နဂိုကတော့ လီဆွန်းဟွာ စကားပြန်ပြောရန် အစီအစဉ်မရှိပါ။ သို့သော် မှတ် ချက်လေးတော့ ချလိုက်ချင်သေးသည်။ “ဒါပေမဲ့ လူတစ်ယောက်က သိပ်ပြီးဉာဏ် သွားထက်မြက်နေရင်... သိထားတာတွေသိပ်များနေရင် သူဟာလည်းတစ်နေ့ကျရင် အရူးတစ်ယောက်အသွင် ပြောင်းသွားနိုင်တာပဲ မဟုတ်လား။”
လောင်ရှောင်း၄ယွန်-“ဟုတ်ပါ့မလား။”
လီဆွန်းဟွာ-“အဲ့ဒီအချိန်ကျရင် လူ့ဘဝသက်တမ်းတိုလေးအတွင်းမှာ ရူးနေရ ခြင်းက ပိုပြီးတန်ဘိုးရှိတယ်လို့ သူထင်မြင်လာလိမ့်မယ်။ တစ်ချို့လူတွေအတွက်က တော့ ရူးချင်ပေမယ့်လည်း မရူးတတ်ကြဘူး။ အဲ့ဒီအတွက် သူတို့ နောင်တရကောင်း ရနေကြလိမ့်မယ်။”
လောင်ရှောင်း၄ယွန်က ပြုံးပြလိုက်သည်။ “ကျုပ်ကတော့ အဲဒီလောက်လည်း ဉာဏ်မကောင်း... မထက်မြက်လို့ နောင်တရစရာအကြောင်းမရှိဘူးထင်ပါတယ်။”
သူ့ထံတွင် နောင်တရခြင်းဆိုသည်မှာ လုံးဝမရှိနိုင်ပါ။ မည်သည့်အရာကိုမျှ လည်း နောင်တရရန်အကြောင်းမရှိ။
အဘယ်ကြောင့်ဆိုသော် သူရရှိရမည့် နောင်တများကို အခြားသူများအပေါ်သို့ လွှဲချထားခြင်းကြောင့်ဖြစ်လေသည်။
လီဆွန်းဟွာ အတန်ကြာစဉ်းစားခန်းဝင်နေလိုက်ပြီး ခေါင်းငုံ့ထားကာ အရက် ခွက်ထဲမှ အရက်များကို ဖြည်းညှင်းစွာ စုပ်သောက်နေလိုက်၏။
လောင်ရှောင်း၄ယွန်က သူ့ကိုကြည့်နေ၏... စောင့်ဆိုင်းနေခြင်းပင်။
လီဆွန်းဟွာ အရက်ကိုဖြည်းညှင်းစွာသောက်နေပြီဆိုလျှင် သူ့ထံတွင်အရေးကြီး ပြောစရာစကားများ ရှိ၍ဖြစ်ကြောင်း သူသိထားလေသည်။
အတန်ကြာသောအခါ လီဆွန်းဟွာ၏ ခေါင်းပြန်မော့လာပြီး ပြောဆိုလိုက်၏။ “အစ်ကိုကြီး...”
လောင်ရှောင်း၄ယွန်က အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်သည်။
လီဆွန်းဟွာ-“ကျနော့်ရင်ထဲမှာ ပြောစရာစကားတွေရှိနေတယ်။ ဒါပေမဲ့ ပြော သင့်မပြောသင့်ဆိုတာ ကျနော်ဆုံးဖြတ်လို့ မရနိုင်သေးဘူး။”
လောင်ရှောင်း၄ယွန်-“ဆက်ပြောပါကွာ...”
လီဆွန်းဟွာ-“ကျနော်တို့တွေ မိတ်ဆွေတွေဖြစ်ခဲ့ကြတာ နှစ်ပေါင်းမနည်းတော့ ဘူးနော်။”
လောင်ရှောင်း၄ယွန်-“မိတ်ဆွေတွေမဟုတ်ပါဘူး။ သွေးသောက်ညီအစ်ကိုတွေ ပါ။”
လီဆွန်းဟွာ-“ကျနော် ဘယ်လိုလူစားမျိုးလဲဆိုတာ အစ်ကိုကြီးသိမယ်လို့ထင် ပါတယ်။”
လောင်ရှောင်း၄ယွန်-“ကျုပ်သိပါတယ်။”
သူပြောလိုက်သောစကားက တစ်ခွန်းထဲပင်ဖြစ်လင့်ကစား ထိုစကားကို အရှည် ကြီးဆွဲပြီးမှ ပြောလိုက်ခြင်းဖြစ်၏။ ထိုစကား၏နောက်ကွယ်၌ အရှက်ရခြင်းခံစားမှု များ ပါဝင်နေလေသည်။
သူသည်... နောက်ဆုံးတော့ လူသားတစ်ဦးပင်မဟုတ်ပါလား။
လူတစ်ယောက်တွင် အနည်းဆုံး တစ်ချိန်ချိန်တွင်တော့ လူသားဆန်သည့် စိတ် ဓာတ်လေးများ ထွက်ပေါ်လာတတ်သေးသည် မဟုတ်ပါလား။
လီဆွန်းဟွာ-“အစ်ကိုကြီးအနေနဲ့ တစ်ခုခုဖြစ်စေချင်တယ်ဆိုရင် ကျနော့်ကို ပွင့် ပွင့်လင်းလင်း ပြောပြနိုင်ပါတယ်။ ကျနော်လုပ်ပေးနိုင်တဲ့အရာအားလုံးကို လုပ်ပေး ပါ့မယ်။ ကျနော် တကယ်လုပ်ပေးမှာပါ။”
လောင်ရှောင်း၄ယွန် သူ့အရက်ခွက်ကို ဖြည်းညှင်းစွာမြှောက်လိုက်ပြီး သူ့မျက် နှာကို ကွယ်ထားလိုက်သည်။
လီဆွန်းဟွာ လုပ်ဆောင်ပေးခဲ့သည်များက သူ့အတွက် မရေမတွက်နိုင်အောင် ပင် များပြားလွန်းလှသည်။
အတော်လေးကြာသောအခါမှ သက်ပြင်းမောကြီးချပြီး ပြောဆိုလိုက်သည်။ “မင်း ဘာကိုဆိုလိုချင်တာလဲ ကျုပ်သိပါတယ်။ ဒါပေမဲ့... အချိန်ဆိုတဲ့အရာကြီးက တစ်ချို့တစ်ချို့သော အရာတွေကို ပြောင်းလဲသွားစေတယ်မဟုတ်လား။”
လီဆွန်းဟွာ၏မျက်နှာထက်တွင် ကျေနပ်ဝမ်းသာသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့လေသည်။ “ကျနော်တို့နှစ်ယောက်ကြားမှာ အထင်အမြင်လွဲမှားနေ တာ တစ်ခုခုများရှိနေလို့လားဗျာ...”
လောင်ရှောင်း၄ယွန် သံယောင်လိုက်ရေရွတ်မိလိုက်၏။ “အထင်အမြင်လွဲမှား တာ...”
လီဆွန်းဟွာ-“ဟုတ်တယ်။ အထင်အမြင်လွဲမှားတာ။ တချို့ကိစ္စတွေမှာ ကျနော့် အပေါ် အစ်ကိုကြီးအထင်မမှားသင့်ဘူး။”
လောင်ရှောင်း၄ယွန်၏မျက်နှာ သွေးဆုတ်ဖြူရော်သွားခဲ့ရ၏။ အတော်လေးကြာ သောအခါမှ ပြောဆိုလိုက်သည်။ “ဒါပေမဲ့ တစ်ခုတည်းသောအကြောင်းအရာမှာ တော့ အထင်အမြင်လွဲမှားတာမဖြစ်နိုင်ဘူး။”
လီဆွန်းဟွာ-“ဘာအကြောင်းအရာများလဲ...”
မေးခဲ့ပြီးမှ လီဆွန်းဟွာ ဤမေးခွန်းအတွက် နောင်တရမိသွား၏။
ဤမေးခွန်း၏အဖြေကို သူသိနေခဲ့သင့်သည်မဟုတ်ပါလား။ ဖခင်ဖြစ်သူသည် အရေးကြီးသောစကားများ ပြောဆိုလာတော့မည်ကို ရိပ်မိလိုက်သော လောင်ရှောင်း၃ ယွန်သည် တိတ်တိတ်လေး ထွက်ခွာသွားတော့သည်။
လောင်ရှောင်း၄ယွန်သည် အတော်ကြာကြာလေး တိတ်ဆိတ်နေခဲ့သေးသည်။ ပြီးမှ သူ့စကားကို ပြန်ဆက်လိုက်သည်။ “ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ မင်းဘဝက ပျော်စရာမကောင်းခဲ့ဘူးဆိုတာ ကျုပ်သိပါ တယ်။”
လီဆွန်းဟွာ-“လူတော်တော်များများပဲ နောင်တတွေနဲ့ နေထိုင်နေကြတာပဲ။ မဆန်းပါဘူးဗျာ။”
လောင်ရှောင်း၄ယွန်-“ဒါပေမဲ့ မင်းရဲ့နောင်တတွေကတော့ တခြားလူတွေထက် ပိုပြီးဆိုးတယ်။”
“ဘာကြောင့်လဲဆိုတော့ မင်းသိပ်ချစ်တဲ့ မိန်းမကို တခြားသူတစ်ယောက်ရဲ့ ရင် ခွင်ထဲမှာ ဇနီးမယားအဖြစ် မင်းထားသွားခဲ့တယ်။”
လီဆွန်းဟွာ၏လက်များ တုန်ရီလာသောကြောင့် အရက်များဖိတ်စင်သွားခဲ့ရ လေသည်။
လောင်ရှောင်း၄ယွန်-“ဒါပေမဲ့ မင်းရလိုက်တဲ့နောင်တဆိုတာ သိပ်ပြီးမလေးနက် သေးပါဘူးကွာ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ နောက်လူတစ်ယောက်အ တွက် ပေးဆပ်ခဲ့ရတယ်ဆိုရင် သူ့အနေနဲ့ဂုဏ်ရှိပါတယ်။ သူဖြေသာပါတယ်။”
ထိုစကားလုံးများက ထက်မြက်ပြတ်သားလှသည်။ လက်ခံနိုင်စရာလည်း ကောင်း၏။
မှန်ပါသည်။ သို့သော်အခြေအနေတိုင်းအတွက်တော့ အကြုံးမဝင်နိုင်ပါ။
လောင်ရှောင်း၄ယွန်၏လက်များကလည်း တုန်ခါနေကြသည်။ “ဒါပေမဲ့ နောင် တရခြင်းဆိုတာရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို မင်းမသိသေးဘူးလို့ထင်တယ်။”
လီဆွန်းဟွာ-“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”
လောင်ရှောင်း၄ယွန်-“လူတစ်ယောက်အတွက် သူ့ဇနီးမယားဟာ တခြားသူက ပေးကမ်းစွန့်ကြဲခဲ့တာလို့ သိလိုက်ရတာ... သူ့ဇနီးမယားက အဲ့ဒီလူကိုမှ တမ်းတမ်းစွဲ ချစ်နေသေးတယ်ဆိုတာ သိလိုက်ရတာ... အဲ့ဒါတွေကမှ လောကကြီးမှာ အနာကျင် ဆုံးခံစားရတဲ့ နောင်တတွေပဲ။”
မှန်ပါသည်။
နောင်တရခြင်းမကတော့ပါ။ အရှက်ကွဲခြင်းလည်း ပါဝင်ပါသည်။
ပုံမှန်အတိုင်းဆိုလျှင် ယောက်ျားတစ်ယောက်အတွက် ဤစကားများကို ထုတ် ဖော်ပြောမည့်အစား အသေသာခံသွားမည်။ အဘယ်ကြောင့်ဆိုသော် ထုတ်ဖော်ပြော ရန် လွန်စွာမှပင် နာကျင်ခံစားရသောကြောင့်ပင်ဖြစ်လေသည်။
မည်သူမျှ မိမိကိုယ်ကို ဤလောက် အရှက်ကွဲခံ... နာကျင်မှုဝေဒနာခံစားရပြီး ထုတ်ဖော်ပြောဆိုလိမ့်မည်မဟုတ်ပါ။
သို့သော် လောင်ရှောင်း၄ယွန်ကတော့ ထုတ်ဖော်ပြောဆိုနေသည်။ လီဆွန်းဟွာ ကို ထုတ်ဖော်ပြောဆိုနေသည်။
လီဆွန်းဟွာ၏ နှလုံးသားတစ်ခုလုံး ကြေမွသွားရလေတော့သည်။
ထိုစကားလုံးများမှ အချက် ၂ ချက်ကို သူနားလည်လိုက်သည်။ (၁) လောင် ရှောင်း၄ယွန်ကိုယ်တိုင် နောင်တကြီးစွာ ရရှိခံစားနေရသည်။ ထို့ကြောင့်ပင် သူ ပြောင်းလဲသွားခဲ့ရသည်။ တမဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။ လောင်ရှောင်း၄ ယွန်နေရာတွင် အခြားသူတစ်ယောက်ဆိုပါကလည်း ဤသို့ပင် ပြောင်းလဲသွားပေ လိမ့်မည်။
လောင်ရှောင်း၄ယွန်ကို လီဆွန်းဟွာ ကိုယ်ချင်းစာသနားသွားသည်။
(၂) လောင်ရှောင်း၄ယွန်မှ ဤစကားများကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သော ကြောင့် သူအသက်ရှည်ရှည်နေနိုင်တော့မည်မဟုတ်။ သေခြင်း ရှင်ခြင်းတရားများ ကို လီဆွန်းဟွာ ဘယ်တုန်းကမျှ ခေါင်းရှုပ်ခံပြီး မစဉ်းစားခဲ့ဘူးချေ။ သို့သော် ယခုအချိန်တွင် သေဆုံးရန် သူ့ဘက်ကအဆင်သင့်ဖြစ်နေပြီလော...
သူတို့နှစ်ယောက် စကားများများပြောဆိုခဲ့ခြင်းမရှိပါ။
သို့သော် ပြောခဲ့သောစကားလုံးတိုင်းသည် သေသေချာချာစဉ်းစားပြီး ဖြည်း ဖြည်းအေးအေး ပြောခဲ့ကြခြင်းဖြစ်၏။
ယနေ့ တိမ်ထူထပ်သည်။ မိုးချုပ်တော့မည်။
ညမမှောင်သေးသော်လည်း ကောင်းကင်တစ်ခွင်လုံး မည်းမှောင်လာလေတော့ သည်။
လောင်ရှောင်း၄ယွန်၏ အမူအယာများက ကောင်းကင်ပြင်ကြီးထက်ပင် ပို၍ မည်းမှောင်နေ၏။
အရက်ခွက်ကို မြှောက်ကိုင်လိုက်သည်။ ပြီးနောက် ပြန်ချလိုက်ပြန်၏။ ထပ် မြှောက်လိုက်ပြန်သည်။ ပြန်ချလိုက်ပြန်၏။
သူအရက်မသောက်နိုင်လို့လား... မဟုတ်ပါ။ အရက်မသောက်ချင်ခြင်းသာဖြစ် ၏။ အရက်သောက်ပြီးသွားလျှင် စိတ်ကြွလာတတ်သည်မှာ လူတော်တော်များများ အတွက်မှန်ကန်လေသည်။ လူအေးတစ်ယောက်ပင်လျှင် အရက်သောက်ပြီးသော် စိတ်ကြွလာတတ်ပြီး ခံစားမှုများကိုအခြေခံ၍ ဆုံးဖြတ်ချက်များ မှားယွင်းသွားနိုင် သည်မဟုတ်ပါလား။
အချိန်အတော်ကြီးကြာသောအခါမှ လောင်ရှောင်း၄ယွန်ထံမှ စကားသံထွက်ပေါ် လာသည်။ “ဒီစကားတွေကို ကျုပ်ဒီနေ့မပြောခဲ့သင့်ဘူး။”
လီဆွန်းဟွာက အားတင်းပြုံးပြီးနှစ်သိမ့်လိုက်သည်။ “လူတိုင်းလူတိုင်းပဲ မပြော သင့်တဲ့စကားတွေ ပြောမိတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လူသားတစ်ယောက် ဖြစ်နေတာကိုး...”
လောင်ရှောင်း၄ယွန်-“ဒီနေ့ မင်းကိုဒီနေရာကို ခေါ်ထားတာကလည်း ဒီစကား တွေပြောပြဖို့မဟုတ်ဘူး။”
လီဆွန်းဟွာ-“ကျနော် သိပါတယ်။”
လောင်ရှောင်း၄ယွန်-“မင်းကိုဘာဖြစ်လို့ ဒီနေရာကို ဖိတ်ခေါ်ခဲ့တာလဲသိလား။”
လီဆွန်းဟွာ-“ကျနော်သိပါတယ်။”
ပထမဆုံးအကြိမ်အဖြစ် လောင်ရှောင်း၄ယွန် အံ့အားသင့်သွားရသည်။ “မင်းတ ကယ် သိတာလား။”
လီဆွန်းဟွာ-“ကျနော်သိပါတယ်။”
လောင်ရှောင်း၄ယွန်၏ အမေးကိုနောက်တစ်ကြိမ်မစောင့်တော့ဘဲ လီဆွန်းဟွာ မေးမြန်းလိုက်သည်။ “တိမ်လွှာစံအိမ်တော်ထဲမှာ ရတနာပစ္စည်းတွေတကယ်ရှိနေ တယ်လို့ အစ်ကိုကြီးထင်လား။”
လောင်ရှောင်း၄ယွန် အတော်လေးစဉ်းစားပြီးမှ ဖြေဆိုလိုက်သည်။ “ရှိနေနိုင် တယ်။”
လီဆွန်းဟွာ-“ဘယ်နေရာမှာရှိနေနိုင်တယ်လို့ထင်လဲ။”
လောင်ရှောင်း၄ယွန်-“မင်းပိုသိမှာပေါ့။”
လီဆွန်းဟွာ-“အဲ့ဒါက ကျနော့်အတွက် ပြဿနာပဲ။”
လောင်ရှောင်း၄ယွန်-“ဘာပြဿနာလဲ။”
လီဆွန်းဟွာ-“ပြဿနာက... ကျနော်မသိသင့်တဲ့အရာအားလုံးကို သိနေပြီး ကျ နော်သိထားရမယ့်အရာအားလုံးကို မသိဘူး။”
လောင်ရှောင်း၄ယွန် ပါးစပ်ပိတ်သွား၏။
လီဆွန်းဟွာ-“တကယ်တမ်းပြောရရင် ဒီရတနာပစ္စည်းအကြောင်းကို အစ်ကို ကြီးက ပိုသိသင့်ပါတယ်။ ကောလာဟလလွှင့်ခဲ့တဲ့ သတင်းတစ်ပုဒ်ဆိုတာ အစ်ကို ကြီးသိမှာပါ။”
လောင်ရှောင်း၄ယွန်က စိတ်ဆိုးဒေါသထွက်စွာ ဖြတ်ပြောလိုက်သည်။ “ကျုပ် မင်းကိုယုံတယ်။ ကျုပ်ကို မင်းလိမ်ပြောမှာမဟုတ်ဘူး။”
လီဆွန်းဟွာကို အဓိပ္ပါယ်ရှိသောအကြည့်များဖြင့်ကြည့်နေပြီးမှ ဆက်ပြောနေ လိုက်သည်။ “ဒီလောကကြီးထဲမှာ တစ်ယောက်သောသူကိုသာ ယုံကြည်ရမယ်ဆိုရင် အဲဒီလူဟာ မင်းပဲ။ ကျုပ်မှာရှိတဲ့မိတ်ဆွေတွေထဲက တစ်ယောက်တည်းသောမိတ်ဆွေ သာကျန်ရှိနေမယ်ဆိုရင်လည်း အဲဒီလူဟာမင်းပဲ။ ကျုပ်ပြောခဲ့သမျှစကားတွေက လိမ်ပြောခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခုဒီစကားတွေကတော့ အမှန်တရားတွေ ပါ။”
လီဆွန်းဟွာသည် လောင်ရှောင်း၄ယွန်ကို စိုက်ကြည့်နေလိုက်ပြီးမှ ပြောဆို လိုက်သည်။ “ကျနော် ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့...”
သူစကားပြောရပ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ချောင်းအဆက်မပြတ် ဆိုးလာသောကြောင့်ပင်။
ချောင်းဆိုးနေခြင်းရပ်နားသွားသောအခါမှ လောင်ရှောင်း၄ယွန်က သူ့စကားကို ဆက်ဖြည့်ပြောလိုက်သည်။ “မင်းကျုပ်ကိုယုံကြည်တာ ဘာဖြစ်လို့လဲဆိုတော့ မင်း ဟာ ကျုပ်အတွက်အသုံးမဝင်တော့လို့ပဲမဟုတ်လား။ မင်းကိုကျုပ်အနေနဲ့ လှည့်ဖြား စရာ ဘာအကြောင်းမှမရှိတော့လို့မဟုတ်လား။”
ဆိတ်ဆိတ်နေခြင်းဖြင့် လီဆွန်းဟွာ ဝန်ခံလိုက်သည်။
လောင်ရှောင်း၄ယွန် မတ်တတ်ထရပ်လိုက်ပြီး စားပွဲကိုပတ်လျှောက်နေလိုက် သည်။
ပန်းခြံထဲတွင် သူ့ခြေသံများမှအပ မည်သည့်အသံမျှမထွက်ပေါ်နေပါ။ သူ့ခြေ သံများက လေးလံသည်ထက်လေးလံလာခဲ့သည်။ သူစိတ်လှုပ်ရှားနေ၍လား... လီ ဆွန်ဟွာကိုပဲ သူစိတ်လှုပ်ရှားနေကြောင်းပြသချင်၍လား...
ထို့နောက် သူရပ်တန့်လိုက်သည်။ လီဆွန်းဟွာရှေ့တည့်တည့်တွင် ရပ်တန့် လိုက်သည်။ “မင်းကို ကျုပ်သတ်လိမ့်မယ်လို့ ထင်နေတယ်မဟုတ်လား။”
လီဆွန်းဟွာ၏အမူအယာများက တည်ငြိမ်လွန်းနေသည်။ မယုံကြည်နိုင် လောက်အောင်ပင် တည်ငြိမ်နေ၏။ “အစ်ကိုကြီး ကျနော့်ကို ဘာပဲလုပ်လုပ်ပါ။ ကျ နော် အစ်ကိုကြီးကို အပြစ်မမြင်ပါဘူး။”
လောင်ရှောင်း၄ယွန်-“ဒါပေမဲ့ မင်းကိုကျုပ်မသတ်ပါဘူး။”
လီဆွန်းဟွာ-“ကျနော်သိပါတယ်။”
လောင်ရှောင်း၄ယွန်-“မင်းသိနေမှာပေါ့။ ကျုပ်အကြောင်းကို အူမချေးခါးမကျန် မင်းသိနေတာပဲ။”
ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောဆိုနေလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ မင်း ကို ကျုပ်သတ်ခဲ့တယ်ပဲထားဦး... သူ့အချစ်ကို ဒီတစ်သက်ကျုပ်မရနိုင်တော့ပါဘူး။ သူ ကျုပ်ကိုပဲပိုပြီး မုန်းတီးသွားမှာပေါ့။”
လီဆွန်းဟွာက သက်ပြင်းမောကြီးတစ်ချက်ချလိုက်သည်။ “လူ့ဘဝမှာ ကိုယ်မ ထိန်းချုပ်နိုင်တဲ့အရာတွေ ရှိနေပါသေးတယ်။”
မထိန်းချုပ်နိုင်သောအရာ...
ရိုးရိုးရှင်းရှင်းစကားလုံးလေးပင် ဖြစ်သော်ငြားလည်း ဘဝတွင် အနာကျင်ဆုံး... အခံရအခက်ဆုံးအရာလည်းဖြစ်နေပြန်၏။
ထိုအရာကို တွေ့နေရသည်... မတိုက်ထုတ်နိုင်။ မခံစားနိုင်။ ဘာပဲလုပ်လုပ်... ဘယ်လိုပဲ ကြိုးစားကြိုးစား... သင့်လက်ထဲတွင် မရှိနေပါ။ သင့်ထိန်းချုပ်မှုအောက် တွင် မရှိနေပါ။ သင်မထိန်းချုပ်နိုင်သောအရာဖြစ်လေသည်။
လောင်ရှောင်း၄ယွန်သည် လက်သီးကိုကျစ်ကျစ်ပါအောက်ဆုပ်ထားပြီး ပြောဆို လိုက်သည်။ “ကျုပ်မင်းကိုမသတ်နိုင်ဘူး။ ဒါပေမဲ့ အလွတ်ပေးလိမ့်မယ်လို့လည်း မထင်ထားနဲ့။”
လီဆွန်းဟွာ ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ်က ခင်ဗျားအတွက် အသုံးဝင်နေသေးတာကိုး...”
ထိုစကားများကို လီဆွန်းဟွာ မပြောခဲ့ပါ။
လောင်ရှောင်း၄ယွန် မည်သို့ပင်သူ့ကို နှိပ်စက်နေသည်ဖြစ်စေ... သစ္စာဖောက် နေသည်ဖြစ်စေ... လောင်ရှောင်း၄ယွန်အား နာကျင်ခံစားစေမည့် မည်သည့်စကားကို မျှ သူပြောထွက်လိမ့်မည်မဟုတ်ပါ။
လောင်ရှောင်း၄ယွန်သည် သူ့လက်သီးများကို ပို၍ကျစ်ကျစ်ပါအောင် ဆုပ်ထား လိုက်သည်။ လီဆွန်းဟွာရှေ့မှောက်တွင် သူသည်ဘာကောင်မှမဟုတ်ပါ။ သူ့ကိုယ် သူ သိမ်ငယ်စွာခံစားနေရလေသည်။
ထို့ကြောင့်ပင်ဖြစ်မည်။ လီဆွန်းဟွာ၏ အတိုင်းအဆမဲ့သော မိတ်ဆွေကောင်း စိတ်ဓာတ်က သူ့နှလုံးသားကို မပျော့ပြောင်းလာစေခဲ့ပါ။ သူ့ဒေါသကို ပို၍ဆွပေးနေ သလိုပင်။
လီဆွန်းဟွာကို နာကျည်းစွာကြည့်ပြီး ပြောဆိုလိုက်သည်။ “မင်းကို လူတစ် ယောက်နဲ့တွေ့ပေးဖို့ ကျုပ်ခေါ်သွားမယ်။ ဒီလူက မင်းကိုတွေ့ချင်နေတာ တော်တော် လေးကြာပြီ။ မင်းလည်း သူ့ကိုတွေ့ချင်လိမ့်မယ်လို့ထင်ပါတယ်။”
+++++
အလွန်ကြီးသော ခန်းမကျယ်ကြီးတစ်ခု...
အခန်း၏အရွယ်အစား မည်မျှပင်ကြီးမားနေသည်ဖြစ်စေ ပြတင်းပေါက်တစ်ခု တည်းသာရှိနေ၏။ သေးငယ်သောပြတင်းပေါက်လေးတစ်ခု... ခပ်မြင့်မြင့်တစ်နေရာ တွင်ရှိနေ၏။
ပြတင်းပေါက်ကို ဖွင့်ထားသော်လည်း အပြင်ဘက်မှ လောကကြီးကို မတွေ့မြင် နိုင်ပါ။
တံခါးပေါက်သည် သေးငယ်၏။ လူတစ်ယောက်သည် ကျယ်ပြန့်သော ပခုံးနှစ် ဘက်ရှိသည်ဆိုပါက ထိုတံခါးအတိုင်းဝင်လာရန်မှာ ဘေးတိုက်ဝင်လာမှပင်ဖြစ် မည်။
တံခါးသည်လည်း ပွင့်နေ၏။
နံရံတစ်ခုလုံးကို ဆေးဖြူသုတ်ထားသည်။ ထူထပ်စွာ သုတ်ထားသည်။ ဆေး သားနောက်ကွယ်မှ နံရံသည် သံမဏိနံရံလော... ကျောက်တုံးနံရံလော... အုတ်နံရံ လော... မည်သူမျှမသိနိုင်ပါ။
အခန်းထောင့်တွင် အိပ်ယာ ၂ ခုရှိနေသည်။
သစ်သားကုတင်နှင့် ဝါးခင်းအိပ်ယာများ...
ဝါးပြားများပေါ်တွင် အိပ်ယာခင်းများရှိနေသည်။ လွန်စွာမှပင် သန့်ရှင်းသပ်ရပ် နေ၏။ အရိုးရှင်းဆုံးလည်း ဖြစ်နေပြန်သည်။
အိပ်ယာ၂ခုအပြင် အခန်းထဲတွင် ကြီးမားသော စားပွဲကြီးတစ်လုံး ရှိနေလေ သည်။
စားပွဲပေါ်တွင် စာရင်းစာအုပ်များ... စာရွက်စာတမ်းများ... ရေးသားစရာ ပစ္စည်း ပစ္စယများ စီရီစွာတင်ထား၏။
စားပွဲခုံရှေ့တွင် လူတစ်ယောက်ထိုင်နေ၏။ စာရင်းစာအုပ်များပေါ်တွင် စုတ်တံ တစ်ချောင်းဖြင့် ရေးမှတ်နေ၏။ တခါတရံတွင် သူ့မျက်နှာပေါ်၌ ခပ်ပြုံးပြုံးလေး ဖြစ်နေ၏။
သူ မတ်တတ်ရပ်နေခြင်းဖြစ်သည်။
ထိုင်ပြီးအလုပ်လုပ်မည်ဆိုပါက သက်တောင့်သက်သာ ဖြစ်နေမည်ဟု သူထင် ထားလေသည်။ လူတစ်ယောက်သည် သက်တောင့်သက်သာဖြစ်နေပါက အမှားများ စွာ ပြုလုပ်မိပေလိမ့်မည်။
သူ မည်သည့်အခါမျှ သက်တောင့်သက်သာ အနားမယူပါ။
သူ မည်သည့်အခါမျှ အမှားမပြုလုပ်ပါ။
သူ မည်သည့်အခါမျှ မရှုံးနိမ့်ဖူးပါ။
သူ့နောက်တွင် တစ်စုံတစ်ယောက် ရပ်နေ၏။
ထိုသူသည် ပို၍ပင် မတ်မတ်ရပ်နေသေးသည်။ လှံတံတစ်ချောင်း ထောင်ထား သည့်အတိုင်းပင်။
ထိုနေရာ၌ပင် မတ်တတ်ရပ်နေ၏။ မည်မျှကြာကြာရှိနေပြီမှန်း မည်သူမျှမသိ။ သူကိုယ်တိုင်လည်း မသိသလို... သူ့လက်ချောင်းလေးများကိုပင် လှုပ်ရှားခြင်းမရှိ။
ခြင်တစ်ကောင် ပျံဝဲလာသည်။ သူ့မျက်နှာနားတွင် ရစ်ဝဲနေ၏။
သူ့မျက်တောင်များပင် မခတ်သွားခဲ့ချေ။
ခြင်ကောင်သည် နှာခေါင်းပေါ်တွင် ရပ်နားလိုက်ပြီး သွေးစုပ်နေ၏။
သူ တုတ်တုတ်မျှပင်မလှုပ်။
သူ့ထံတွင် မည်သည့်ခံစားချက်မျှ မရှိနေပါ။ နာကျင်မှုမရှိသလို ပျော်ရွှင်မှု လည်းမရှိနေပါ။
မည်သည့်အတွက်ကြောင့် ရှင်သန်နေမှန်း သူကိုယ်တိုင်ပင် သိပါလေစ...
0 comments:
Post a Comment