှည်းမောင်းသမားမှ တွေဝေသွားပြီး အသံကြားရာသို့ ပြေးထွက်သွား၏။ လမ်းမပေါ်၌ မြင်းတစ်ကောင်လဲကျနေ၏။ သူ ပျားပန်းအား မတွေ့ပါ။ ပျားပန်း၏ သက်မဲ့ခန္ဓာကိုယ်ကိုသာ တွေ့လိုက်ရ၏။
အလောင်းပေါ်၌ လက်နက်ပုန်းများစွာ စိုက်ဝင်နေ၏။ မြင်းလှည်းမောင်းသမား စိတ်မသက်မသာဖြစ်သွားသော်လည်း အခြေအနေကို နားလည်လိုက်၏။
သူအလျင်အမြန်ပင်မေးလိုက်၏။ “ဒီလူလား...” ဤလူသေအလောင်းမှာ လီဆွန်းဟွာ ပြောခဲ့သူမဟုတ်ပါစေနှင့်ဟု ဆုတောင်းလိုက်၏။
လီဆွန်းဟွာ-“ဟုတ်တယ်... သူပဲ...”
မြင်းလှည်းမောင်းသမားက လီဆွန်းဟွာအား အနွေးထည်ဖြင့်ပတ်ပေးလိုက်ကာ သစ်ပင်တစ်ပင်၏ခြေရင်း၌ ထိုင်ချပေးလိုက်သည်။ “သူ့ကိုယ်ပေါ်မှာ ဖြေဆေးရှိချင်ရှိနိုင်တယ်။ ကျနော်သွားကြည့်လိုက်ဦးမယ်။”
လီဆွန်းဟွာ-“လက်နက်ပုန်းတွေနဲ့မထိစေနဲ့... သတိထား”
သူ့အသက်လုနေရချိန်တွင်ပင် သူများအတွက် တွေးပူပေးနေသည်ပါတကား...
မြင်းလှည်းမောင်းသမား၏ ရင်ဘတ်ထဲနွေးထွေးသွား၏။ မျက်ရည်မကျအောင် စိတ်တင်းထားလိုက်ပြီး ဖြေဆေးကို အလောင်းပေါ်၌ သေသေချာချာ ရှာဖွေနေလေသည်။
အတန်ကြာရှာဖွေနေပြီး မတ်တတ်ထရပ်လိုက်၏။
လီဆွန်းဟွာ-“ဖြေဆေးတွေ့လား...”
ဤတစ်ကြိမ်တွင်တော့ မြင်းလှည်းမောင်းသမား စကားပြန်မပြောနိုင်တော့ပါ။
လီဆွန်းဟွာက ချိနည့်စွာပြုံးပြလိုက်၏။ “နှစ်ပေါင်းများစွာ အကျဉ်းချခံထားရတဲ့သူ့ဆီမှာ ဖြေဆေးမရှိနိုင်ဘူးဆိုတာ ကျုပ်သိသင့်တယ်။”
မြင်းလှည်းမောင်းသမားသည် လက်သီးကိုတင်းကြပ်စွာဆုပ်လိုက်ပြီး သူ့ဦး ခေါင်းကိုသူထုရိုက်နေရာမှ မေးမြန်းလိုက်သည်။ “လူသတ်သမားကိုသိရင်... အဲဒီလူ ယူသွားတာကော မဖြစ်နိုင်ဘူးလား။”
လီဆွန်းဟွာက မျက်လုံးများကို ဖြည်းလေးစွာပိတ်လိုက်လေတော့သည်။ “ဟုတ်ချင်မှ...လည်း...ဟုတ်မှာပါ။”
မြင်းလှည်းမောင်းသမား-“လက်နက်ပုန်းတွေက သိပ်ပြီး သမာရိုးကျဆန်လွန်းနေတော့ ဘယ်သူသုံးမှန်းမသိနိုင်ဘူး။ ကိုယ်ပေါ်မှာအများကြီး စိုက်ဝင်နေတာဆိုတော့ လူအများစုရဲ့လက်ချက်လို့လည်း ကောက်ချက်ချနိုင်တယ်။”
“အင်း...”
လီဆွန်းဟွာ၏ အသက်ရှူသံများ နှေးကွေးလာ၏။ သူများ၏အန္တရာယ်အတွက် အမြဲတမ်း စိုးရိမ်ပူပန်ပေးလေ့ရှိသော်လည်း သူ့အတွက်ကိုမူ သိပ်ဂရုမစိုက်ချေ။
မြင်းလှည်းမောင်းသမားက မြေကြီးကိုလက်ဖြင့်ပုတ်ပြီး ပြောဆိုလိုက်သည်။ “ဘယ်သူ့လက်ချက်လဲဆိုတာ ကျနော်သိပြီ...”
“ဟမ်...”
လီဆွန်းဟွာ လဲလျောင်းနေသောနေရာသို့ သူအပြေးလေးရောက်လာခဲ့သည်။ “လူတစ်ယောက်တည်းရဲ့လက်ချက်... လူတစ်ယောက်တည်းက လက်နက်ပုန်း ၁၃ မျိုးပစ်လွှတ်ခဲ့ပြီး လုပ်ကြံခဲ့တာ...”
“ဟင်...”
“သူ့ကိုယ်ပေါ်မှာ လက်နက်ပုန်း ၁၃ မျိုး စိုက်ဝင်နေတယ်။ လက်နက်ပုန်း တစ်ခုတည်းနဲ့တင် သူ့အသက်ကိုချွေယူသွားနိုင်တယ်။ ဒီလို ရက်စက်တဲ့လူတစ်ယောက် သိုင်းလောကမှာ နောက်တစ်ယောက်ထပ်မရှိနိုင်တော့ဘူး။”
လီဆွန်းဟွာက သက်ပြင်းချလိုက်သည်။ “မှန်တယ်... လူတစ်ယောက်တည်းရဲ့ လက်ချက်ပဲ... လက်တစ်ထောင်လျူ့ချာ... နောက်ဆုံးတော့ ပျားပန်းဟာ မိန်းမတစ်ယောက်ရဲ့လက်ချက်နဲ့ပဲ အသက်ထွက်ခဲ့ရတာပဲ။”
မြင်းလှည်းမောင်းသမား-“သူကလွဲပြီး ဘယ်သူမှ လက်နက်ပုန်း ၁၃ မျိုးကို တစ်ပြိုင်တည်းပစ်နိုင်တဲ့သူ သိုင်းလောကမှာ မရှိသေးဘူး။”
သူတွေဝေသွားပြီး လီဆွန်းဟွာကို မေးမြန်းမိလိုက်လေသည်။ “သခင်လေး အစောကြီးကတည်းက သိနေခဲ့ပြီးသားမဟုတ်လား။”
လီဆွန်းဟွာက နာနာကျင်ကျင်ပြုံးပြလိုက်လေသည်။ “ကျုပ်သိသည်ဖြစ်စေ.. မသိသည်ဖြစ်စေ ဘာများထူးခြားလာမှာမို့လို့လဲ။ လက်တစ်ထောင်လျူ့ချာက လျှို့လျှိ့ဝှက်ဝှက် လုပ်တတ်တဲ့သူတစ်ယောက်။ ခုလောက်ဆို အဝေးကြီးကိုတောင် ရောက်နေလောက်ပြီ။ သူ့နောက်လိုက်နေစရာ မလိုတော့ပါဘူး။”
မြင်းလှည်းမောင်းသမား-“ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုမတွေ့တွေ့ အောင်ကိုရှာမှကိုဖြစ်မယ်။”
လီဆွန်းဟွာ ခေါင်းခါရမ်းပြလိုက်သည်။ “ရှာမနေပါနဲ့တော့ဗျာ။ ကျုပ်အတွက် အရက်သာရှာပေးပါ။ အရက်သောက်ပြီး အေးအေးဆေးဆေး သေပါရစေ။ ကျုပ် ခင်ဗျားကို အမြဲပဲ ကျေးဇူးတင်နေမှာပါ။ ကျုပ်သိပ်ပင်ပန်းနေပြီ။ ငြိမ်းငြိမ်းချမ်းချမ်းလေး အနားယူပါရစေလားဗျာ။”
မြင်းလှည်းမောင်းသမားက ဒူးထောက်ထိုင်ချလိုက်၏။ သူ့မျက်ရည်များအား မထိန်းနိုင်တော့ပါ။ “သခင်လေး... သခင်လေးပင်ပန်းနေပြီဆိုတာ ကျနော်သိပါ တယ်။ ဒီနှစ်တွေထဲမှာ သခင်လေးတစ်ခါမှ ပျော်ရွှင်တယ်ဆိုတာ မတွေ့ဖူးဘူး။ ဒုက္ခ သုက္ခတွေနဲ့ အထီးကျန်ဝမ်းနည်းမှုတွေဟာ လူတစ်ယောက်ကို ပင်ပန်းစေတယ်ဆိုတာ ကျနော်သိပါတယ်။”
လီဆွန်းဟွာ၏မျက်နှာအား တင်းကျပ်စွာပွေ့ဖက်ထားပြီး သူ ပြောဆိုနေ၏။ “ဒါပေမဲ့ သခင်လေးသေလို့မဖြစ်သေးဘူး။ လေလွင့်ရွက်ဝါတစ်ယောက်လို၊ အရက်ချိုးတစ်ယောက်လို သခင်လေးသာသေခဲ့မယ်ဆိုရင် လီသခင်ကြီးဟာ နောင်ဘဝမှာ ဘယ်လိုမှ အသေဖြောင့်မှာမဟုတ်ဘူး။”
လီဆွန်းဟွာက မျက်လုံးများမှိတ်လိုက်၏။ ကျလာသောမျက်ရည်များ အေးခဲကုန်လေပြီတကား...
သို့သော် သူအပြုံးမပျက်ပါ။ “လေလွင့်ရွက်ဝါ... အရက်သမား... မဆိုးပါဘူးဗျာ။ အနည်းဆုံးတော့ ဟန်ဆောင်နေကြတဲ့ လူကြီးလူကောင်းဆိုတာတွေထက် သာပါသေးတယ်။”
မြင်းလှည်းမောင်းသမား၏ မျက်ရည်များမတိတ်သေးပါ။ “ဒါ... ဒါပေမဲ့ သခင်လေးဟာ အကောင်းဆုံး ဂုဏ်ကျက်သရေရှိသူတစ်ယောက်ပါ။ သခင်လေးရဲ့ ကြင်နာမှုတွေဟာ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ ဘာဖြစ်လို့များ ကိုယ့်ကိုကိုယ် နှိပ်စက်နေရတာလဲဗျာ... လင်ရှီးယင်ဆိုတဲ့ မိန်းမတစ်ယောက်အတွက် တန်လို့လား ...”
လီဆွန်းဟွာ၏ မျက်လုံးများတောက်ပြောင်လာပြီး စိတ်ဆိုးစွာ အော်ငေါက်လိုက်၏။ “တိတ်စမ်း... ခင်ဗျား သူ့နာမည်ကို ပြောထွက်ရဲသေးတယ်လား။”
မြင်းလှည်းမောင်းသမားက ခေါင်းကိုငုံ့ထားလိုက်လေတော့သည်။ “ကျနော် မှားသွားပါတယ်။”
လီဆွန်းဟွာက သူ့အားအကြာကြီးစိုက်ကြည့်နေလိုက်ပြီးနောက် မျက်လုံးများ ပြန်မှိတ်ထားလိုက်၏။ “ဟုတ်ပြီလေ... ခင်ဗျားက သိပ်ရှာချင်နေမှတော့ ကျုပ်တို့သူ့ကို သွားရှာကြတာပေါ့။ ဒီလောက်ကျယ်ပြောတဲ့ လောကကြီးမှာ ကျုပ်တို့အတွက် အချိန်နည်းနည်းလေးပဲ ကျန်တော့တယ်။ ဘယ်ကိုသွားရှာကြမှာလဲ။”
မြင်းလှည်းမောင်းသမား ချက်ချင်းပင်ထရပ်လိုက်၏။ “ခါးသီးစွာခံစားနေရတဲ့ နှလုံးသားပိုင်ရှင်တွေကို နတ်ကောင်းနတ်မြတ်တွေ မစပါလိမ့်မယ်။ ကျနော်တို့ သူ့ကို သေချာပေါက်ရှာတွေ့မှာပါ။”
လီဆွန်းဟွာအား ကျောပိုးရန်ပြင်လိုက်စဉ်မှာပင် သစ်ပင်ပေါ်မှ နှင်းများသူ့ ကိုယ်ပေါ်သို့ ကျလာ၏။ နှင်းဖတ်များနှင့်အတူ သွေးစက်များကိုပါ သူ တွေ့လိုက်ရသည်။
သစ်ပင်ပေါ်၌ လူတစ်ယောက် ရှိနေလေသည်...
လူသေတစ်ယောက်... လူသေမိန်းမတစ်ယောက်...
သူမသည် ပင်စည်ကြား၌ညှပ်နေ၏။ ခန္ဓာကိုယ်မှာ အေးခဲနေလေပြီ။ သူမ၏ ရင်ဝ၌ ဓားတိုတစ်ချောင်း နောက်ကျောသို့ ထိုးဖောက်ကာ သစ်ပင်၏ပင်စည်သို့ စိုက်ဝင်နေ၏။
သူတို့နှစ်ယောက်မှာ မြေကြီးပေါ်မှလူသေကိုသာတွေ့ခဲ့ကြ၏။ သစ်ပင်ပေါ်၌ လူသေတစ်ယောက်ရှိနေမှန်း မသိခဲ့ကြချေ။ မြင်းလှည်းမောင်းသမားကသစ်ပင်ပေါ်သို့ သိမ်းငှက်တစ်ကောင်အလား ခုန်တက်သွားပြီး လူသေကောင်အား မြေကြီးပေါ်သို့ ချယူလာ၏။
နှင်းများမျက်နှာပေါ်၌ ဖုံးအုပ်နေသောကြောင့် သူမ၏အသက်အား မခန့်မှန်းနိုင်ပေ။ သို့ရာတွင် မသေခင်က လွန်စွာချောမောလှပခဲ့မည်မှာ အသေအချာပင်။
လီဆွန်းဟွာ သဘောကျစွာရယ်လိုက်၏။ “နတ်ကောင်းနတ်မြတ်တွေက လောလောလတ်လတ်ကြီးကို ကျုပ်တို့ကို ဆောင်မလိုက်ပြီဗျို့... ရှာစရာမလိုတော့ဘူး။ ချက်ချင်းကြီးကို ကျုပ်တို့ရှေ့ပို့ပေးလိုက်တာပါပဲလား။”
မြင်းလှည်းမောင်းသမားက သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ “လက်တစ်ထောင်လျူ့ချာဟာ တော်တော့်ကို ကောက်ကျစ်ရက်စက်တယ်လို့ ကြားဖူးတယ်။ ဘာဖြစ်လို့များ လူသတ်သမားက သူ့အင်္ကျီတွေ ချွတ်ယူသွားခဲ့ရတာလဲ။”
လီဆွန်းဟွာ-“သူ့အဝတ်အစားတွေက တန်ဖိုးရှိလို့ဖြစ်မှာပေါ့။”
မြင်းလှည်းမောင်းသမား၏ မျက်လုံးများတောက်ပသွားခဲ့၏။ “ဟုတ်တယ်... သူ့အဝတ်အစားတွေကို သိပ်ဂရုစိုက်တယ်လို့ လူတွေကပြောကြတယ်။ သူ့အဝတ်အစားမှာ ရွှေတွေ.. ကျောက်သံပတ္တမြားတွေနဲ့ဆင်ထားခဲ့မှာ အသေအချာပဲ။”
လီဆွန်းဟွာက ခါးသီးစွာရယ်မောနေလိုက်သည်။ “သမင်ချိုတွေသာ တန်ဖိုးမရှိခဲ့ဘူးဆိုရင်.. ဒါမှမဟုတ် သမင်တွေမှာချိုတွေသာ ပါမလာခဲ့ဘူးဆိုရင်.. မုဆိုးတွေ သမင်အမဲလိုက်ကြမှာတောင်မဟုတ်ဘူး။”
“လူသတ်သမားက ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီအတွက် လူသတ်ခဲ့တယ်... တန်ဖိုးပိုပြီးနည်းတဲ့ ကျန်အဝတ်အစားတွေကိုလည်း အလွတ်မပေးဘူး။ ဒီလိုလောဘကြီးတဲ့လူ တစ်ယောက်ထဲပဲရှိတယ်...”
လီဆွန်းဟွာ-“ခင်ဗျားပြောတာမှန်တယ်။ ကျုပ်လဲ အဲဒီတစ်ယောက်လို့ပဲထင်တယ်။”
မြင်းလှည်းမောင်းသမားက ဝမ်းသာအားရပြောလိုက်၏။ “အခေါင်းထဲကလက်.. ငွေအတွက်သေ...”
လီဆွန်းဟွာ-“အဲဒီဓားကို နှုတ်ကြည့်လိုက်ပါဦး...”
ဓားပုံစံမှာ လှပစွာသွန်းလောင်းထားပြီး ဓားလက်ကိုင်၌ရတနာများစီခြယ်ထားလေသည်။
လီဆွန်းဟွာ-“ယို့ရှန်ဟာ ငွေကိုအသက်လို့ထင်တဲ့လူ... ဘာလို့ ဒီတန်ဖိုးကြီးတဲ့ဓားကို ထားခဲ့ရတာလဲ။”
မြင်းလှည်းမောင်းသမားက ခဏကြာမျှစဉ်းစားနေ၏။ “ဒီလိုတန်ဖိုးကြီးတဲ့ဓားတွေ သိုင်းလောကမှာ သိပ်ရှိတာမဟုတ်ဖူး။ ဖန်းရှောင်အန်းရဲ့ လက်ချက်များလား...”
လီဆွန်းဟွာ-“ဟုတ်တယ်... သူတို့နှစ်ယောက်ပေါင်းရဲ့လုပ်ကြံမှုပဲ။”
မြင်းလှည်းမောင်းသမား-“တစ်ယောက်ကငွေကို အသက်လိုခင်တွယ်တယ်... ကျန်တစ်ယောက်က ငွေကိုအမှိုက်လို့မြင်တယ်။ ဆန့်ကျင်ဘက်လူနှစ်ယောက် ဘယ်လိုလုပ်ပြီးများ ပေါင်းမိသွားကြပါလိမ့်။”
လီဆွန်းဟွာက ရယ်မေနေလိုက်သည်။ “ဆရာဖန်းက အဝတ်အစား.. အစားအသောက်.. အနေအထိုင်.. ခရီးသွား... နေရာတိုင်းမှာ အကောင်းကြိုက်တယ် အသုံးအဖြုန်းကြီးတယ်လို့ နာမည်ကြီးတယ်။ သူ့နောက် တကောက်ကောက်လိုက်နေတဲ့အတွက် ယို့ရှန်လည်း အကျိုးရှိတာပေါ့။ မဟုတ်ဘူးလား။”
မြင်းလှည်းမောင်းသမား၏မျက်နှာဝင်းလက်သွားခဲ့၏။ “ဒါ ကျနော်တို့အတွက် မဟာအခွင့်အရေးပဲ... ဒီလောက်ဆိုးရွားတဲ့ ရာသီဥတုကြီးမှာ ဖန်းရှောင်အန်း မြင်းစီးမှာမဟုတ်သလို လမ်းလျှောက်မှာလည်း မဟုတ်ဘူး။ မြင်းလှည်းထဲမှာ ရှိနေလိမ့်မယ်။ သူတို့တွေ မြင်းလှည်းနဲ့သွားကြတာဆိုရင် ကျနော်တို့ လိုက်လို့မီသေးတယ်။”
လမ်းမပေါ်၌လှည်းဘီးရာများ ထင်ကျန်နေ၏။ ထိုသူများ မြင်းလှည်းဖြင့် တကယ်ထွက်သွားခဲ့ကြခြင်းဖြစ်၏။
ဤမြင်းလှည်းမျိုးမှာ ဇိမ်ခံအမျိုးအစားဖြစ်ပြီး အမြန်မမောင်းနိုင်ပေ။
မြင်းလှည်းမောင်းသမားက အားကုန်ထုတ်၍ အမြန်ဆုံးပြေးနေ၏။ လူတစ်ယောက်ကို နောက်ကျောပေါ်တွင် လွယ်ပိုးထားသော်လည်း သူ့လှုပ်ရှားမှုများမှာ လျင်မြန်သွက်လက်လှ၏။ ဤမျှကောင်းသော ကိုယ်ဖော့ပညာရှင်တစ်ယောက်က အစေအပါးဖြစ်နေသည်မှာ လုံးဝမယုံနိုင်စဖွယ်။ ဤမျှ ကိုယ်ဖော့ပညာကောင်းသူတစ်ယောက်သည် နာမည်မဲ့တစ်ယောက်တော့မဖြစ်နိုင်ချေ။
ခဏကြာသော် လှည်းဘီးရာအဆုံးကို သူတွေ့လိုက်ရ၏။ ဤနေရာ၌ လှည်းဘီး ရာများ ထင်ကျန်ခဲ့သည်မှာ အနည်းဆုံး ၄-၆ နာရီအတွင်းရှိနေပြီဖြစ်သည်။
ထိုနေရာမှ လမ်းသေးလေးတစ်လမ်း ခွဲထွက်နေသည်ကို သူတွေ့လိုက်၏။ ထို လမ်းသေးလေးမှာ ကြွယ်ဝချမ်းသာသူတစ်ယောက်၏ သင်္ချိုင်းဂူတစ်ခုရှိရာသို့ ဖောက်ထားသည့်အလား။
ထိုလမ်းနောက်သို့ သူလိုက်သွား၏။ အမှန်တကယ်ပင် လမ်းဆုံးတစ်ခု ဖြစ်နေလေသည်။
မြင်းလှည်းမှာ အုတ်ဂူရှေ့၌ရပ်နေ၏။ မြင်းများမှာ မရှိတော့ပေ။ သိုးသားရေဝတ်စုံများဖြင့် လူ ၃ ယောက် မြေကြီးပေါ်တွင် လဲကျနေကြ၏။ အသက် ၄ဝ ခန့်.. မုတ်ဆိတ်မွှေး၊ ပါးမြိုင်းမွှေးများကို သပ်ရပ်စွာရိပ်သင်ထားပြီး သန့်ရှင်းသောအဝတ်အစားများဖြင့် လူတစ်ယောက် မြင်းလှည်းအတွင်း၌ ထိုင်နေ၏။
အဖိုးတန်လက်စွပ်အား ဝတ်ဆင်ထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူ့အား ဖန်းရှောင်အန်းဖြစ်မှန်း သိနိုင်လေသည်။
သူ့ဘေးတွင် မိန်းမ ၂ ယောက်လဲကျနေ၏။ ထိုသူများမှာ အားလုံး အကြောပိတ်ခံရပြီး သေဆုံးနေကြခြင်းဖြစ်၏။
လူသတ်သမား ဘယ်သူလဲ...
မြင်းလှည်းမောင်းသမား-“ယို့ရှန်ရဲ့ လက်ချက်များလား...”
သူ့စကားမဆုံးခင်မှာပင် နောက်ထပ်အလောင်းတစ်လောင်း အုတ်ဂူ၏ဘေး၌ တွေ့လိုက်ရပြန်၏။ နဖူးပြောင်ပြောင်နှင့် မြေကြီးပေါ် မျက်နှာအပ်၍လဲကျနေ၏။ သူ့လက် ၂ ဘက်မှာအသီးသီး ဆုပ်ကိုင်ထား၏။ မသေခင်အချိန်လေးတွင် တစ်စုံတစ်ရာအား လွတ်ထွက်မသွားစေရန် ဆုပ်ကိုင်ထားပုံရသော်လည်း မအောင်မြင်ခဲ့ချေ။
ထိုသူမှာ ယို့ရှန်ပင်။ နောင်သောအခါ အခေါင်းထဲမှ မည်သည့် ပစ္စည်းကိုမျှ နှိုက်ယူနိုင်တော့မည်မဟုတ်ချေ။
လီဆွန်းဟွာ-“လူတစ်ယောက်ဟာ လောင်းကစားသည်ဖြစ်စေ.. ပြည့်တန်ဆာခန်းတွေသွားသည်ဖြစ်စေ ဘာမှမဟုတ်သေးဘူး။ လူပေါင်းမမှားဖို့တော့လိုတယ်။ ဒါမှမဟုတ်ရင်တော့ ဖန်းရှောင်အန်းလို ဇာတ်သိမ်းလှမှာမဟုတ်ဘူး။ သူ့ကို ဘယ်သူ သတ်သွားမှန်းတောင် သိလိုက်ပုံမရဘူး။”
“ဒါပေမဲ့...”
လီဆွန်းဟွာက ဆက်ပြောလိုက်၏။ “ဖန်းရှောင်အန်းကလွဲလို့ ကျန်တဲ့လူအားလုံး မယုံကြည်နိုင်သလို ဖြစ်နေကြတယ်။ ယို့ရှန် ဒီလိုလုပ်လိမ့်မယ်လို့ သူတို့ထင်ထားခဲ့ကြပုံမရဘူး။ အထူးသဖြင့်တော့ ဟိုမိန်းမ ၂ ယောက်... မသေခင်မှာ ယို့ရှန်နဲ့ အတူနေခဲ့ကြပုံရတယ်။ သူတို့ကိုကြည့်ရတာ ယို့ရှန် ဒီလိုလုပ်လိမ့်မယ်လို့ မယုံကြည်ခဲ့ကြသလိုပဲ...”
မြင်းလှည်းမောင်းသမားက ချက်ချင်းပြောလိုက်၏။ “ယို့ရှန်ရဲ့ လက်ချောင်းသိုင်းဟာ ရှန်စီးနယ်မှာ နံပါတ် ၁ လို့ပြောကြတယ်။ ဝိညဉ်နှုတ်လက်ညှိုး ၏လို့တောင် တင်စားခဲ့ကြတယ်။ ကြည့်ရတာ သူ့လက်ချက်ကတော့အမှန်ပဲ... ဒါပေမဲ့...”
လီဆွန်းဟွာ-“ယို့ရှန်ဟာ ဖန်းရှောင်အန်းနဲ့ အတူတူရှိခဲ့ကြတာ ကြာပြီနဲ့တူတယ်။ ဒီတစ်ကြိမ်တော့ ဖန်းရှောင်အန်းက ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီကို လိုချင်ခဲ့ပုံရတယ်။ ယို့ရှန်ကလည်းအကြံသမားဆိုတော့ ဖန်းရှောင်အန်းကို ကူညီခဲ့တာပေါ့။ ယို့ရှန်ဟာ နောက်ဆုံးတော့ လောဘကြောင့် မိတ်ဆွေသူငယ်ချင်းဆိုတာ မရှိတော့ဘဲ အကုန်လုံးကိုသတ်ခဲ့တာပဲ...”
“သူလည်းသေရတာပဲ မဟုတ်လား...”
လီဆွန်းဟွာက ရယ်မောလိုက်၏။ “သူဒီလုပ်ကြံမှုကြီးလုပ်နေချိန်မှာ တစ်ယောက်ယောက်က အုတ်ဂူနောက်ကနေ ချောင်းကြည့်နေပုံရတယ်။ အဲဒါကို ယို့ရှန် ကပြန်တွေ့သွားပြီးတော့ အဲဒီလူကိုနှုတ်ပိတ်ဖို့ ကြိုးစားတော့တာပဲ။ ဟားဟားဟား... သူနှုတ်မပိတ်လိုက်ရဘဲ သူ့နှုတ်ပဲ ရာသက်ပန် ပိတ်သွားခဲ့ရတယ်။”
“ဒါပေမဲ့ ယို့ရှန်ရဲ့ သိုင်းပညာက တော်တော်ကောင်းနေတာပဲ... ဘယ်သူက သူ့ကိုသတ်နိုင်မှာလဲ...”
သူအုတ်ဂူနားသို့ လျှောက်သွားလိုက်၏။ ယို့ရှန်၏ခန္ဓာကိုယ်ပေါ်၌ မည်သည့် ဒဏ်ရာမျှ မရှိနေပါ။ လည်ပင်း၌သာ အပေါက်တစ်ပေါက် ပေါက်နေ၏။
လီဆွန်းဟွာ မြင်းလှည်းမောင်းသမား၏ နောက်ကျောပေါ်မှ တွေ့လိုက်ရ၏။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သက်ပြင်းပြိုင်တူချလိုက်ကြ၏။ သူတို့၏နှုတ်ခမ်းထောင့်များ တွန့်တွန့်လေး ကွေးသွားကြပြီး ပြိုင်တူရေရွတ်လိုက်ကြသည်။ “သူ့လက်ချက်ပဲ...”
မြင်းလှည်းမောင်းသမားက သဘောကျစွာ ရယ်နေလိုက်သည်။ “ဆရာလေးအားဖေရဲ့ဓားက ပျံသန်းတာထက်တောင် မြန်နေသေးတယ်။ ယို့ရှန် သူ့ကိုယ်သူ မကာကွယ်နိုင်ခဲ့တာ မဆန်းပါဘူး... မထူးဆန်းတော့ပါဘူး...”
လီဆွန်းဟွာ မျက်လုံးမှိတ်ပြီး ပြုံးနေလိုက်၏။ “ကောင်းတယ်... သိပ်ကောင်းတယ်... နောက်ဆုံးတော့ ဝတ်စုံဟာ ပိုင်ရှင်မှန်ရဲ့လက်ထဲကို ရောက်သွားပြီ။ ပန်းဘီလူး အဖမ်းခံရတော့မယ်။”
မြင်းလှည်းမောင်းသမား-“ကျနော်တို့ ဆရာလေးအားဖေကို လိုက်ရှာကြရအောင်... သူ သိပ်ဝေးဝေးကိုရောက်ဦးမှာ မဟုတ်သေးဘူး။”
လီဆွန်းဟွာ-“ဘာလို့လိုက်ရှာချင်နေတာလဲ...”
“အဆိပ်ဖြေဆေးအတွက်ပေါ့...”
လီဆွန်းဟွာ-“ပျားပန်းဆီမှာသာ ဖြေဆေးရှိခဲ့မယ်ဆိုရင်... ယို့ရှန်ကယူခဲ့မှာပဲ... အားဖေဟာ သူများရဲ့ပစ္စည်းကို ဘယ်တော့မှ ယူမှာမဟုတ်ဘူး။ သူ ရွှေချည်မျှင်ဝတ်စုံကို ယူသွားခဲ့တယ်ဆိုတာလည်း အဲဒီဝတ်စုံဟာ ကျုပ်နဲ့သက်ဆိုင်နေတယ်ထင်လို့ ယူသွားခဲ့တာ...”
မြင်းလှည်းမောင်းသမားက ဖန်းရှောင်ယန်နှင့်မိန်းမ ၂ ယောက်တို့၏ ကိုယ်ပေါ်မှ အဖိုးတန်ပစ္စည်းများအားကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “သိပ်မှန်တယ်... မြေကြီးပေါ်မှာ ရွှေတွေပုံနေရင်တောင်မှ ဆရာလေးအားဖေက လှည့်တောင်ကြည့်မှာမဟုတ်ဘူး။”
“ဒါကြောင့်မို့လို့ ယို့ရှန်ဆီမှာ မရှိဘူးဆိုရင်... အားဖေကိုလိုက်ရှာဖို့ မလိုအပ်တော့ဘူး။”
မြင်းလှည်းမောင်းသမားက အလောင်းအား မ'ယူလိုက်သည်။ သူ့အတွက် နောက်ဆုံး မျှော်လင့်ချက်ပင် မဟုတ်ပါလား။
ထိုနေရာ၌ စာတမ်းတစ်ကြောင်း ရေးထားသည်ကို သူတွေ့လိုက်ရလေ၏။
“ခင်ဗျားအတွက် လက်စားချေပေးခဲ့ပါတယ်... ခင်ဗျားရဲ့မြင်းကိုတော့စီးသွားပြီ...”
လီဆွန်းဟွာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။ “သူဖြစ်မယ်မှန်း ကျုပ် အစကတည်းက ထင်ထားခဲ့တာ အခုတော့ပိုပြီးသေချာသွားပြီ။ လူသေပေါ်မှာတောင် အကြွေးတင်မခံတာ အားဖေ တစ်ယောက်တည်းပဲရှိတယ်။ ဟားဟားဟားဟား...”
သူတောက်ပစွာပြုံးပြီး ပြောဆိုလိုက်သည်။ “ဒီချာတိတ်က သိပ်ကိုခင်ဖို့ကောင်းတဲ့ကောင်လေး... စိတ်မကောင်းစရာတစ်ခုပဲ... ကျုပ်... ကျုပ်...”
သူ့စကားကို ဆုံးအောင်ပင် မပြောနိုင်တော့ပါ။ မြင်းလှည်းမောင်းသမားက သူဘာပြောချင်နေမှန်း သိနေ၏။ အဆိပ်ဖြေဆေး ဤနေရာ၌ ရှိနေပုံမရချေ။
ထိုချာတိတ်အား သူနောက်တစ်ခါတွေ့ဖို့ အခွင့်အရေး မရှိတော့သလောက်ပင်...
မြင်းလှည်းမောင်းသမားထံ၌ အားအင်များ ရုတ်ချည်း ချိနည့်သွားသလို ခံစားလိုက်ရပြီး လဲကျသွားမတတ်ပင်။
လီဆွန်းဟွာကတော့ ပြုံးနေဆဲ။ “ကျုပ်အတွက်စိတ်ပူမနေပါနဲ့ဗျာ... သေခြင်းတရားဆိုတာ ခင်ဗျားထင်တာလောက် မဆိုးပါဘူး။ ကျုပ်မှာ အင်အားလည်း မရှိတော့ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းလေးနားပြီး အရက်ကလေးပဲ သောက်ချင်နေတော့တယ်ဗျာ...”

0 comments:
Post a Comment