တံခါးဝ၌ မည်သူမျှစောင့်မနေခဲ့ပါ။ နေ့ခင်းအချိန်၌ အားဖေဝင်ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ချေ။ သူတို့အိပ်ချင်နေကြသောကြောင့်လည်း ဖြစ်နိုင်၏။
ဤအခန်းငယ်လေးတွင် သေးငယ်သောပြတင်းပေါက်တစ်ခု ရှိနေ၏။ အကျဉ်းထောင်ခန်းများကဲ့သို့ မည်းမှောင်နေသည်။ ထင်းပုံပေါ်၌ လူတစ်ယောက်လဲလျောင်းနေ၏။
သိုးမွှေးအင်္ကျီကို အားဖေတွေ့လိုက်ရပြီးသည့်နောက် သူ့သွေးများဆူပွက်လာခဲ့ရ၏။ မိတ်ဆွေကောင်းဆိုသော အသိကသူ့အတွေးထဲသို့ ရုတ်ချည်းပင် ဝင်ရောက်လာခဲ့သည်။
သူရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး- “ခင်ဗျား...”
ထိုအချိန်မှာပင် သိုးမွှေးအင်္ကျီအောက်မှ ဓားတစ်စင်းထွက်ပေါ်လာလေသည်။
လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသော ဓားချက်က အားဖေကိုအံ့အားသင့်သွားစေခဲ့၏။
ဤသို့ဖြစ်လာမည်မှန်း သူမျှော်လင့်မထားသကဲ့သို့ ဓားထွက်ချက်ကလည်း အလွန်ပင်လျင်မြန်လှ၏။
အားဖေ၏လက်ထဲ၌သူ၏ဓားကို ဆွဲကိုင်ထားခဲ့ခြင်းက သူ့အတွက်တပန်းသာသွားခဲ့ရ၏။ သူ့ဓားချက်က ပို၍ပင်မြန်ဆန်နေသေး၏။ လျင်မြန်မှုမှာ ဖော်မပြနိုင်လောက်အောင်ပင်။ ထိုသူကစတင် တိုက်ခိုက်ခဲ့သော်လည်း အားဖေ၏ဓားက အထက်စီးကရောက်နေလေသည်။
အားဖေ၏ဓားက ထိုသူ၏ဓားလက်ကိုင်ကို ထိုးနှက်လိုက်၏။
ထိုသူ၏လက်မှာ လှုပ်ခါသွားရပြီး ဓားလွတ်ကျသွားရ၏။
ထိုသူသည် ထိပ်တန်းဓားသမားတစ်ယောက်ဖြစ်၏။ အကျဉ်းအကြပ်ကြားထဲ၌ပင် လူးလွန့်ကာ ရုန်းထွက်သွားနိုင်ခဲ့၏။ လျင်မြန်စွာလှိမ့်ထွက်လိုက်သော် ခပ်ဝေးဝေးနေရာသို့ တမဟုတ်ခြင်း ရောက်ရှိသွားခဲ့၏။ ထိုအချိန်မှသာ ထိုသူ၏မျက်နှာကို အားဖေတွေ့မြင်လိုက်ရ၏။ ယူလောင်ရှန်း ဖြစ်နေလေသည်။
ထိုသူမည်သူဖြစ်မှန်း အားဖေမသိရှိခဲ့ပါ။ ထို့အတွက်သူ၏ အာရုံစူးစိုက်မှုများက လျော့မသွားခဲ့ချေ။ နောက်တစ်ကြိမ် သူတိုက်ခိုက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ တိုက်ပြီး ဖောက်ထွက် ရန် သူလျင်မြန်စွာ ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ရလေပြီ။
ရွှေဝါရောင်ဓားကွေးတစ်လက်နှင့် တုတ်တံတစ်ချောင်းက သူ့သွားလမ်းကို ပိတ်ဆို့ထားခဲ့သည်။ ထိုအချိန်၌ပင် ထင်းပုံနောက်မှ လူများစွာ ပေါ်ထွက်လာခဲ့၏။ လူတိုင်းပင် လေးမြှားများဖြင့် သူ့ ကို ချိန်ရွယ်ထားကြလေသည်။ ဤအကွာအဝေးမှဆိုလျှင် ထိုမြှားတံများ၏ အစွမ်းမှာ လွန်စွာမှပင် ကြောက်စရာကောင်းလှ၏။
မည်မျှလောက်အစွမ်းထက်သော ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်စေကာမူ ဤအခြေ အနေအရ ဖောက်ထွက်နိုင်ရန် မဖြစ်နိုင်တော့ပေ။
တျန်ချီသည် ရယ်မောနေလိုက်၏။ “မင်းမှာ ဘာများပြောစရာကျန်သေးသလဲ မိတ်ဆွေလေး။”
အားဖေက သက်ပြင်းချလိုက်ပြီး- “လုပ်စရာရှိတာသာ ဆက်လုပ်လိုက်ပါ...”
တျန်ချီ-“မင်းကအချိန်ကို လုံးဝမဖြုန်းတီးချင်ဘူးပေါ့။ ကောင်းပြီလေ... ကျုပ်က မင်းဆန္ဒကို ဖြည့်ဆီးပေးရတော့မှာပေါ့။”
သူ၏လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မြှားတံပေါင်းများစွာ မိုးစက်မိုးပေါက်များ ကျဆင်းလာသည့်အလား ထိုသူများ၏လက်များမှ ပလူပျံပြီး ထွက်လာခဲ့၏။
ထိုတစ်ချိန်ထဲမှာပင် အားဖေတစ်ယောက် မြေကြီးပေါ်သို့ လှိမ့်ချလိုက်၏။ သူ၏ဘယ်ဘက်လက်က ယူလောင်ရှန်းကျကျန်ခဲ့သော ဓားကိုကောက်ယူသွားခဲ့၏။ သူ့လက်နှစ်ဘက်မှ ဓားလေပွေ တိုက်ခတ်လာချိန်မှာပင် ထိုမြှားတံများက အဝေးသို့လွင့်စင်သွားရတော့၏။ ရုတ်ချည်းပင် တံခါးဝသို့ သူရောက်ရှိသွားခဲ့၏။
ကျိုကျန်ရိက မာန်သွင်းလိုက်ပြီး သူ၏လက်ထဲမှ ရွှေရောင်ဓားကွေးကလည်း အားဖေ၏ခန္ဓာ ကိုယ်ကို ပိုင်းဖြတ်လာခဲ့၏။
သူ၏ဓားချက်က ပစ်မှတ်ကိုမထိခင်မှာပင် ဓားရောင်တစ်ချက် လင်းလက်သွားခဲ့သည်ကို သူ တွေ့လိုက်ရသည်။
ထိုတန်ပြန်ဓားချက်သည် ပြော၍မပြနိုင်လောက်အောင်ပင် လျင်မြန်လှ၏။
ကျိုကျန်ရိမှ ထိပ်တိုက်ခုခံလိုက်ရန် ကြိုးစားလိုက်သော်လည်း လွန်စွာမှပင် နောက်ကျသွားခဲ့၏။ သူ့လည်မျိုသို့ အေးစက်သော ဓားသွားတစ်ခုက ဖြတ်ဝင်လာသည်ကို မယုံကြည်လိုက်နိုင်စွာပင် ခံစားသိရှိလိုက်ရ၏။ မြေကြီးပေါ်သို့ သွေးများပန်းထွက်လာတော့၏။
တျန်ချီသည် ပါးစပ်ပိတ်နေလိုက်၏။
ထိုအချိန်၌ အားဖေသည်အပြင်ဘက်သို့ ရောက်ရှိသွား၏။
အားဖေ၏နောက်သို့ တျန်ချီက လိုက်လိုသော်လည်း ချက်ချင်းပင် ရပ်လိုက်၏။ ကျိုကျန်ရိသည် သူ့လည်ပင်းကိုသူ ဆုပ်ညှစ်ထားလေသည်။ အံ့အားသင့်စရာပင်… ယခုအချိန်ထိ မတ်တတ် ရပ်နေနိုင်သေး၏။
ပန်းခြံမှတဆင့် အပြင်သို့ အားဖေခုန်ထွက်လိုက်၏။ သူခုန်မထွက်သွားခင်လေး၌ပင် ယူလောင်ရှန်း၏ ဓားဖြင့် တျန်ချီထံသို့ ပစ်ပေါက်ခဲ့လေသည်။ တျန်ချီသည် လိုက်၍တိုက်ခိုက်လိုက်ချင်သော်လည်း သူ့အသက်ကိုချွေယူရန် ရောက်လာသော ထိုဓားချက်ကို တိမ်းရှောင်လိုက်ရ၏။
ယူလောင်ရှန်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး- “ဒီလူရဲ့ဓားချက်က အံ့မခန်းကို မြန်ဆန်လှပါလား။”
တျန်ချီ-“သူ့ကံကလည်း ကောင်းလိုက်ပါပေ့...”
ယူလောင်ရှန်းက မေးလိုက်၏။ “ကံကောင်းတယ် ဟုတ်လား။”
တျန်ချီ-“သူ့ကိုယ်မှာ မြှား၂စင်းစိုက်ဝင်သွားခဲ့တာ မင်းမတွေ့လိုက်ဘူးလား။ သူ့ဓားချက်တွေက ဘယ်လောက်ပဲမြန်မြန် မြှားတံတိုင်းကိုတော့ သူရိုက်ထုတ်မသွားနိုင်ခဲ့ပါဘူး။ ကံကောင်းတာတစ်ခုက သူဒဏ်ရာအကြီးအကျယ် ရမသွားခဲ့တာပဲ...”
တျန်ချီ-“ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ်မှာ ရွှေမျှင်ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားခဲ့လို့ပဲ။ ကျုပ်က အရာရာကို တွက်ချက်ထားခဲ့ပြီးမှ ဒီတစ်ချက်လေးကို သတိလက်လွတ်ဖြစ်သွားခဲ့တယ်။ မဟုတ်ရင်တော့လား... သူဒီအခန်းထဲကနေ အသက်ရှင်လျက်နဲ့ ထွက်သွားနိုင်မှာတောင် မဟုတ်ဘူး။”
ယူလောင်ရှန်းသည် ကျနေသောသူ၏ဓားကို စိုက်ကြည့်နေလိုက်ပြီး- “သူဒီနေ့ဒီနေရာကို ရောက်မလာသင့်ဘူး။”
တျန်ချီသည် ရယ်မောလိုက်ပြီး- “စိတ်မပူပါနဲ့ကွာ။ ကျုပ်တို့ဘက်က မရှုံးသေးပါဘူး။ ဒါ့ပြင် ကျုပ်တို့ရဲ့ထောင်ချောက်ထဲကနေ သူထွက်ခွာသွားနိုင်ပေမယ့် အပြီးသတ် လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားနိုင်ခဲ့တာ မဟုတ်သေးပါဘူး။”
ခြံတံခါးဆီသို့ အားဖေပြေးထွက်သွားနေစဉ်မှာပင် တရားစာရွတ်ဖတ်သံများကို ကြားလိုက်ရ၏။ တရားစာရွတ်သံများမှာ တဖြည်းဖြည်းကျယ်လောင်လာပြီး ဘက်ပေါင်းစုံမှ သူ့ထံသို့ ဝင်ရောက်လာခဲ့၏။
ထို့နောက် ဘုန်းကြီး ၅ ပါးက သူ့ကိုဝိုင်းရံထားလိုက်ကြ၏။
ပထမဆုံးကိုယ်တော်မှာ ရှင်းမယ်ဆရာတော်ဖြစ်၏။
အခြေအနေတစ်ရပ်လုံးအား အားဖေခြုံငုံကြည့်လိုက်ပြီး သူ့စိတ်ကိုသူတည်ငြိမ်အောင် ထား ထားလိုက်၏။ “ဒီခေတ်ကြီးမှာ ဘုန်းကြီးတွေလည်း ထောင်ချောက်တွေ ဆင်တတ်နေပြီကိုး...”
ရှင်းမယ်ဆရာတော်သည် လေသံအေးအေးဖြင့်- “ဘယ်သူ့ကိုမှ ဘုန်းကြီးတို့က ဒဏ်ရာမရစေချင်ပါဘူး။ ဒကာလေးက စကားသိပ်တတ်တာကိုး။ ဒကာလေးရဲ့စကားတွေက ဘယ်သူ့ကိုမှ မထိခိုက်နိုင်ပါဘူး။ ဒကာလေးကိုတော့ ပြန်ပြီးထိခိုက်ရင် ထိခိုက်လိမ့်မယ်။”
ထိုစကားကို လေသံတပြေးတည်းဖြင့်ပြောလိုက်သော်လည်း အားဖေ၏နားစည်တွင်းသို့ အုန်းခနဲ ဝင်ရောက်လာခဲ့၏။
အားဖေ-“ကျနော့်လောက်နီးပါး စကားတတ်သူတစ်ယောက်လည်း ရှိနေသေးတာပဲ။”
ဘုန်းကြီးများ၏ ဦးခေါင်းပေါ်မှ သူခုန်ပျံထွက်သွားလိုက်ပါက ရှင်းမယ်ဆရာတော်၏ ပုတီးကုန်းက သူ့ကို ခါးလယ်မှဖြတ်ပြီး ဒုက္ခိတဖြစ်အောင်လုပ်နိုင်မှန်း အားဖေသိရှိထားသည်။ သူ၏တစ်ခုတည်းသောထွက်ပေါက်မှာ ဘုန်းကြီးနှစ်ယောက်ကြား၌ ရှိနေ၏။
သူက စတင်၍လှုပ်ရှားလိုက်သည်နှင့် ဘုန်းကြီးများကလည်း သူ့ကိုဝန်းရံကာ လည့်ပတ်လာတော့သည်။ ဘုန်းကြီး ၅ ပါးစလုံးကလျင်မြန်စွာ လှည့်ပတ်နေကြရာ အားဖေအတွက် ထွက်ပေါက်ပိတ်သွားခဲ့ရ၏။
အားဖေ၏ လှုပ်ရှားမှုများရပ်လိုက်သော် ဘုန်းကြီးများကလည်း လိုက်၍ရပ်သွားကြ၏။
ရှင်းမယ်ဆရာတော်-“ကျုပ်တို့ဟာ ဘုန်းကြီးတွေဖြစ်နေလို့ လူမသတ်ပါဘူး။ ဒကာလေးရဲ့ လက်ထဲမှာ ဓားတစ်လက်ရှိနေတာပဲ။ ကျုပ်တို့ရဲ့ လိုဟန်ဝင်္ကပါတိုက်ကွက်ကို ချေဖျက်နိုင်တယ်ဆိုရင်တော့ ဒကာလေးကို သွားခွင့်ပေးလိုက်မယ်။”
အားဖေသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်အနေအထားမှာ ဟာကွက် မရှိ ရပ်နေ၏။
ထိုဘုန်းကြီးများထံ၌ ကြောက်စရာကောင်းလောက်သော သိုင်းပညာရပ်များကို ပိုင်ဆိုင်ထားကြရုံမက တစ်ပါးနှင့်တစ်ပါးလည်း အပေးအယူညီညွတ်ကြသည်ကို အားဖေသတိထားမိလိုက်၏။ ဤ ပူးပေါင်းဝင်္ကပါတိုက်ကွက်တွင် ဟာကွက်ဟူ၍ သူမတွေ့ရှိရသေးချေ။
အားဖေ၏အသက် ၉ နှစ်အရွယ်တွင် ကြိုးကြာတစ်ကောင်ကို မြွေကြီးတစ်ကောင်မှ ဝိုင်းရံထား သည်ကို သူတွေ့ခဲ့ဖူးလေသည်။ ကြိုးကြာထံတွင် ချွန်ထက်နေသော နှုတ်သီးတစ်စုံရှိနေသော်လည်း စတင်၍ မလှုပ်ရှားခဲ့ချေ။
ဘာကြောင့်များလဲဟု သူတွေးထင်ထားခဲ့၏။ နောက်ဆုံးတွင် သူတွေ့ရှိခဲ့သည်မှာ မြွေကြီး၏အထာနှင့်အားသာချက်ကို ကြိုးကြာက သိရှိနေခဲ့၏။ ကြိုးကြာအား ဝိုင်း၍ရစ်ပတ်ထားလိုက်ပြီးနောက် မြွေကြီးသည် ဦးခေါင်းနှင့်သော်လည်းကောင်း၊ အမြှီးနှင့်သော်လည်းကောင်း ဆက်တိုက်ပင် တိုက်ခိုက်နိုင်၏။ မြွေကြီး၏ ဦးခေါင်းကိုသာ ကြိုးကြာမှ တိုက်ခိုက်ခဲ့သည်ဆိုသော် သူ၏အမြီးဖြင့် မြွေ ကြီးက ရစ်ပတ်နိုင်၏။ အမြီးပိုင်းကိုတိုက်ခိုက်မည်ဆိုပါကလည်း မြွေကြီး၏အစွယ်များက ကြိုးကြာကို ပေါက်သတ်နိုင်၏။
ထို့ကြောင့် ကြိုးကြာသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့၏။ မြွေကြီးသည် စိတ်မရှည်နိုင်တော့ဘဲ စတင်၍တိုက်ခိုက်လာမှသာလျှင် ကြိုးကြာက လျင်မြန်စွာဖြင့် တုန့်ပြန်တိုက်ခိုက်လေတော့သည်။
စောင့်ဆိုင်းခြင်းဖြင့် တန်ပြန်တိုက်ခိုက်မှု...
ထို့ကြောင့် ဘုန်းကြီးများက မလှုပ်ရှားသေးသရွေ့ သူသည်လည်းငြိမ်သက်နေမည်သာ။
အတော်လေးကြာလာသောအခါ ရှင်းမယ်ဆရာတော်သည် စိတ်မရှည်ဖြစ်လာခဲ့ရပြီး- “ဒကာလေး အညံ့ခံတော့မှာလား။”
“ဟင့်အင်း...”
ရှင်းမယ်ဆရာတော်-“ဒါဆိုရင် ဘာဖြစ်လို့ ထွက်မသွားရသေးတာလဲ။”
အားဖေ-“ဆရာတော်တို့က တပည့်တော်ကိုမှ မသတ်ချင်တာ။ တပည့်တော်ကလည်း ဘယ် ပြန်သတ်လို့ဖြစ်မှာလဲ။ တပည့်တော် ထွက်မသွားနိုင်သေးဘူး။”
ရှင်းမယ်ဆရာတော်-“ဒကာလေးကသာ ကျုပ်ကိုသတ်သွားနိုင်ခဲ့မယ်ဆိုရင် ကျုပ်က ဗွေမယူပါဘူး။”
အားဖေ-“ကောင်းပြီ...”
ရုတ်ချည်းပင် ဓားရိပ်တစ်ချက်ဖြာထွက်လာခဲ့၏။ အားဖေမှ စတင်၍တိုက်ခိုက်ခဲ့လေပြီ။
ရှောင်လင်ကိုယ်တော်များက ချက်ချင်းပင် အားဖေ၏ရွေ့လျားမှုနောက်သို့ လိုက်၍တိုက်ခိုက်လိုက်ကြ၏။
အားဖေသည် လျင်မြန်စွာပင် သူ၏ဦးတည်ရာအရပ်ကို ပြောင်းလဲနေ၏။ သူမည်သို့လှုပ်ရှားနေမှန်း မည်သူမျှ သဲကွဲစွာမတွေ့ရချေ။ ရုတ်ချည်းပင် တစ်ဘက်သို့ လှည့်ပြောင်း၍တိုက်ခိုက်နေကြောင်းကိုသာ ခန့်မှန်းမိကြလေသည်။
ပထမဆုံးအကြိမ် အားဖေမှ တိုက်ခိုက်လိုက်စဉ်က ရှင်းမယ်ဆရာတော်ကို ဦးတည်ခဲ့သော်လည်း ယခုတော့ ပထမဆုံး တခြားဘုန်းကြီးတစ်ပါးဆီသို့ သူ၏ဓားဦးက ရောက်ရှိလာခဲ့၏။
ရှင်းမယ်ဆရာတော်-“ကောင်းလိုက်တဲ့ လှုပ်ရှားမှု...”
ထိုစကားကို ပြောလိုက်စဉ်မှာပင် သူ၏ဝတ်ရုံလက်အိုးအား လိပ်ယူလိုက်၏။ ရှောင်လင်ဘုန်းကြီးများ၏ ဝတ်ရုံလက်အိုးသည် ဓားကဲ့သို့ ထက်မြက်လှပေသည်။ သူသည် အားဖေကို ဦးတည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ခြင်းသာဖြစ်၏။
ကျန်ဘုန်းကြီးများက အားဖေ၏တိုက်ခိုက်မှုကို ခံနေရသော်လည်း သူကိုယ်တိုင် ဝင်ရောက် ကူညီရန်မလိုအပ်ချေ။ ဤသည်မှာ လိုဟန်ပူးပေါင်းဝင်္ကပါတိုက်ကွက်၏ အားသာချက်ပင်ဖြစ်၏။
ထိုမျက်စိတစ်မှိတ်အချိန်လေးအတွင်းမှာပင် အားဖေ၏တိုက်ခိုက်မှုက ဦးတည်ရာပြောင်းလဲသွားခဲ့ပြန်၏။
အခြားဓားသမားများက တိုက်ခိုက်မှု၏ဦးတည်ရာအရပ်ကို ပြောင်းမည်ဆိုလျှင် သူတို့၏ ဓားလမ်းကြောင်းဆုံးသည့်နေရာမှစ၍ ပြောင်းကြသည်။ အားဖေသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ကာ ဦးတည်ရာအရပ်အသီးသီးသို့ ပြောင်းလဲတိုက်ခိုက်နိုင်၏။
အရှေ့ဘက်သို့တိုက်ခိုက်နေသော ဓားချက်သည် ချက်ချင်းပင် အနောက်ဘက်သို့ ပြောင်းလဲတိုက်ခိုက်နေ၏။
သူ၏ခြေထောက်လှုပ်ရှားမှုများမှလွဲ၍ မည်သည့်အရာမျှ ပြောင်းလဲမသွားခဲ့ပါ။ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသဖြင့် တွေ့မြင်ကြရသူတိုင်း ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်နေကြရလေသည်။
နောက်တစ်ကွက်အရောက်တွင် သူ၏ဓားသွားက ရှင်းမယ်ဆရာတော်၏ ဝတ်ရုံလက်အိုးကို ဖြတ်ခွဲသွားခဲ့၏။ သူ၏ဓားနှင့်ကိုယ်ခန္ဓာမှာ တစ်သားတည်းဖြစ်နေ၏။ ဓားသွားသည် ဝင်္ကပါအတွင်းမှ လွတ်မြောက်သွားခဲ့ပြီးချိန်၌ သူ၏ခန္ဓာကိုယ်သည်လည်း တိုက်ပွဲစည်းဝိုင်း၏ အပြင်ဘက်သို့ ရောက်ရှိ သွားခဲ့ရ၏။
ရှင်းမယ်ဆရာတော်၏ စကားသံကို သူကြားလိုက်ရ၏။ “ဒကာလေး သတိထားလျှောက်ပါ။ ကျုပ်လိုက်မပို့တော့ဘူး။”
အားဖေသည် သူ၏နောက်ကျောမှ တိုးဝင်လာသော အင်အားတစ်ရပ်ကို ခံစားလိုက်ရ၏။ ထို အင်အားသည် သံတုတ်ကြီးတစ်ချောင်းဖြင့် သူ၏နောက်ကျောပြင်အား ထိုးနှက်လိုက်သကဲ့သို့ပင်။ သူသည် ရွှေမျှင်ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားခဲ့သော်လည်း ထိုအင်အား၏ဒဏ်ကို ပြင်းထန်စွာ ခံစားလိုက်ရလေသည်။
ဘုန်းကြီးတစ်ပါးက- “သူ့နောက်ကို လိုက်ကြစို့...”
ရှင်းမယ်ဆရာတော်-“မလိုအပ်တော့ပါဘူး။”
ထိုဘုန်းကြီး-“သူဝေးဝေးကို ရောက်ဦးမှာမဟုတ်သေးဘူး။ ဘာဖြစ်လို့ လွှတ်ပေးလိုက်ရတာလဲ။”
ထိုဘုန်းကြီးသည် ခဏကြာမျှ စဉ်းစားနေလိုက်ပြီးမှ- “ဂိုဏ်းတူဦးလေးကိုယ်တော် ပြောတာမှန်တယ်။”
ရှင်းမယ်ဆရာတော်သည် အားဖေထွက်ခွာသွားရာသို့ ငေးကြည့်နေလိုက်ပြီး- “ဘုန်းကြီးတွေဆိုတာ တခြားလူကို ဒဏ်ရာရအောင်မလုပ်သင့်ဘူး။”
တျန်ချီသည် ထိုအဖြစ်အပျက်များအား အဝေးတစ်နေရာမှ တစ်ချိန်လုံးစောင့်ကြည့်နေခဲ့၏။ သူသည် ခနဲ့တဲ့တဲ့ဖြင့်- “ဘုန်းကြီးတွေဟာ တော်တော့်ကို တော်ကြပါပေတယ်။ သူတို့အတွက် လူသတ်ပေးမယ့်လူတွေရှိနေသရွေ့ သူတို့ကအနေသာကြီးပါ။ ရှောင်လင်ဆရာတော်ရဲ့ လက်ဝါးအင်အားက တော်တော့်ကို ပြင်းထန်လှချည်လား။ အားဖေက သူ့ကိုယ်သူပြန်ရပ်တည်ပြီး လမ်းလျှောက်ထွက်သွားဖို့ကို တော်တော်လေး အချိန်ယူလိုက်ရရှာတယ်။”
သူ့ခန္ဓာကိုယ်၌ အတွင်းဒဏ်ရာရသွားခဲ့ပြီဆိုတာ အားဖေသိသွားခဲ့၏။ သို့ရာတွင် သည်ဒဏ်ရာလောက်ကို သူမမှုပါ။ အချိန်ကကုစားပေးနိုင်သော ဒဏ်ရာဖြစ်ကြောင်းကို သူသိထားသည်။
နှစ်ပေါင်းများစွာ ဒုက္ခခံကာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သောကြောင့် သူ၏ခံနိုင်ရည်စွမ်းအားသည် အံ့မခန်းပင်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သံမဏိကိုယ်ထည်တစ်ခုအလား ခံနိုင်ရည် ပြည့်ဝနေ၏။
အားဖေသာ အမှန်တကယ်ပင် လွတ်မြောက်ခဲ့ပါက သူသည်ဤလောကကြီးတွင် ကံအကောင်းဆုံးလူသား တစ်ယောက်ဖြစ်ပေလိမ့်မည်။ ရှောင်လင်ထိပ်သီးကိုယ်တော် ၅ ပါး၏ပူးပေါင်းတိုက်ကွက်မှ လွတ်မြောက်နိုင်သူဆို၍ လက်တစ်ဆုပ်စာသာရှိလေသည်။
အားဖေမှ မလွတ်မြောက်ချင်ခဲ့ဘူးဆိုလျှင်ကော...
လီဆွန်းဟွာကို မည်သည့်နေရာ၌ သူတို့ဖွက်ထားခဲ့ကြပါလိမ့်...
သိမ်းငှက်တစ်ကောင်၏ မျက်လုံးမျိုးဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို အားဖေသည် စေ့စပ်သေချာစွာ လေ့လာနေ၏။ အနောက်ဘက်ပန်းခြံသို့ သူလျင်မြန်စွာ ပြေးထွက်သွားလိုက်၏။ ထိုနေရာသည် လူတစ်ယောက်ကို ဖွက်ထားရန် သင့်တော်သော နေရာဖြစ်လေသည်။
ရုတ်တရက် ရယ်မောလိုက်သံတစ်သံကို သူကြားလိုက်ရ၏။
သူ၏ရှေ့တွင် အဆောက်အဦငယ်လေးတစ်ခုရှိနေ၏။ ရယ်မောနေသူသည် ထိုအဆောက်အဦလေးရှေ့တွင် ထိုင်နေကာ စာအုပ်တစ်အုပ်ကို သဘောကျစွာ ဖတ်နေ၏။ ထိုစာအုပ်မှလွဲ၍ မည်သည့်အရာကမျှ သူ့ကို စိတ်ဝင်စားအောင် လုပ်နိုင်စွမ်းမရှိသည့်အတိုင်းပင်။
သူသည် ရိုးစင်းသောအဝတ်အစားများကို ဝတ်ထားသည်မှာ ထိုအဝတ်အစားများသည် ဖွပ်ဖွပ်ကြေနေသည်ဟု ထင်ရလောက်၏။ သူ၏မျက်နှာသည် ရှည်လျားဝါကြန်နေပြီး မုတ်ဆိတ်မွှေးများက တွဲကျနေ၏။ သူ၏သွင်ပြင်မှာ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်းပြုပြင်မှုမရှိသော စာပေသမားအိုကြီးတစ်ယောက်နှင့် တူနေလေသည်။
သို့သော် ထိပ်သီးသိုင်းသမားတစ်ယောက်မှသာ သူ၏အသံကို အဝေးတစ်နေရာသို့ ထုတ်လွှင့် နိုင်သည်မဟုတ်ပါလား။
အားဖေရပ်လိုက်၏။ ထိုလူကြီးကို သူစူးစိုက်စွာ အကဲခတ်နေလိုက်၏။
ထိုလူကြီးသည် အားဖေရောက်ရှိနေကြောင်းကို သတိထားမိပုံမပေါ်။ စာအုပ်ထဲသို့သာ အာရုံရောက်နေ၏။
အားဖေသည် နောက်သို့ဆုတ်သွားလိုက်၏။ ခြေလှမ်း ၁ဝ လှမ်းသို့အရောက်တွင် သူ၏ ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ခုန်ပျံထွက်ပြေးလိုက်၏။ နှစ်ချက်ခန့် ခုန်လိုက်ရုံဖြင့် သူသည် မက်မုံတောထဲသို့ရောက်ရှိသွားခဲ့၏။ အားဖေသည် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏လည်ချောင်းတွင်း မှ သွေးတစ်လုတ် ပျို့တက်လာလေသည်။
သူ၏အတွင်းဒဏ်ရာမှာ သူနဂိုကထင်ထားသည်ထက်ပင်ပို၍ ပြင်းထန်နေကြောင်း ရိပ်မိလိုက်၏။ ဤပုံအတိုင်းဆိုလျှင် သူဆက်၍တိုက်ခိုက်နိုင်ပါဦးမည်လား။
ထိုအချိန်မှာပင် ပုလွေသံကို စတင်၍ ကြားလိုက်ရသည်။
တေးသွားသည် ကျယ်လောင်ပြီး ပြတ်သားလှ၏။ သူ့ပတ်ဝန်းကျင်ရှိ မက်မုံပန်းပွင့်များသည် တဝဲဝဲ ကြွေကျလာ၏။
ထို့နောက် သူ၏နောက်ကျောဘက်၌ လူတစ်ယောက်ထိုင်ပြီး ပုလွေမှုတ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် စောစောကတွေ့ခဲ့သော စာပေသမားလူကြီးပင် ဖြစ်နေလေသည်။
အားဖေသည် ဤတစ်ကြိမ်တော့ ထွက်မပြေးသွားခဲ့ပါ။ သူသည် ထိုလူကြီးကို စိုက်၍ကြည့်နေလိုက်ပြီး မေးလိုက်၏။ “သံမဏိပုလွေ...”
ပုလွေသံသည် ဖြည်းဖြည်းချင်း တိုးညှင်းကာ ရပ်တန့်သွားခဲ့၏။
ထိုလူကြီးသည် အားဖေကို အကြာကြီး စိုက်ကြည့်နေလိုက်ပြီး ရုတ်တရက်မေးမြန်းလိုက်၏။ “မင်းမှာ ဒဏ်ရာရထားခဲ့တယ် မဟုတ်လား။”
အားဖေသည် အံ့အားသင့်သွားခဲ့၏။ ထိုသူ့ထံ၌ လွန်စွာကောင်းသောအမြင်အာရုံ ရှိနေလေသည်။
သံမဏိပုလွေလူကြီးသည် ဆက်၍ပြောလိုက်၏။ “မင်းရဲ့နောက်ကျောဘက်မှာ ဒဏ်ရာရ ထားခဲ့တယ်။”
အားဖေ-“ခင်ဗျားကသိနေမှတော့ ဘာဖြစ်လို့လေကုန်ခံပြီး မေးနေရသေးတာတုန်း။”
“ရှင်းမယ်က မင်းကိုဒဏ်ရာရအောင်လုပ်ခဲ့တာလား။”
အားဖေ-“ဟုတ်တယ်...”
သံမဏိပုလွေလူကြီးသည် သူ၏ခေါင်းကို ခါရမ်းလိုက်ပြီး- “ရှောင်လင်ကျောင်းတော်က ဘုန်းကြီးတွေက သီလမရှိကြတော့ပါလား။”
အားဖေ-“ဘာဖြစ်လို့ ခင်ဗျားကအဲ့ဒီလိုပြောရတာလဲ။”
သံမဏိပုလွေလူကြီးသည် အားဖေကို ရှင်းပြလိုက်၏။ “သူ့သိက္ခာအရဆိုရင် လူတစ်ယောက်ရဲ့နောက်ကျောဘက်ကို မတိုက်ခိုက်ခဲ့သင့်ဘူး။ သူက တိုက်ခိုက်ခဲ့ဦးတောင်မှ ကျုပ်နဲ့တွေ့ဖို့ မင်းကို ရှင်သန်ခွင့် မပေးခဲ့သင့်ဘူး။”
သူသည်ရုတ်တရက်ပင် ပြုံးလိုက်ပြီး- “ဒီဘုန်းကြီးအိုကြီးက မင်းကိုတစ်ပါးသူရဲ့လက်ချက်နဲ့ သေစေချင်ခဲ့ပုံရတယ်။”
အားဖေ-“ကျုပ်ခင်ဗျားကို အချက် ၃ ချက်ပြောပြမယ်။ ၁... ကျုပ်ရဲ့နောက်ကျောဘက်ကို သူကသာမတိုက်ခဲ့ဘူးဆိုရင် ဘယ်တော့မှ ကျုပ်ကိုဒဏ်ရာရအောင် လုပ်နိုင်ခဲ့မှာမဟုတ်ဘူး။ ၂... ကျုပ်ကိုသူ့လက်ဝါးနဲ့ ရိုက်ထုတ်နိုင်ခဲ့တာတောင်မှ ကျုပ်သေသွားအောင် မစွမ်းသေးဘူး။ ၃... ခင်ဗျားလည်း ကျုပ်ကိုသတ်နိုင်လိမ့်မယ်လို့ ထင်မထားပါနဲ့။”
သံမဏိပုလွေလူကြီးသည် ကျယ်လောင်စွာရယ်မောလိုက်ပြီး- “မင်းဟာသိပ်ကို မောက်မာတဲ့ လူငယ်လေးပါလား။”
ရုတ်တရက်ပင် သူအရယ်ရပ်လိုက်ပြီး- “မင်းကဒဏ်ရာရထားမှတော့ ကျုပ်ကမင်းကို မတိုက်သင့်တော့ပါဘူး။ ဒါပေမဲ့ မင်းဟာ ကိုယ့်ကိုယ်ကို သိပ်ပြီးအထင်ကြီးလွန်းနေတော့ကာ သင်ခန်းစာပေးလိုက်ရမှဖြစ်မယ်။”
သူသည်စကားအများကြီးပြောခဲ့ပြီးပြီမှန်း အားဖေနားလည်လိုက်၏။ ထို့ကြောင့်နောက်ထပ် ဘာကိုမျှ ထပ်မပြောချင်တော့ပါ။
သံမဏိပုလွေလူကြီး-“မင်းကဒဏ်ရာရထားတဲ့သူဆိုတော့ ကျုပ်ကမင်းကို ၃ ကွက်ကျော ပေးလိုက်ပါ့မယ်။”
အားဖေသည် သူ့ကိုနားမလည်သလိုကြည့်နေလိုက်ပြီး ရယ်မောနေလိုက်၏။
သူရယ်မောနေရာမှ သူ၏ဓားကို ခါးကြားတွင်းသို့ ပြန်လည်ထိုးသွင်းလိုက်၏။
သံမဏိပုလွေလူကြီး-“ကျုပ်နဲ့တွေ့ပြီးတဲ့နောက် မင်းကိုယ်မင်း အသက်ရှင်လျက်ထွက်သွား နိုင်လိမ့်မယ်လို့များ ထင်နေလား။”
အားဖေသည် အေးစက်စွာပင်ပြန်လည်ချေပလိုက်၏။ “ကျုပ်ထွက်မသွားခဲ့ရင် ခင်ဗျားသေရလိမ့်မယ်။”
သံမဏိပုလွေလူကြီးသည် သဘောကျစွာရယ်မောလိုက်ပြီး- “ဘယ်သူကသေရမှာလဲ... မင်းလား... ကျုပ်လား။”
အားဖေ-“ဘယ်သူမှ ကျုပ်ကို ၃ ကွက်ကျောပေးပြီး မတိုက်ခိုက်နိုင်ဘူး။”
“ကျုပ်ကပေးမယ်ဆိုရင်ကော... ကျုပ်သေသွားရမှာလား။”
“ဟုတ်တယ်...”
သံမဏိပုလွေလူကြီး-“ဒါဆိုရင် မင်းဘာကို စောင့်နေတာလဲ။ ကြိုးစားကြည့်လိုက်ပါလား။”
အားဖေသည် စကားဆက်မပြောတော့ပါ။ ဘေးတစောင်းလှည့်နေလိုက်ပြီး ထိုလူကြီးကို ကြည့်နေလိုက်၏။
သံမဏိပုလွေလူကြီးသည် သူ၏တစ်သက်တာတွင်ဤမျှ စူးရဲသောအကြည့်ပိုင်ရှင်မျိုးကို မတွေ့ခဲ့ဖူးချေ။
ထိုမျက်လုံးများတွင် စိတ်လှုပ်ရှားမှုဆို၍ လုံးဝမတွေ့ရချေ။ ကျောက်တုံးတစ်တုံးအလား ငြိမ်သက်နေ၏။ ထိုမျက်လုံးများက ကြည့်နေလိုက်သည်ဆိုလျှင် နတ်ဘုရားတစ်ပါးက လူသားတစ်ယောက်ကို ကြည့်နေသော အကြည့်များကဲ့သို့ပင်။
သံမဏိပုလွေလူကြီးသည် နောက်သို့ခြေလှမ်းအချို့ ဆုတ်ခွာသွားခဲ့၏။
ဤအချိန်၌ပင် အားဖေ လှုပ်ရှားလာလေသည်။
သူ၏ဓားကတိုက်ခိုက်ပြီဆိုသည်နှင့် သူ့ရန်သူအားဘယ်တုန်းကမှ အလွတ်ပေးရိုးထုံးစံမရှိစေရ။ ဤသည်မှာ အားဖေ၏ခံယူချက်ဖြစ်၏။ သူသာ သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုအပြည့်မရှိဘူး ဆိုလျှင် ဓားကိုဆွဲထုတ်ခဲ့မည်မဟုတ်ချေ။
နှင်းပွင့်များနှင့် မက်မုံရွက်များက လေထဲသို့ လွင့်ပျံသွားခဲ့ပြီး လှပသောမြင်ကွင်းလေးတစ်ခု ဖြစ်ပေါ်လာလေသည်။ သံမဏိပုလွေလူကြီး၏ခန္ဓာကိုယ်သည် နှင်းဖတ်များကြားတွင် ယိမ်းထိုးနေကာ စည်းချက်ညီစွာဖြင့် ဓားချက်ကို ရှောင်တိမ်းနေ၏။
အားဖေသည်လှည့်၍ပင် ကြည့်မနေတော့ပါ။ သူ၏ဓားသည် ခါးကြားတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
သံမဏိပုလွေလူကြီးသည် နောက်သို့ခုန်ဆုတ်သွားခဲ့၏။ သူ၏လှုပ်ရှားမှုများက လိပ်ပြာတစ်ကောင် ပျံဝဲသွားလိုက်သလိုပင် ပေါ့ပါးလှ၏။ နှင်းပြင်ပေါ်၌ သွေးကွက်များထင်ကျန်နေရစ်ခဲ့၏။
အားဖေသည် နှင်းပြင်ပေါ်သို့စိုက်၍ကြည့်နေလိုက်ပြီး- “ဘယ်သူမှ ကျုပ်ကို ၃ ကွက်ကျော မပေးနိုင်ဘူး။ ၁ ကွက်ကျောတောင်မှ မပေးနိုင်သေးဘူး။”
သံမဏိပုလွေလူကြီးသည် သစ်ပင်တစ်ပင်၌ မှီပြီးရပ်နေ၏။ သူ၏မျက်နှာသည် ဖြူဖွေးနေလေသည်။ သူ့ရင်ဘတ်တွင် သွေးများဖြင့်စိုရွှဲနေ၏။
သူ၏ကျော်ကြားလှသော သံမဏိပုလွေအား ထုတ်သုံးခွင့်ပင် မရခဲ့ချေ။
အားဖေ-“ခင်ဗျားဘာလို့မသေရတာလဲဆိုတော့ ခင်ဗျားရဲ့စကားကိုခင်ဗျား ထိန်းသိမ်းထားခဲ့လို့ပဲ။”
“ခင်ဗျားဟာ ရှင်းမယ်ထက်တော့ ပိုပြီး ကတိတည်ပါတယ်။”
ရှင်းမယ်သည် အားဖေကို ဘယ်တော့မှ ဒဏ်ရာရအောင်ပြုလုပ်မည်မဟုတ်ဟု ပြောခဲ့လေသည်။ သူတို့၏ ဝင်္ကပါတိုက်ကွက်မှ အားဖေလွတ်သွားလျင် အားဖေကို အသက်ရှင်လျက် ထွက်ခွာသွားခွင့်ပေးမည်ဟု ပြောခဲ့သည်။ သို့သော် အားဖေ၏နောက်ကျောဘက်မှ ရှင်းမယ်သည် တိတ်ဆိတ်စွာ တိုက်ခိုက်ခဲ့၏။ ဤအချက်မှာ အားဖေအတွက် တစ်သက်စာ သင်ခန်းစာပင် ဖြစ်တော့၏။
သံမဏိပုလွေလူကြီး-“မင်းမှာ ၂ ကွက်ကျန်သေးတယ်။”
“နောက်ထပ်၂ကွက်... ဟုတ်လား...”
သံမဏိပုလွေလူကြီးသည် သူ၏နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး- “ကျုပ်က ၃ ကွက်လို့ပြောခဲ့တာပဲ။ မင်းတစ်ကွက်ပဲ အသုံးပြုခဲ့ရသေးတယ်။”
“ကောင်းပြီလေ...”
အားဖေသည် ဖြေးညင်းပေါ့ပါးစွာ တိုက်ခိုက်လိုက်၏။ သံမဏိပုလွေလူကြီးသို့ လက်သီး၂ ချက် ထိမှန်သွားခဲ့၏။ “ကျုပ်ရဲ့တိုက်ခိုက်မှုက ၃ ကွက်ပြည့်သွားပြီ... ဟုတ်ပြီလား...”
တစ်ချိန်ထဲမှာပင် တိုးညှင်းသောလေတိုးသံများကို အားဖေကြားလိုက်ရပြီး ‘အေးစိမ့်မုန်တိုင်း ကြယ်ပွင့်အပ်ပျံ’များ ၁ဝ ချောင်း သံမဏိပုလွေလူကြီး၏ ပုလွေထဲမှ တိုးထွက်လာခဲ့၏။
သံမဏိပုလွေလူကြီး၏ ဖြူရော်နေသောမျက်နှာတွင် သွေးရောင်များပြန်လည်လွှမ်းလာခဲ့ပြီး- “ဒီနေ့တော့ ကျုပ်အတွက်သင်ခန်းစာ ကောင်းကောင်းတစ်ခုရလိုက်တယ်။ ဘယ်တော့မှ ဘယ်သူ့ကိုမှ ၃ ကွက်ကျောပေးပြီး မတိုက်ခိုက်ဖို့ဆိုတာပဲ။ မင်းလည်းသင်ခန်းစာ ယူသင့်တယ်။ မင်းကတိုက်ခိုက်ပြီဆိုရင် မင်းရဲ့ရန်သူကို ဘယ်တော့မှ အသက်ရှင်သန်ခွင့်မပေးသင့်ဘူး။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ တိုက်ခိုက်မှုကို မစတင်တာအကောင်းဆုံးပဲ။”
အားဖေသည် သူ၏နှုတ်ခမ်းများကို ဖိကိုက်ထားလိုက်ပြီး သူ့ခြေထောက်တွင် စိုက်ဝင်နေ သော အပ်ချောင်းလေးကို ကြည့်နေလိုက်၏။ ထို့နောက်သူ၏သွားကြားမှ စကားလုံးတစ်လုံးချင်း ထွက်ပေါ်လာ၏။ “ကျုပ်ဘယ်တော့မှ မမေ့ဘူး။”
သံမဏိပုလွေလူကြီး-“ကောင်းတယ်။ မင်းသွားနိုင်ပြီ။”
အားဖေမှဘာမျှပြန်မပြောလိုက်နိုင်ခင်မှာပင် အဝေးတစ်နေရာဆီမှ လူသံအချို့ကို ကြားလိုက်ရ၏။
“ဆရာကြီး- သံမဏိပုလွေဆရာကြီး... သူ့ကိုဖမ်းမိထားပြီလား။”
သံမဏိပုလွေလူကြီးသည် အားဖေကို လောလိုက်၏။ “မြန်မြန်သွားတော့။ မင်းကို ကျုပ်က မသတ်နိုင်ခဲ့ပေမယ့်လည်း တခြားသူတွေရဲ့လက်ချက်နဲ့တော့ မင်းကိုမသေစေချင်ဘူး။”
အားဖေသည် ချက်ချင်းပင် တရွတ်တိုက်ထွက်ခွာသွားခဲ့၏။
သူ့ခြေထောက်များက မလှုပ်ရှားနိုင်သော်လည်း သူ့လက်နှစ်ဘက်က လှုပ်ရှားနိုင်နေသေး၏။
သူ၏လည်ချောင်းတွင်းမှ သွေးများပျို့၍တက်လာသည်ကို နာကျင်စွာခံစားလိုက်ရ၏။ အပြင်သို့ထွက်မကျလာအောင် ပြန်မျိုချနေသည်မှာ နာကျင်လွန်းလှ၏။
သူ့ကိုလူတွေက လိုက်မရှာခဲ့လျှင်တောင်မှ သိပ်ကြာကြာနေရမည့်ပုံမပေါ်။ ဤအချိန်၌ လီဆွန်းဟွာကိုသာ တွေ့ချင်နေပြီး သူအကောင်းဆုံးကြိုးစားခဲ့ကြောင်းကို ပြောပြချင်နေမိတော့သည်။
ထိုအချိန်၌ပင် သူ့ကိုယ်ပေါ်သို့ အရိပ်တစ်ခုကျရောက်လာခဲ့လေသည်။
+++++
လောင်ရှောင်း၄ယွန်သည် လီဆွန်းဟွာအား ကြည့်နေ၏။ လီဆွန်းဟွာ၏ ချောင်းဆိုးနေခြင်းအား ပြီးဆုံးသည်အထိ သူစောင့်နေလိုက်၏။ ထို့နောက် လီဆွန်းဟွာအား အရက်တစ်ခွက်ကို ကမ်းပေးလိုက်သည်။
ထိုအရက်ခွက်ကုန်သွားသောအခါ လီဆွန်းဟွာက ပြုံးပြလိုက်ပြီး- “အစ်ကိုကြီး… တစ်စက်မှ မဖိတ်စင်ခဲ့တာ တွေ့တယ်နော်။ ဇောက်ထိုးအဆွဲခံထားရတာတောင်မှ အစ်ကိုကြီးယူလာပေးတဲ့ အရက်ကို ကုန်အောင် ကျနော်သောက်နိုင်တယ်။ တွေ့လား။”
လောင်ရှောင်း၄ယွန်သည် ပြန်လည်ပြုံးပြလိုက်ချင်သော်လည်း မပြုံးပြနိုင်ခဲ့ချေ။ “မင်းကို ငါ သွေးကြောတွေပြန်ဖွင့်ပေးမယ်။”
လီဆွန်းဟွာ-“ကျနော့် သွေးကြောတွေ ပြန်ပွင့်သွားရင် ထွက်ပြေးချင်စိတ်ပေါက်လာလိမ့်မယ်။”
လောင်ရှောင်း၄ယွန်-“အခု ဒီမှာဘယ်သူမှရှိမနေကြဘူး။ ကျုပ်ဘာလုပ်ပေးချင်နေတယ်ဆိုတာ မင်းမသိဘူးလား။”
လီဆွန်းဟွာသည် သူ့စကားကိုဖြတ်ပြောလိုက်၏။ “အစ်ကိုကြီး- ကျနော်ဘာလုပ်ချင်နေလည်း ဆိုတာကိုကော သိရဲ့လား။”
လောင်ရှောင်း၄ယွန်-“ကျုပ်... ကျုပ်...”
လီဆွန်းဟွာက ပြုံးပြလိုက်၏။ “အစ်ကိုကြီးဘာပြောချင်နေလဲဆိုတာ ကျနော်သိပါတယ်ဗျာ။ အစ်ကိုကြီး ဘာတစ်ခုမှ အမှားမလုပ်ခဲ့ပါဘူး။ ဒီအရက်တစ်ခွက်အတွက် ကျနော်တို့ရဲ့ခင်မင်မှုကို ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူးဗျာ။”

0 comments:
Post a Comment